ကြားဖြတ်ရွေးကောက်ပွဲအတွက် CNDP မဲဆွယ်စည်းရုံးရေးစတင်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) ပါတီက ချင်းပြည်နယ် ထန်တလန်မြို့တွင် မဲဆွယ်စည်းရုံးမှုစတင်နေပြီဟုသိရသည်။

လစ်လပ်မဲဆန္ဒနယ်မြေ တစ်နေရာသာရှိသော ချင်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ထန်တ လန်မြို့နယ် တွင် ကျင်းပမည်ဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ဒေါ် Za Tlem ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဦး Bawi Khing နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဦး Zo Peng တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

candidate for by election

၎င်းတို့ (၃) ဦးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး နိုင်ငံတော်ဒုတိယ သမ္မတ(၂)အဖြစ် တင်မြောက်ခံခဲ့ရသော ဦးဟင်နရီဗန်ထီးယူ၏ လစ်လပ်သွားသည့် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒေါ် Za Tlem သည် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေး ကောက်ခံရသည့် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင် ကာ ဆုံးနိမ့်ခဲ့ပြီး ယခုတစ်ခါ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အလားတူ ဦး Zo Peng သည်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုံးနိမ့်ခဲ့သူဖြစ်သည်။ ဦး Bawi Khing မှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ လွှတ်တော်ကိုယ်စား လှယ်အသစ်ဖြစ်ပြီး ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများအားလုံးသည် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်သော မဲဆန္ဒနေရာ အားလုံးတွင် ဆုံးနိမ့်ခဲ့ကြသည့်အတွက် ယခုကြားဖြတ်ရွေးကောက်ပွဲသည် ချင်းပါတီများအတွက် ဖက်ဒရယ်နှင့်အမျိုးသား ရေး ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ရေးလမ်းကြောင်းတံခါးဖြစ်သည်ဟု CNDP ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“တိုင်းရင်းသားပါတီတွေထဲမှာပေါ့ဗျာ ချင်းနဲ့ ကယာကတော့ လူမျိုးစုကိုယ်စားပြုနိုင်ငံရေးပါတီတွေကနေ လွှတ်တော်အမတ် တွေမရှိဘူးလေ၊ မရှိတဲ့အခါကျတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်းဘဲ ကျနော်တို့ တက်ရောက်ခွင့်မရှိဘူးပေါ့၊ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့အနိုင်ရရှိခြင်းအားဖြင့်ပေါ့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကနေတဆင့်ပေါ့ ဒီဖက်ဒရယ်နဲ့အမျိုးသားရေးကို ထဲထဲဝင်ဝင်ပါဝင် နိုင်တဲ့လမ်းကြောင်းတံခါးကပွင့်သွားမယ်လေ၊ ဆိုတဲ့အခါကျတော့ ဒီတနေရာက ကျနော်တို့အတွက် အရမ်းအရေးကြီးတယ်’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

CNDP ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်ခုတည်းသော ချင်းပါတီဖြစ်သည်။