အမျိုးသမီးများ အသက်မွေးသင်တန်းများကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဟု မွန်ကြီးချုပ် ပြော

အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အသက်မွေးသင်တန်းများကို ကောလိပ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးသွားမည်ဟု သြဂုတ်လ ၂၀  ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်ကွက်၊ အာသောက ရာမရန်ကုန်ကျောင်းတိုက်တွင် ကျင်းပသည့် စုစေတနာ(အခမဲ့)အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မွန်ပြည်နယ်ကြီးချုပ် ဒေါက်တာအေးဇံက…
  • ခုနှစ်

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အာမခံပေးရန် လွှတ်တော်နှစ်ရပ် သဘောတူ

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ကိုပြင်ဆင်ထားသောဥပဒေကြမ်းထဲမှ အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံရသူများကို အာမခံပေးနိုင်သည့် အချက်ကို  အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးက သဘောတူလိုက်ပြီဖြစ်သည်။
  • ခုနှစ်

ကချင်​ပြည်​နယ်​ လီဆူစစ်​​ရှောင်​စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ သွားပို့ခွင့်မရခဲ့ဟုဆို

ကချင်ပြည်နယ် နယ်/ လုံ ၀န်ကြီးလက်မှတ်မပါသောကြောင့် ကချင်​ပြည်​နယ်​၊ ဆဒုံးမြို့နယ်​ခွဲရှိ လီဆူစစ်​​ရှောင်​စခန်းသို့ ပို့ဆောင်မည့် ရိက္ခာများ ပို့ခွင့်မရရှိခဲ့ကြောင်း သွားရောက်လှူဒါန်းရာတွင်ပါဝင်သည့် ၈၈မျိုးဆက်​(ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မီးမီးကပြောသည်။
  • ခုနှစ်

ကဆုန့် စစ်ဘေးရှောင်များ နေရပ်ပြန်တော့မည်

ရက်သတ္တပတ်ကျော်ကြာ စစ်ဘေးရှောင်ခဲ့ရသော ကဆုန့် စစ်ဘေးရှောင် ၁၀၀၀ ကျော် မနက်ဖြန် သြဂုတ်လ ၂၂ ရက်နေ့တွင် မိမိနေရပ်သို့ ပြန်နိုင်တော့မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
  • ခုနှစ်

အမျိုးသားရေးအစွန်းရောက်မှုများကို အရေးယူရာတွင် ဖွဲ့စည်းပုံအရ အခက်အခဲရှိနေဟုဆို

အမျိုးသားရေး အစွန်းရောက်များ၏ လှုပ်ရှားမှုများကို အစိုးရက အရေးယူဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခက်အခဲတစ်ချို့ရှိနေသည်ဟု ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်က ပြောကြားလိုက်သည်။
  • ခုနှစ်

ထိုင်းသို့ တရားမဝင် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးကို နေရပ်ပြန်ပို့မည်

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးကို သြဂုတ် ၂၀ ရက်နေ့တွင် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အမှတ် (၉) လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံက…
  • ခုနှစ်

မွန်ပြည်သစ်နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုအခြေအနေ လျော့ကျ

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ လျော့ကျမှုများရှိနေပြီး အကောင်းဘက်သို့ ဦးတည်နေပြီ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
  • ခုနှစ်

တပ်မှစွန့်လွှတ်ပြီးမြေများ ဆက်လက်သိမ်းခံနေရ

စိုက်ပျိုးမြေများဆက်လက်တိုးချဲ့သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသဖြင့် မြဝတီမြို့နယ်၊ ၅ရပ်ကွက်၊ ရေပူစမ်းကျေးရွာရှိတောင်သူများမှ သြဂုတ်လ ၁၈ရက်က ရေပူစမ်းကျေးရွာဓမာရုံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
  • ခုနှစ်

ဝ ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်းမရှိသည့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်များသည် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဌာနချုပ် ဖြစ်သည့် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေးနေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့က…
  • ခုနှစ်

ကျပ်သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သည့်ပစ္စည်းနှင့် ပိုးသတ်ဆေးများ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန်းနီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ကျပ်သိန်း ၁၄ဝဝကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများနှင့် ပိုးသတ်ဆေးများကို သြဂုတ်လ ၁၇ရက်နေ့ နေ့လည် ၂နာရီ အချိန်၊ လားရှိုးရှိ အကောက်ခွန်ဌာနတွင် လမ်းကြိတ်စက်ဖြင့် ကြိတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို…
  • ခုနှစ်

ရေမြောင်းများ ဖောက်လုပ်ထားပါက နိုင်လွန်ကတ္တရားလမ်းများ ချက်ချင်းခင်းပေးမည်ဟု မွန်ဝန်ကြီးချုပ် ဆို

မော်လမြိုင်မြို့ ၊ မြိုင်သာယာရပ်ကွက်ရှိ သမိန်းဗရမ်းလမ်းရှိ ပြည်သူများက မိမိ၏ နေအိမ်ရှေ့အသီးသီး၌ ရေမြောင်းများ ဖောက်လုပ်ထားရှိပါက ပြည်နယ်အစိုးအနေဖြင့် နိုင်လွန်ကတ္တရာလမ်းများ ချက်ချင်းခင်းပေးမည်ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
  • ခုနှစ်

WFP ၏ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးမှု ၅၀ ရာခိုင်နှုန်းလျှော့ချမည်

ကမ္ဘာ့စားနပ်ရိက္ခာ ဖြန့်ဖြူးရေးအဖွဲ့ WFP မှ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းပေါင်း ၁၅ ခုတို့တွင် ထောက်ပံ့ပေးမှု များ ပြုလုပ်လျှက်ရှိနေရာ ယခုသြဂုတ်လမှ စတင်ဘာလအထိ နှစ်လတာ ကာလအတွင်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။
  • ခုနှစ်
Subscribe to this RSS feed