တိုင်းရင်းစာပေ ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရေး ပဲခူးတိုင်း စာယဉ်ကော်မတီများ တောင်းဆို

တိုင်းရင်းသားစာပေများကို ကျောင်းချိန်အတွင်း သင်ကြားခွင့်ပြုရေးအတွက် ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုကော်မတီများက မတ်လ ၃၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ပြုလုပ်သည့် တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုသင်ကြားရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
  • ခုနှစ်

အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ

မလေးရှားကရင်အဖွဲ့အစည်း(MKO) အဖွဲ့ဝင်အမျိုးသမီးများမှ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့သည်။
  • ခုနှစ်

အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလနှင့် အမေရိကန် ကြိုဆို

အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂနှင့် အမေရိကန်သံရုံးတို့က ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။
  • ခုနှစ်

တိုင်းရင်းသားအဖွဲ့များ အားလုံးပါဝင်းခြင်း ရှိမရှိက အပစ်အခတ် ရပ်စဲစာချုပ် လက်မှတ်ရေးထိုးရေး ကြီးမားသော စိန်ခေါ်မှုဖြစ်လာနိုင်

တစ်နိုင်ငံလုံးဆိုင်ရာ  အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို နှစ်ဖက်သဘော တူညီစွာ  အပြီးသတ်ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သော်လည်း လက်မှတ်ရေးထိုးရာတွင် ပါဝင်လာမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက်သည် လက်မှတ်ထိုးရေးအတွက် ကြီးမားသော စိန်ခေါ်ချက်ဖြစ်သည်ဟု NCCT ပထမခေါင်းဆောင်…
  • ခုနှစ်

ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော

တပ်မတော်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို နိုင်ငံရေးဆွေးနွေးပွဲများတွင် လက်ခံမည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များက ပြောသည်။
  • ခုနှစ်

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အစည်းအဝေး လူမစုံ၍ မလုပ်ဖြစ်ခဲ့

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army -FUA) ၏ အစည်းအဝေးကို မတ်လ ၂၈ရက်နှင့် ၂၉ရက်တွင် ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း…
  • ခုနှစ်

ဖွဲ့စည်းပုံအခြေခံဥပဒေ မမျှတပါက ရွေးကောက်ပွဲ မျှတမည်မဟုတ်ဟု ဒေါ်စု ထောက်ပြ

လာမည့် ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရှိဖြင့် နိုင်ငံရေးပါတီများ ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များ တစ်ဖက်စောင်းနင်း မဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
  • ခုနှစ်

ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွါး

တရုတ်ပြည် ထုန့်မော(၀်)ဒေသ ရွှေလီမြို့အနီး သျှမ်းလူမျိုးစု အများဆုံး နေထိုင်သည့် နောင်ငင်းရွာ၌ ၀က်သား ဈေးဝယ် ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှုတစ်ခု မတ်လ ၂၉ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တရုတ်ပြည်ရောက်…
  • ခုနှစ်

ထိုင်းရောက် ပန်းရောင်ကဒ်ကိုင် အလုပ်သမားများ တစ်နှစ်စာ သက်တမ်းတိုးရန် ဧပြီလတွင် စတင်မည်

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားများအား တစ်နှစ်သက်တမ်းရှိ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် အပန်းရောင်ကဒ် ကိုင်ဆောင်သူများကို ဧပြီလ ၁ရက်နေ့မှစ၍ တစ်နှစ်သက်တမ်း စတင်တိုးပေးတော့ မည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
  • ခုနှစ်

သုံးနှစ်ကြာ ဆွေးနွေးခဲ့ရသည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ပါအချက်အားလုံး သဘောတူညီမှုရပြီ၊ စာချုပ်ချုပ်မည့်ကာလကိုမူ မသတ်မှတ်ရသေး

တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေးချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့်  (NCCT)တို့ ဆွေးနွေးလျှက်ရှိသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ပါ အချက်များကို မတ်လ ၃၀ရက်ကသဘောတူညီမှု ရရှိခဲ့သည်။
  • ခုနှစ်

လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံရမှု ၂၈ လ ပြည့်ပြီဖြစ်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပေါ် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သူများအား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွဲခဲ့သည့်အပေါ် တရားခံ ဖော်ထုတ်ပေးရန်  မတ်လ ၂၉ရက်နေ့တွင် သိမ်ကြီးဈေးရှေ့မှ မြို့တော်ခန်းမရှေ့ထိ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။
  • ခုနှစ်

အပစ်ရပ်ဆွေးနွေးပွဲသို့ လွတ်တော်သည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရန် ကြိုးပမ်းနေဟု သူရ ဦးရွှေမန်း သဝဏ်လွှာပို့

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရန်ကုန်မြို့  ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပလျက်ရှိသည့် သတ္တမအကြိမ် ၇ ရက်မြောက် ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ကာ…
  • ခုနှစ်
Subscribe to this RSS feed