ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ မြတန်ဆောင်း (ဘက) ကျောင်းသို့ လှူဒါန်းသည့် အ၀ီစိတွင်းနှင့် ရေတိုင်ကီ တူးဖော်တပ်ဆင်ပြီးစီး

နယ်သာလန်အခြေစိုက် ၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်သစ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးသင်ကျောင်းအတွက် လှူဒါန်းခဲ့သည့် အ၀ီစိတွင်းမှာ တူးဖော်ပြီးစီးသွားပြီ ဖြစ်ကာ ရေတိုင်ဂီ၊ မော်တာနှင့် ရေပိုက်များမှာလည်း တပ်ဆင်ပြီးစီးသွားပြီဟု သိရသည်။

“မြတန်ဆောင်းကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အဆင်ပြေပြေ ပညာသင်ကြားနိုင်ဖို့အတွက် အခုလိုမျိုး လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ၂/ ၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသိန်းအောင်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အ၀ီစိတွင်း၊ ရေတိုင်ဂီနှင့် ရေပိုက်များကို ရခိုင်အမျိုးသားရေးအတွက် လှုပ်ရှားနေသူ အမျိုးသားရေး နိုင်နိုင်မှ တစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

nrj2102၁၀ သိန်းကျပ်တန်ဖိုးရှိတဲ့ အ၀ီစိတွင်း၊ ရေတိုင်ဂီနဲ့ ရေပိုက်တွေကို တပ်ဆင်ပေးနေပါတယ်။ အ၀ီစိတွင်းနဲ့ ရေတိုင်ဂီ၊ ရေပိုင်တွေလည်း တပ်ဆင်ပြီးစီးပါပြီ”ဟု အမျိုးသားရေးနိုင်နိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲထောင်ထဲတွင် အကျဉ်းကျခံနေရသူများအတွက်လည်း အမျိုးသားရေး နိုင်နိုင်မှ တစ်ဆင့် မကြာသေးမီက ငွေကျပ် ၇ သိန်းဖို့ ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းကို နယ်သာလန်ရောက် ရခိုင်တပ်မတော်မှ ရဲဘော်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသားရေးအတွက် လိုအပ်သည့်နေရာများတွင် တတ်နိုင်သလောက် ပံ့ပိုးကူညီနေသည့် အဖွဲ့ ဖြစ်သည်။ ယခင်ကလည်း ရခိုင်ပြည်နယ် နေရာဒေသ အသီးသီးတွင် အကူအညီများ ပေးအပ်ထားပြီးဖြစ်သည်ဟု လေ့လာသိရှိရသည်။

(ဓါတ်ပုံ-အမျိုးသားရေးနိုင်နိုင်)