နေရပ်မစွန့်ခွာဘဲ ကြံ့ကြံ့ခံနေသူများကို ရသေ့တောင်မြို့နယ်အသင်း (စစ်တွေ)က ငွေကျပ် သိန်း ၇ဝ ကျော်ထောက်ပံ့

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

အကြမ်းဖက်မှုကြောင့် နေရပ်မစွန့်ဘဲ မိမိကျေးရွာများတွင် ကြံ့ကြံ့ခံနေထိုင်သူများကို ရသေ့တောင်မြို့နယ်အသင်း (စစ်တွေ)က ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု အသင်းတာဝန်ရှိသူများက ပြောသည်။

“ကျွန်တော်တို့ကိုယ့်လူမျိုးတွေ ကိုယ့်ဒေသကိုမစွန့်ခွာဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြတဲ့သူတွေကို တကယ့်ကို လေးစားတဲ့ အနေနဲ့ပေါ့လေ။ နောက်လည်း အခုလို ကြံ့ကြံ့ခံပြီး ကိုယ့်လူမျိုးတွေ ကိုယ့်နယ်မြေတွေကို မဆုံးရှုံးမနစ်နာရအောင် အများကြီးကာကွယ်လိုတဲ့ စိတ်ဆန္ဒနဲ့ အခုလိုသွားရောက်ကူညီပံ့ပိုးပေးရတာဖြစ်ပါတယ်”ဟု အသင်း၏ ဒုတိယဥက္ကဋ္ဌ(၂)ဖြစ်သူ ဦးထွန်းအောင်စိန်က နိရဉ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့နယ်အသင်း (စစ်တွေ)သည် ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်မစွန့်ခွာဘဲ ကိုယ့်ရပ်ကိုယ်ရွာတွင် သတ္တိရှိရှိ ကာကွယ်နေထိုင်သူများကို အဓိက ဦးစားပေး ထောက်ပံ့သည်ဟုလည်း သိရသည်။

အဆိုပါအသင်းသည် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်ရှိ ပိတောက်မြိုင်၊ သဇင်မြိုင်၊ အောင်ဇေယျကျေးရွာများနှင့် မောင်တောနယ်မှ ရောက်ရှိလာသည့် ကျေးရွာများနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ စက်တင်ဘာလအတွင်းက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရသေ့တောင်မြို့နယ်အတွင်းမှ မြို့ပေါ်သို့ပြောင်းရွှေ့ရောက်ရှိလာကြသည့် မိသားစုဝင်များကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုတန်ဖိုးအားလုံးမှာ ကျပ်သိန်း ၇ဝ ကျော်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ရသေ့တောင်မြို့နယ်အသင်း (စစ်တွေ)က ၁၂ သိန်းမတည်ပြီး စစ်တွေရှိ အသင်းသူ/သားများထံမှ ထည့်ဝင်လှူဒါန်းငွေများဖြစ်သည်ဟုဆိုသည်။