မိုင်းရှူးက ကျေးရွာအုပ်စု ၃ ခု ကြားဖြတ်ရွေးကောက်ပွဲမကျင်းပရန် NLD တောင်းဆိုမှုမအောင်

သျှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အချို့မှာရွေးကောက်ပဲမကျင်းပပဲ ဖျက်သိမ်း ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကတောင်းဆိုထားသော်လည်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် မဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြောင်း သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ပြောသည်။
  • ခုနှစ်

မိုင်းရှုး NLD အလုပ်အမှုဆောင် ကျားခေါင်းပါတီ SNLD သို့ ပါတီဝင်အဖြစ် ကူးပြောင်း

ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း စိုင်းထွန်းထွန်းဦးမှာ မိခင်ပါတီကနေနှုတ်ထွက်ပြီး ကျားခေါင်းပါတီဝင်အဖြစ် ကူးပြောင်းခဲ့ကြောင်း ကျားခေါင်းပါတီ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။
  • ခုနှစ်

ကျိုင်းတုံသို့ ကျားခေါင်းပါတီဥက္ကဌ မဲဆွယ်စည်းရုံးရေးဆင်းမည်

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး ကျိုင်းတုံသို့ စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်းသိရသည်။
  • ခုနှစ်

လူထု ဆန့်ကျင်ကွက်သည့်ကြား မိုင်းကိုင်မြို့နယ်အတွင်း ကုမ္ပဏီမှကျောက်မီးသွေးများဆက်တူးနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လယ်ယာပိုင်ရှင် ဒေသခံ ၅၀ဝ ကျော် စုပေါင်း လက်မှတ်ရေးထိုးကာ ဆန့်ကျင်ကန့်ကွက်ထားသော်လည်း ကုမ္ပဏီများက ကျောက်မီးသွေးများအား ဆက်လက်တူးဖေါ်နေသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။
  • ခုနှစ်

မိုင်းရှူးရှိနယ်မြေအားလုံးတွင် ရွေးကောက်ပွဲကျင်းပသင့်ကြောင်း ကျားဖြူအပါဝင် ပါတီငယ်များမှ ကော်မရှင်ထံတင်ပြ

မိုင်းရှူးရှိ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ မကျင်းပရန် NLD ပါတီမှ တင်ပြထားမှု များရှိလင့်ကစား ပြည်သူလူထုမျက်နှာကို စာနာထောက်ထားသည့်အနေဖြင့် နယ်မြေအားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် ကျားဖြူပါတီ အပါအဝင် ပါတီငယ်များက တင်ပြထားကြောင်းသိရသည်။
  • ခုနှစ်

SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းတွင် ကျားဖြူပါတီ မဲဆွယ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းတည်ရှိရာ ကျေးသီးမြို့ နယ်လည်း ပါဝင်နေရာ ဝမ်ဟိုင်းကျေးရွာအုပ်စုတွင်လည်း မဲရုံထားရှိမည်ဖြစ်သောကြောင့် မတ်လ ၂၂ ရက်နေ့က ကျားဖြူပါတီမှ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း ကျားဖြူပါတီ…
  • ခုနှစ်

ရွေးကောက်ပွဲ မနိုင်နိုင်သောကြောင့် လက်နက်ကိုင်များအား ဖိအားပေးသည်ဟု NLD စွပ်စွဲခြင်းဖြစ်ကြောင်း SSPP/SSA ပြော

NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်အလယ်ပိုင်း မဲဆန္ဒနယ်များတွင် အနိုင်ရနိုင်ခြေ မရှိသဖြင့် လက်နက်ကိုင်များအနေဖြင့် မဲဆွယ်စည်းရုံးမှုကို ဖိအားပေးသည်ဟု စွပ်စွဲနေခြင်းဖြစ်သည်ဟု SSPP/SSA တာဝန်ရှိသူက ပြောဆိုသည်။
  • ခုနှစ်

သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်းနှင့် နည်းဥပဒေများပြန်လည်ရေးဆွဲပြဌာန်း နိုင်ရေး သျှမ်းအမတ်တင်သွင်း

သျှမ်းပြည်မြို့တော်တောင်ကြီး၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္ဓမပုံမှန် အစည်းအဝေးမှ သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်း နှင့် နည်းဥပဒေများ ပြန် လည်ရေးဆွဲပြဌာန်းနိုင်ရန် အတွက် တိုက်တွန်းခြင်း အဆိုကို မတ် ၂၁…
  • ခုနှစ်

သီပေါမြို့ရဲစခန်း၏နယ်မြေအတွင်း ကျူးကျော်တဲဟု စွပ်စွဲခံရသူများ ဖယ်ရှားမှုမပြုပါက ဖမ်းဆီးအရေး ယူမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြော

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရဲတပ်ဖွဲ့ပိုင်မြေတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ ကျူးကျော်နေထိုင် လာသူအား ပြောင်းရွှေ့ခိုင်းမှုအပေါ် မလိုက်နာပါက ဖမ်းဆီးအရေးယူမည်ဟု နယ်စပ်ရေးရာဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော်တွင်ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
  • ခုနှစ်

ရွေးကောက်ပွဲကော်မရှင်ထံ NLD စာတင်မှုကြောင့် မိုင်းရှူးမဲဆန္ဒရှင် ၄၀ဝ၀ ကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးဖွယ်ရှိ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းအုပ်စုသုံးခုအား လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်နယ် မြေဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် လုံခြုံမှုမရှိဟုဆိုကာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲကော်မရှင်ထံ စာတင်မှုကြောင့် မိုင်းရှူးမြို့နယ် ကျေးရွာအုပ်စု ၃ ခု…
  • ခုနှစ်

လွှတ်တော်ရုံး သီးသန့်ဝန်ထမ်း ပြောင်းလဲခန့်အပ်သွားရန် သျှမ်းပြည်နယ် လွှတ်တော် ဉက္ကဌ ပြော

လွှတ်တော်ရုံး အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လွှတ်တော်ရုံးသီးသန့်ဝန်ထမ်း အဖြစ် ခန့်အပ်ထားရှိသွားနိုင်ရန် သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ စိုင်းလုံဆိုင်က မတ် ၂၀ ရက်နေ့က ပြန်လည်စတင် သည့် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
  • ခုနှစ်

SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းရှိဒေသခံများ ဝမ်ဟိုင်းအထက်တန်းကျောင်းနှင့်ပါခီးလမ်းခွဲတွင် မဲသွားပေးရမည်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းအုပ်စုလည်း ပါဝင်နေရာ မဲပေးပိုင်ခွင့်ရှိသူ အုပ်စုသားများ အတွက် ဝမ်ဟိုင်းကျေးရွာတွင် မဲပုံးထောင်မည်ဖြစ်ကြောင်း သိရသည်။
  • ခုနှစ်
Subscribe to this RSS feed