SSPP/SSA နယ်မြေအတွင်း စစ်ကြောင်းပို့၊ လမ်းဖေါက်ဖို့ ရလခတိုင်းမှူးပြော – မိုင်းရှူးမြို့နယ်တွင်တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်

လမ်းဖောက်လုပ်မည့်နေရာအား အကြမ်းဖျင်းပြသည့်မြေပုံ လမ်းဖောက်လုပ်မည့်နေရာအား အကြမ်းဖျင်းပြသည့်မြေပုံ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ရှိ SSPP/SSA သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း လမ်းဖေါက် ရန်အတွက် စစ်ကြောင်းများပို့လွှတ်မည်ဟု ခိုလမ်မြို့အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပြောကြောင်း ရလခ စစ်တိုင်းရုံး အသိုင်းအဝိုင်းကပြောသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ၂၀၁၇ ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု တိုင်းမှူး ဗိုလ်မှူးချုပ်သက်ထွန်းက သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်တော်များအား ဖိတ်ကြားတွေ့ဆုံကာ ပြောကြားခြင်းဖြစ် သည်ဟု သိရသည် ။

“ ဒီတိုင်းမှူးက အဲဒီဒေသကို ကျွမ်းကျွမ်းကျင်ကျင် ရှိတယ်။ မိုင်းနောင် အခြေ စိုက် စကခ ၂ မှူးလဲ တာဝန်ထမ်းဆောင်ဖူး တယ်လေ။ မြောက် ပိုင်းတိုက်ပွဲ မဖြစ်ခင်ကတည်းက လုပ်ဖို့ အစီအစဉ်ရှိတယ်။ မြောက်ပိုင်းကိစ္စကြောင့် ၊ အခု အဲဒီ့ဘက်ထိန်းနိုင်ပြီဆိုတော့ ပြန်လုပ်ဖို့ စတာ။ ” – ဟု ရလခ တိုင်းမှူး နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောသည် ။

မိုင်းရှူးမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ သျှမ်းပြည်တပ်မတော် ထိန်းချုပ် ထား သည့် နယ်မြေဖြစ် သည့် လွယ်နိုင်းတောင် မှ လွယ်ချိုတောင်သို့လည်းကောင်း၊ ထိုမှ တဆင့် သံလွင်မြစ် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့လည်းကောင်း ရလခ စစ်တိုင်းမှူးက လမ်းဖေါက်လုပ်လိုသည်ဟု ဆိုသည် ။

“ ဒီလမ်းက ကျနော်တို့ ၁၉၈၉ အပစ်စရပ်တဲ့ အချိန်ကတည်း ကျနော့်  ကျောက် ခင်းလမ်း ဖေါက်ထား တာ။ လွယ်ချိုတောင်ကို ၂၀၁၁ – ၁၂ တုန်းကလည်း တပ်မတော်ကနေ လာတိုက်ဖူးတယ်။ ကျနော်တို့ သဘောတူ မတူ ဗျူ ဟာ တခု စေလွှတ်ပြီးလမ်းဖေါက်မယ်တဲ့။ လာရင်တော့ တိုက်ပွဲက ဖြစ်မှာဘဲ။ ကြားဖြတ် ရွေးကောက်ပွဲ ကို ဖျက်လိုဖျက်ဆီးလုပ်လိုတယ်လို့ပဲမြင်တယ်” – ဟု ဌာနချုပ် ပြန်ကြားဌာန အရာရှိတဦးက ပြောသည် ။

၂၀၁၅ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကလည်း မိုင်းနောင် – ကျေးသီး၊ မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မဲဆန္ဒရှင် ၁ သိန်းခန့်က မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည်။ ထို့အတွက် လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမြို့နယ် နှစ်ခု အတွင်း လွှတ်တော် အမတ် ၆ ဦး ရွေးကောက် တင်မြှောက်မည်ဖြစ်ပါသည် ။