ရက်ပိုင်းအတွင်း လားရှိုး – သိန္နီကြား ရေပူဂိတ် စစ်ဆေးစခန်းပြန်ဖွင့်မည်

ဇန်နဝါရီ ၁၁ ရက် ၂၀၁၇ ခု မူစယ်ခရိုင် မူစယ် – နမ့်ခမ်း ကုန်သည်ကြီးများ အသင်းခန်းမ ၌ ပြည်နယ်၊ ခရိုင်အ ကောက် ခွန်မှူးများ ဌာနဆိုင်ရာများ၊ ကုန်သည်များအသင်းမှ အသင်းဝင်များ တက်ရောက်သည့် တွေ့ဆုံစဉ် – မကြာမှီ ရက်ပိုင်းအတွင်း သိန္နီမြို့နယ် ရေပူဂိတ် အမြဲတမ်းစစ်ဆေးရေးခန်း ဖွင့်လှစ်တော့ မည့်အကြောင်း အကောက်ခွန်တာဝန်ရှိက ရှင်းပြောကြားသည် ။

ဇန်နဝါရီ ၁၆ ရက် ၂၀၁၇ ခုနှစ် လာမည့် တနင်္လ࿿ာနေ့တွင် အဆိုပါ လားရှိုး – သိန္နီကြား ရေပူဂိတ် စစ်ဆေးရေးစခန်းအား ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုတွင် လည်းဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း၊ တရားမဝင်ကုန်စည်များအဓိက စစ်ဆေး မည်ဟု ဆိုသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိ ၁၁ ဌာန ချထားသွားမည်ဖြ စ်ကြောင်း ကြားသိရသည် ။

နမ့်ခမ်း – မူစယ် – လားရှိုး – မန္တလေး ကားဆရာ စိုင်းအိုက်ဟန် က – “မူစယ်အထွက် ၁၀၅ မိုင်မှာ စစ်တယ်။ မန္တလေးအဝင် ၁၆ မိုင်မှာ စစ်တယ်။ သိန္နီ ရေပူမှာ စစ်ဆေးရေးဂိတ်ထပ်ဖွင့်ရင် ခရီးသွားတွေ အတွက် ပိုပြီး အခက်အခဲ ဖြစ်စေတယ်။ အချိန်ကျန့်ကြာမှုပိုဖြစ်စေတယ်။ ဂိတ်ကြေးတွေလဲ ပိုပေးလာရမယ်ဆိုတော့ ဝင်ငွေက ဘာမှ ကျန်တော့မှာမဟုတ်ဘူး” – ဟု ပြောသည် ။

ပြန်လည်ဖွင့်လှစ်မည့် အဆိုပါ သိန္နီရေပူ ဂိတ်စခန်းတွင် တာဝန်ကျမည့် အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ထွန်းအောင် က – ဒီလိုပါ တရားမဝင် ကုန်စည် စီးဆင်းမှုတွေကို ထိန်းချုပ်ဖို့အ တွက်ကို အဆင့်အဆင့်တွေရှိတယ်။ ……. လတ်တလောအားဖြင့်တော့ ပထမအဆင့်ေ တာ့ ဒီချက်ပွိုင့် တွေမှာပြန်ပြီးတော့ တရားဥပဒေအရ ကုန်စည်ဝင်ထွက်မှုတွေ ကိုစစ်ဆေးထိန်းကျောင်းတဲ့ အပိုင်း စလုပ် မှာပါခင်ဗျ – ဟု ပြောသည် ။

၁၂ ဘီး ကား ဆရာ ဦးခမ်းအိုက် က – “မြန်မာ့အစိုးရ ဝန်ထမ်းတွေ အကျင့် ပျက်၊ ချစား၊ လဒ်စားနေ သရွေ့ တရားမဝင်တဲ့ကုန်၊ မှောင်ခိုကုန်တွေ ရှိနေဦးမှာဘဲ။ ကွက်ပြီး ကွင်းပြီး ရှောင်နေဦးမှာဘဲ။ အရင်က ရေပူဂိတ် မှာ၊ အေတီဂိတ်မှာ ရှောင်လမ်းက သူတို့ဘဲ ပြတယ်” – ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။

နအဖ အစိုးရ ခေတ်က လားရှိုးအဝင် ဝန်တင်တပ်ရင်းအနီး အေတီဂိတ်တွင် ဌာနပေါင်းစုံ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကြောင်း၊ လားရှိုးအဝင် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သိန္နီမြို့နယ်အဝင် နမ့်အွန်ရွာ နမ့်အွန် ဂိတ် ခေါ် ရေပူ ဂိတ် သို့ ပြောင်းရွေ့ကြောင်း၊ ဦးသိန်းစိန်အစိုးရ ခေတ်တွင် နမ့်အွန်ဂိတ် စစ်ဆေးရေး စခန်းကိုဖြုတ်သိမ်းပြီး မူစယ်အဝင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီး စစ်ဆေးရေးစခန်းကြီးတခုတာထားရှိရာမှ အခု NLD အစိုးရခေတ် ၌ ပြန်ဖွင့်ရန်စီစဉ်လာခြင်းဖြစ်သည် ။