NLD ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦး မုဒိမ်းမှုဖြင့်အမှုဖွင့် ခံရ

သျှမ်းပြည် တောင်ပိုင်း NLD ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးတော်မီအောင်အား ကလောမြို့မ ရဲစခန်း မှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့်ထားကြောင်း တောင်ကြီးခရိုင် NLD ဒုဥက္ကဌ ဦးဖိုးချိုထံမှသိရသည်။

ဦးတော်မီအောင် (အသက် ရဝ ကျော်) သည် ကလောမြို့တွင် ကျေးလက်ရတနာပညာ့ရိပ်သာ ဘော်ဒါဆောင်ဖွင့်လှစ်ထားပြီး ၄င်း အဆောင်တွင် အင်တောမှလာရောက်ပညာသင်ကြားနေသော နဝမတန်းကျောင်း သူတစ်ဦးအား ဇန်နဝါရီလ ၂၂ က အလိုမတူဘဲ သားမ ယားပြု ကျင့်သည်ဟုဆိုကာ ကာယကံရှင်အသိုင်းအဝိုင်းက ဇန်နဝါရီ (၃၀)ရက်နေ့က ကလောမြို့မရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ပြီး စခန်းမှ အထက်ပါပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကလော ဒေသခံများနှင့် သတင်း သမားများထံမှ သိရသည် ။

“ကာယကံရှင် မိသားစုတိုင်တန်းချက်အရ ဦးတော်မီအောင်ကို ပုဒ်နှစ် ခုနဲ့ အမှု ဖွင့် အရေးယူထားပါတယ် ။ ၃၇၆ – မုဒိမ်းမှု နဲ့ ပုဒ်မ ၃၆၃ အရွယ်မရောက်သေးသူကို ဖြားယောင်းသွေး ဆောင်မှု ပါ ။ အာမခံချက်ပေးလို့မရတဲ့အမှု ဖြစ်တဲ့အတွက် စခန်းမှာပဲ ထိန်းသိမ်းထားပါတယ် “ဟု ကလောမြို့မ ရဲစခန်းမှ စခန်းမှူး ဝင်းထွန်းကပြောသည် ။

“စစ်ဆေးနေတဲ့ကာလမှာ မှားတယ်မှန်တယ် ဘာမှပြောလို့မရသေးပါဘူး ။ ဒါဟာသံသယအဆင့်ပဲ ရှိပါသေးတယ် ။အမှန်တရားဖြစ်ဖို့အရေးကြီးပါတယ် ။ ပြစ်မှုထင်ရှားနေရင် ပါတီအနေနဲ့ အရေးယူမှာပါ ” ဟုတောင်ကြီးခရိုင် NLD ဒုဥက္ကဌ ဦးဖိုးချို ကလည်းပြောဆိုသည် ။

ဦးတော်မီအောင်သည် ၂၀၁၃ ခုနှစ် ပါတီညီလာခံ နောက်ပိုင်းမှစ၍ သျှမ်း၊တောင် NLD ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၄င်းထံမှဆက်လက်သိရှိရပါသည် ။