UNFC တပ်ပေါင်းစုမှာ ကေအိုင်အို နှုတ်ထွက်စာတင်ပြီးနောက် UNFC တပ်ပေါင်းစု အနေထား မေးခွန်းထုတ်စရာဖြစ်လာ

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့မှ ၄င်း ဥက္ကဌလုပ်နေသည့် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီမှနှုတ် ထွက်စာတင်ပြီးနောက် UNFC တပ်ပေါင်းစု အနေထားမှာ မေးခွန်းထုတ် စရာ ဖြစ်လာနေသည်ဟု အကဲခတ်များက ဆိုသည်။

KIA အနေဖြင့် အဖွဲ့ ၇ ဖွဲ့ကျန် UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ရန် လွန်ခဲ့သည့်အပတ်က ထွက်စာ တင်ခဲ့ခြင်းဖြစ် သည်ဟုလည်း ကေအိုင်အေအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ ကေအိုင်အေ ၊ သျှမ်းပြည်တိုးတက်ရေးပါတီ ၊ တို့မှာ မကြာသေးခင်က ကျင်းပခဲ့သည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နယ်မြေခြင်းဆက်စပ်နေသည့် အဖွဲ့များလည်း ဖြစ်သည်။

UNFC က KIA တဖွဲ့ထဲထွက်တာလား သျှမ်းမြောက်ပါထွက်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။

ကျနော့အမြင်ကတော့နိုင်ငံရေးအရဘဲစုဖွဲ့ပြီးမြေပြင်မှာစစ်ရေးအရပူးပေါင်းဆောင်ရွက်မှုနဲတော့ UNFC က စစ်တပ်နဲ့ခိုင်ခိုင် မာမာဆွေးနွေးနိုင် မှုအားနည်းပြီး တဖွဲ့ချင်းဆီအကြပ်အတည်းရောက်အောင် စစ်တပ်က လိုက်ဖိအားပေးရင် စုဖွဲ့မှုပုံစံပျက်သွားနိုင် တယ်ထင်တာပဲ ဟု ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်းနှင့် လူ့ဘောင်သစ်ပါတီ တာဝန်ရှိသူဖြစ်သည့် ဦးသက်မှူးက သုံးသပ်သည်။

UNFC အဖွဲ့အတွင်း အင်အားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ် သည့် SSPP/SSA သျှမ်းပြည်တပ်မ တော်မြောက်ပိုင်းမှာ UNFC မှ မထွက်ဟု တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ချုပ်စိုင်းထူးမှ မီဒီယာအချို့ကို ပြောထား သော်လည်း မြောက်ပိုင်းအဖွဲ့များအကြား တည်ရှိနေမှုကြောင့် စောင့်ကြည့်ရန် လိုအပ်ကြောင်းအကဲခတ်များက ဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်သည့် ကေအန်ပီပီ ၊ မွန်ပြည်သစ် ၊ အေအန်စီ ရခိုင် ၊ ၀ အမျိုးသားအဖွဲ့ချုပ် ၊ လားဟူ LDU ၊ အဖွဲ့တို့မှာ လက်မှတ်ရေးထိုးရန် အလားအလာကောင်းနိုင်သည်ဟု အစိုးရဘက်မှ ယူဆမှုများ ရှိနေ သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် ဗဟိုကော်မတီ အစည်းအဝေးများမှာ လက်ရှိအ ချိန်အထိ ကျင်းပနေဆဲဖြစ်သည်။

မွန်ပြည်သစ်က ဒီလ ၈ ရက်နေ့ ပြီးမယ်။ ကေအန်ပီပီက ၁၀ ရက်နေ့ပြီးမယ်။ အဲဒီအစည်းအဝေး အပေါ်မူ တည်ပြီး လက်မှတ်ထိုးမဲ့ ကိစ္စတွေရုပ်လုံးပေါ် လာမယ်။ မွန်ပြည်သစ်ကတော့ ထိုးရင် တဖွဲ့တည်းထိုး တာမျိုးမဟုတ်ပဲUNFC နာမည်နဲ့ ထိုးမယ်ဆိုတဲ့ မူရှိတယ်။ မေလ ၁၄ ရက်နေ့နဲ့ ၁၈ အတွင်း UNFC နဲ့ အစိုးရ တွေ့ဖို့ ရှိနေပြီး အဲဒီမှာ ပိုပြီးပုံပေါ်လာမယ် - ဟု တိုင်းရင်းသားအရေး လေ့လာသူ မွန်သတင်းအေဂျင်စီမှ အယ်ဒီတာ နိုင်ဗညားအောင်က သုံးသပ်သည်။

တစ်ဘက်တွင်လည်း ၀ ဦးဆောင်သည့် တပ်ပေါင်းစုမှ အန်စီအေ အပစ်ရပ်စာချုပ်လမ်းကြောင်း အတိုင်း မသွား သည့် လမ်းကြောင်းအား အကောင်ထည်ဖော်ရန် ရှိနေရာ အစိုးရဘက်မှ ယင်းအချက်ကို လက်မခံပဲ အန်စီအေ စာချုပ်လမ်းကြောင်းအတိုင်းသာဆွေးနွေးမည်ဟု မေလ ၆ ရက်နေ့က ကြေငြာထားသည်။ UNFC မှ အဆိုပြု သည့် အချက်၉ ချက်နှင့် ပတ်သက်၍မူ ယခုအထိ ပြေလည်မှု မရသေးပေ။ လက်မှတ်ထိုးရန် တာစူနေသည့် အဖွဲ့အများစုမှာ မြန်မာပြည်တောင်ပိုင်းတွင် ရပ်တည်နေသည့် အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ကေအန်ပီပီနှင့် မွန်ပြည်သစ်တို့ ဖြစ်နေသည်ဟူ၍လည်း အကဲခတ်များက ထောက်ပြသည်။

ဗကပ ဟောင်းဖြစ်ပြီး မြောက်ပိုင်းအရေးနှင့် တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး၏ တပ်ပေါင်းစု အရွှေ့ဆောင်းပါးတွင်မူ ‘ UNFC တဖွဲ့ဖြစ်သော WNO ဝ အမျိုးသားအဖွဲံ့ချုပ်သည် UWSA ၏စည်းရုံးသိမ်း သွင်းမှု အောက်မပါနိုင်ပေဘူးလော။

ဝ တို့ကြားတွင် ဗကပ နှင့်ပေါင်းခဲ့သောUWSA အား ဝ နီ ဟုခေါ်ကြသည်။ ဗကပနှင့်မပေါင်းသော WNO အားဝ ဖြူ ဟုခေါ်ကြသည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဝ ဖြူ ဟုခေါ်သော WNOသည် UNFC နှင့် ဆက်သွားမည်ထက် UWSA နှင့် ပြန်လည်ပူးပေါင်းသွားပါက အံ့သြစရာမရှိပေ။ LDU ခေါ် လားဟူအဖွဲမှလည်း UWSA နှင့် ဆက်စပ်မှု ရှိပေသည်။

UWSA ၏ ၁၇၁ စစ်ဒေသဟုခေါ်သည့် မိုင်းဆတ် ခရိုင် အတွင်းရှိ UWSA တပ်ဖွဲ့အတွင်း များစွာပါဝင်ထားကြသည်။ ANC/AA ကလည်း NCA လက်မှတ်ထိုးမည် လော သို့မဟုတ် UWSA နှင့် မဟာမိတ်ပြု ထားသော ULA/AA နှင့်ပေါင်းမည်လော စောင့်ကြည့်ရဘွယ်ရှိသည်။ KNPP အနေနှင့်လည်း အင်အား နည်းပါးသော်လည်း ရပ်တည်မည်ဆိုက ရပ်တည်နိုင်စွမ်းရှိသည်။

သို့သော် လက်ရှိတွင် UNFC ၏ DPN ကိုခေါင်းဆောင်နေသည်။ မွန်ပြည်သစ်ပါတီ NMSP အနေအထားကတော့ ကြပ်တည်းသည်။ တပ်မတော်အပြင် NCA လက်မှတ်ထိုးထားသောအဖွဲ့များ BGF များကြားတွင် ညပ်နေရာ ခက်ခဲသော ဆုံးဖြတ်ချက်ကို ချ ရဘွယ်ရှိသည်။

သို့ဖြစ်ရာ မွန်ပြည်သစ်နှင့်KNPP တို့အတွက် နိုင်ငံရေးအကြပ်အတည်းမှာ ၎င်းတို့တောင်းဆိုထားသည့် NCA မူ ၉ ချက် ပြင်မပေးပါက မည်သို့ဆောင် ရွက်မည်နည်းဆိုသည့်နိုင်ငံရေးအကြပ်အတည်းနှင့် စစ်ရေးအကြပ်အတည်း နှစ်ခုကို ရင်ဆိုင်နေရသည်။

မည်သို့ဆိုစေ UNFC လက်ကျန် ၅ ဖွဲ့လုံး NCA လက်မှတ်ထိုးဘွယ်ရာ မမြင် ဟု ဆိုရပါမည်- ‘ ဟု သုံးသပ်ထားသည်ကိုတွေ့ရသည်။