ရှမ်းပြည်အမျိုးသမီးကြီးများအဖွဲ့ချုပ် SSWO မှ အမျိုးသမီးများအရည်အချင်းမြှင့်တင်ရေးသင်တန်း ဝမ့်ဟိုင်းတွင် ဖွင့်လှစ်

ဝမ့်ဟိုင်းဌာနချုပ်တွင်ပြုလုပ်သည့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်း ၀မ့်ဟိုင်းဌာနချုပ်တွင်ပြုလုပ်သည့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်း

သျှမ်း(ရှမ်း)ပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ကမကထပြုကာ သျှမ်းပြည်အမျိုးသမီးကြီးများအဖွဲ့ SSWO မှ သျှမ်းပြည်အမျိုးသမီးများစွမ်းရည်မြင့်တင်ရေး ၃ လ သင်တန်းကို ဌာနချုပ်ဝမ့်ဟိုင်းတွင် ဖွင့်လှစ်သင်တန်းပေးခဲ့သည်။

သင်တန်းကို ဇူလိုင် ၁၁ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ညနေ ၅ နာရီမှ ၇ နာရီအထိ ၃ လကြာဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ေ ကြာင်း သိသည်။ လာရောက်လေ့လာသည့် သင်တန်းသူများမှာ သျှမ်းပြည် အလယ်ပိုင်း မိုင်းရှူး၊ကျေးသီး၊မိုင်းနောင် ၊ တန့်ယန်း ၊ လားရှိုး၊ ကွတ်ခိုင်၊ ဝမ့်ဟိုင်းမှ သျှမ်းပျိုမယ်နှင့်သျှမ်းအိမ်ထောင်ရှင်မ များ၂၀ ကျော် ရှိကြောင်း သင်တန်းသူ နန်းခမ်းက ပြောသည်။

သျှမ်းပျိုမယ်များကိုယ်စား သင်တန်းဖွင့်ပွဲတွင် ကျေးဇူးတင် စကားပြော ကြားသောနန်းခမ်းလူက - ခေတ်ရေစီးကြောင်းအတိုင်း စိတ်လွှတ်ကိုယ် လွှတ် လိုက်ပါစီးဆင်းတာ မဖြစ်သင့်ပါဘူး။ ကျမတို့ သျှမ်းအမျိုးသမီးတွေ မိမိတန်ဖိုးကိုတတ်နိုင်သလောက်ထိန်းသိမ်းစေချင်ပါတယ်” - ဟုပြောဆို သည်။

သင်တန်းတွင် လူ့အခွင့်အရေး၊ ကွန်ပြူတာပညာ၊ အမျိုးသမီးဆိုင်ရာ ဗဟုသုတ၊ ဥပဒေ၊ စည်းမျဉ်း၊ မီဒီယာ၊ အနာဂတ်အိမ်မှုကိစ္စစီမံကိန်းချရေး တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ၏ ရပ်တည်ချက်နှင့် မူဝါဒကျင့်စဉ် စသည့်ခေါင်းစဉ်များ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း SSPP/SSA မှတဝန်ရှိသူတဦးကပြောသည်။

အမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီသည့်နန်းစံဖောင်းက “ ကျမတို့ရည်ရွယ်ချက်ကတော့ ဒေသတွင်း အမျိုးသမီးလေးတွေ ဗဟုသုတမြင့်မားအောင်၊ အရည်အချင်း တိုး တက်လာအောင်နဲ့ မိမိဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးမှာ တတပ် တအားပြန် လည်ကူညီမှုပြုနိုင်အောင်၊ လူမှုအသိုင်းအဝိုင်းမြင့် မားရေးမှာပါဝင် စွမ်းဆောင်နိုင်အောင်နဲ့ ဒေသတွင်းလူထု ၊တခြားဒေသက အမျိုးသမီးတွေ ကိုရေရှည်လက်တွဲပူးဆောင်ရွက် သွားနိုင်အောင် ဖြစ်ပါတယ်။” - ဟုပြောဆိုသည်။

ဝမ်စန့်မိုင်းရယ်မှ နန်းခမ်းအေးက- “ အခုလို ဦးဆောင်မှုသင်တန်းမျိုး တခါမှ မတက်ဖူးဘူး ။ ကျမတို့ရွာကတော်တော်များများက အမျိုးသမီးအခွင့် အရေးဆိုတာဘာလဲ မသိကြဘူး။ ဘယ်လိုပိုက်ဆံရှာရမလဲ မိသားစုသား သမီးကိုဘယ်လိုပြုစုရမလဲဆိုတာလောက်ဘဲသိကြတယ်။ နိုင်ငံရေး ရပ်ရေးရွာရေးလဲ မသိကြဘူး စိတ်မဝင်စားကြဘူး။ ကျမကတော့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုမှာဘယ်လိုဦးဆောင်ဦးရွက်ပြုရမလဲဆိုတာသိချင်လို့ ဒီသင်တန်းလာတက်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

SSWO သျှမ်းပြည်အမျိုးသမီးများအဖွဲ့ချုပ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။

မတည်ငြိမ်သည့်စစ်ရေးအခြေအနေကြောင့် ၂၀၁၆ ခုနှစ်က ဝမ့်ဟိုင်းတွင် ပထမအကြိမ်သင်တန်းပေးခဲ့ပြီး ယခုပေးသည့်သင်တန်းမှာ ဒုတိယအကြိမ် သင်တန်းဖြစ်ပါသည်။

သျှမ်းအမျိုးသမီးရေးရာပူးပေါင်းဆောင်ရွက်ရေးအသင်း SWAN ၊NGO နှင့်တခြားသောတိုင်းရင်းသားအမျိုးသမီးများအဖွဲ့
နှင့်ပူးပေါင်းကာအမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများလက်တွဲဆောင်ရွက်ခဲ့သည်။