ပင်လုံမြို့တွင်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများအား ရပ်ကွက်လူထုနှင့် အုပ်ချုပ်ရေးမှူးများ လိုက်လံဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ရပ်ကွက်ထဲ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး ဖမ်းဆီးခဲ့သည်။

ဇူလိုင်လ ၁၂ ရက်နေ့ မနက် (၁၀) နာရီခန့်တွင် ပင်လုံမြို့ရပ်ကွက် (၄) ရှိ ဒေါ်ပါ့ယွန်းနေအိမ်တွင် အသက် ၃၆ နှစ် အရွယ် မောင်ပိုပိုအား ယာဘဆေးပြား (၁၀) ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ပါသည်။

“ပါယွန်းအိမ်မှာ ဆေးသုံးသူတွေဝင်ထွက်သွားလာလေ့ရှိတယ်။ သူ့အိမ်မှာဘဲ သုံးခေါက်လောက်ရှိပြီ ဆေးသုံးသူတွေကိုဖမ်းမိတာ ၊ အိမ်ရှင်ပါယွန်းလည်း အခုထောင်ထဲမှာ ရှိနေတယ်၊ ပထမဆုံး အကြိမ်က သူ့သားကို သွားဖမ်းတယ်။ သူ့သားက ယာဘ ကြောင်ပြီး သူ့အိမ်သူ မီးပြန်ရှို့ဖို့ ကြိုးစားတာ။ အဲ့ကြောင့်ဝင်ဖမ်းတာ ” ဟု ပင်လုံမြို့ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်နွံ ကပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို၏ ဖခင်ဦးသန်းရွှေက ဖမ်းဆီးရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များအား အမှုဖွင့်တရားစွဲဆိုဖို့စီစဉ်နေကြောင်း သိရသည်။

“ဒီနေ့မှာတော့ မောင်ပိုပိုရဲ့ အဖေက ကျနော်တို့ကို တရားပြန်စွဲတယ်၊ ကျနော်တို့သွားဖမ်းတုန်းက မောင်ပိုပိုက ကောင်းကောင်းပေးမဖမ်းတော့ ကျနော်တို့ဘက်က နဲနဲရိုက်နှက်မိတာရှိတယ်။ ဒဏ်ရာကြီးကြီးမားမားတော့ မရခဲ့ပါဘူး။ ခြိမ်းခြောက်ကန်ကျောက်တာလောက်ဘဲ။ ဒါပေမယ့် သူကမကျေနပ်လို့ အမှုပြန်ဖွင့်ဖို့လုပ်နေတယ်” ဟု ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး ကပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို သည် ပင်လုံမြို့ ရပ်ကွက် ၁ တွင် နေထိုင်ပြီး ယခု ပင်လုံ အချုပ်ခန်းတွင် ရှိနေကြောင်း သိရသည်။

“ခုတလော ပင်လုံမှာ သူခိုးတွေ အရမ်းများနေတယ် ၊ ခု ရွာသားေ တွပြောဆို ချက်အရ သူခိုး ဂိုဏ်း ထဲမှာ မောင်ပိုပို တစ်ယောက်ပါနေ တယ်။ နောက်ပြီး ရပ်ကွက်ထဲ ယာဘဆေး ဖြန့်နေတယ် စသဖြင့်ပြောနေ သံကြားရပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ မှန်မှန်ကန်ကန် စစ်ဆေးပြီး တာဝန် ယူစေချင်တယ်၊ သူ့ကို ဖမ်းမိဖို့ကလည်း အရမ်းခက်တယ်” ဟု ၄င်းကပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို ကို ပင်လုံမြို့မရဲစခန်းမှ ၁၅/၁၆(ဂ) မူးယစ် ဆေးဝါးသုံးစွဲလက်ဝယ်ထားရှိမှုဖြင့် အမှုဖွင့် ထားေ ကြာင်း ပင်လုံရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။