သာသနာရေးဝန်ကြီး သူရဦးအောင်ကို ရာထူးမှရပ်နားရန် တောင်ကြီးမြို့တွင်တောင်းဆို

တောင်ကြီးမြို့နယ် အေးသာယာမြို့သစ် ၊ နောင်အင်ဘောလုံးကွင်းတွင် "သာသနာရေးဝန်ကြီးသူရဦးအောင်ကို အားကန့်ကွက်ရှုတ်ချပွဲ " တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည် ။

ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်တစ်နာရီခန့် ကပြုလုပ်သည့် အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲသို့ အမျိုးဘာသာသာ သနာချစ်မြတ်နိုးသူများအဖွဲ့မှ ရဟန်းရှင်နှင့်လူထုအင်အား ငါးရာကျော်ခန့် တက်ရောက်ခဲ့ပြီး "သာ/ယဉ်ဝန်ကြီးရာထူးမှနုတ်ထွက်ပေးရေး ဒို့အရေး ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး "စသည့် ကြွေးကြော်သံများ ဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ သည်ဟုသိရသည် ။

"သာသနာရေး ၀န်ကြီးပြောကြားချက်တွေထဲမှာဗုဒ္ဓဘာသာတရားပွဲတွေ ပိတ်တာတွေရှိပါတယ် ၊ ဗုဒ္ဓ ဘာသာစာပေတွေကို သာသနာရေးဝန်ကြီး ဋ္ဌာနရဲ့ဆုံးဖြတ်ချက်ကိုရမှ မဟန (နိုင်ငံတော်သံဃာ့မဟာနာယက) ကနေပြီးထုတ်ပြန်ဖို့ဆုံးဖြတ် မယ်ဆိုတာကို သဘောမကျပါဘူး ၊ ဗုဒ္ဓ ဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာတရားပွဲတွေကို လွတ်လွတ်လပ်လပ် ဖြစ်စေချင်ပါတယ် " ဟု ဖယ်ခုံမြို့နယ်မှ ဦးမြတ်ကျော် ကပြောသည် ။

19961308 1424533820972390 47620570574819171 n

အမျိုးဘာသာသာ သနာချစ်မြတ်နိုးသူများအဖွဲ့မှ အချက် (၆)ချက်ပါရှိသည့် သဘောထားထုတ်ပြန် ကြေငြာချက် ထဲတွင် နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂို လ်နှင့် အစိုးရလွှတ်တော် ခေါင်းဆောင်များသည် အမျိုးသား ရေးသမားများ၏ ဆန္ဒခံစားချက်နှင့်ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှားတောင်းဆိုမှုများအပေါ် အလေးထား ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရမည် ဟူ၍ပါရှိသည် ။

တောင်းဆိုချက်များအပေါ်အလေးထား ဖြေရှင်းဆောင်ရွက်ပေးမှုအား (၇)ရက်အတွင်းစောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး အလေးထား ဖြေရှင်းဆောင်ရွက်ပေးမှုမရှိပါက သပိတ်စခန်းဖွင့်လှစ်၍ အကြမ်းမဖက် အရေးတော်ပုံ တစ်ရပ်ဖော်ဆောင်ကာ နောက်တစ်ဆင့်အရှိန်မြင့် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက်တွင်ထည့်သွင်း ထားသည်ကိုလည်း သိရပါသည် ။