NCA လက်မှတ်ထိုး နှင့် မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရ ငြိမ်းချမ်းကိုယ်စားလှယ်တို့တွေ့ဆုံမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာမည့်ရက်ပိုင်းအတွင်းအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ် များက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ အပါအဝင် အပစ်မရပ်သေးသည့် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဟုသိရသည်။
  • ခုနှစ်

သျှမ်းလူငယ်အဖွဲ့ TYO လားရှိုးမြို့နယ်အတွင်းကွင်းဆင်းကာ ကြက်ဝက်တုပ်ကွေး H1N1 ဆိုင်ရာဗဟုသုတပေး

TYO သျှမ်း(ရှမ်း) လူငယ်အဖွဲ့ဝင်များ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်းနှင့် လမ်မကြီး တလျှောက်၊ မိဘမဲ့ဂေဟာတို့တွင် ကြက်ငှက်တုပ်ကွေး နှင့် ပတ်သက်သည့် ဗဟုသုတနှင့် ကာကွယ်ရန်နည်းလမ်းများကိုရှင်းလင်းပြောပြခဲ့ပြီး Mask (ပါးစပ်အုပ်)များကိုဝေငှပေးခဲ့ကြောင်းသိရသည်။
  • ခုနှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် တတိယအကြိမ်ညီလာခံအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ကျင်းပသွားမည်

သျှမ်း(ရှမ်း)လူငယ်ကွန်ရက် TYN က ပဲခူးတိုင်းဒေသကြီးရှိ ရှမ်းများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် တတိယအကြိမ် ညီလာခံအတွက်ဆွေးနွေးပြင်ဆင်ကြကြောင်းသိရသည်။
  • ခုနှစ်

ပြစ်မှုစွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ အကျိုးဆောင်ပေးဖို့တောင်ကြီးတွင် Justice Center ရုံးဖွင့်

ပြစ်မှု၊ ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ ၊ ခွဲခြားဆက်ဆံခံရသူများအတွက် ငွေကြေးအခမဲ့ဥပဒေ အကျိုးဆောင်ပေးခြင်း လုပ်ငန်းဖြစ်သောတရားမျှတမှုစင်တာ(Justice Center) ကို ဇူလိုင်လ(၂၄) က တောင်ကြီမြို့တွင် ရုံးခွဲတစ်ခုအဖြစ်ဖွင့်လှစ်ခဲ့ပြီး (၃၁) ရက်နေ့အထိ အမှုလာရောက်အပ်နှံသူ…
  • ခုနှစ်

လားရှိုးမြို့နယ်အတွင်း ရွှေတူးဖော်နေမှုကြောင့် လယ်ယာမြေဧကပေါင်း ၁၀၀ ကျော်ပျက်စီးနေမှု အမျိုးသားလွှတ်တော်အမတ် လွှတ်တော်အတွင်းမေးမြန်း

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးပိုင်အုပ်စု ဟိုပိုင်ရွာအတွင်း ကျောက်စိမ်းအားမာန်ကုမ္မဏီမှ ရွှေတူးဖော်နေမှုကြောင့် ဒေသခံတို့၏ လယ်ယာမြေ ဧကပေါင်း ၁၀၀ ကျော်အပြင် စိုက်ပျိုး၍မရတော့သည့်အတွက် ရွှေမှောင်ခိုတူးဖေါ်နေမှုများ ရပ်တန့်ပေးရန် အမျိုးသားလွှတ်တော်အမတ်က လွှတ်တော်အတွင်းမေးမြန်းသည်ဟုသိရသည်။
  • ခုနှစ်

ကျေးလက်ထံပိုက်ဆံကောက်ယူပြီး မီးမရသည့်ကိစ္စ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် လွှတ်တော်အစည်းဝေးတွင်မေးမြန်း

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ၃၈ ရွာ မှ ရွာသားများထံ ပိုက်ဆံကောက်ယူပြီး လျှပ်စစ်မီးမရသေးသည့် ကိစ္စအား မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းသီဟကျော်က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းလိုက်သည်။
  • ခုနှစ်

တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့မြို့သစ်တည် လားဟူရွာတရွာနှင့် တောင်သုံးလုံးဖြို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ UWSA ၀ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ်တည်ဆောက်ရန်အတွက် ကျေးရွာပြောင်းရွှေ့မှု ပြုလုပ်နေရကြောင်း စုံစမ်းသိရှိရသည်။
  • ခုနှစ်

ဘိန်းဖြူသယ်သည့်လင်မယား ယောက်ျားဖြစ်သူ သံလွင်တံတားပေါ်မှခုန်ချသေဆုံး ဇနီးဖြစ်သူဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံနှင့်မိုင်းပန်ကြား သံလွင်မြစ်ကူးသည့် တာ့ဆန်းတံတားပေါ်တွင်ဖြတ်မောင်းသည့် ဖိုးဝှီးကားတစီးအား ဂိတ်စောင့်အာဏာပိုင်များ တားဆီးစစ်ဆေးရာ ဘိန်းဖြူဘလောက်တုံး သယ်ဆောင်လာသည့် လင်မယားမှာ အမျိုးသားဖြစ်သူက တံတားပေါ်မှသံလွင်မြစ်အတွင်းခုန်ချကာ ရေနစ် သေဆုံးသွားပြီး ဇနီးဖြစ်သူအားလည်း အာဏာပိုင်များမှထိန်းသိမ်းလိုက်သည်ဟု သိရသည်။
  • ခုနှစ်

စစ်ဘေးစစ်ဒဏ်သင့် သိန္နီမြို့နယ်နှင့် နမ့်တူမြို့နယ် ကျေးလက်ဒေသခံ ၁၀၀၀ ကျော်နေရပ်ပြန်

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့်နမ့်တူမြို့နယ်သို့ရောက်ရှိနေသော ကျေးလက်ဒေသမှစစ်ဘေးရှောင် ၁၀၀၀ ကျော်နေရပ်အသီးသီးပြန်ကြပြီဖြစ်ကြောင်း သိရသည်။
  • ခုနှစ်

ဝင်ခွင့်ပိတ်လည်းအပြင်ကနေလုပ်နေမှာဘဲ - မြန်မာ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်၊ ဥရောပ-မြန်မာရုံးက စဝ်ဟန်ယောင်ဟွေအား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်း

မြန်မာ့ဒီမိုကရေစီအတွက် ဆယ်စုနှစ်ပေါင်း မြောက်များစွာကတည်းက ပြည်ပမှာနေထိုင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သူ ၊ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပေါင်းကူးဆက်သွယ်ပေးတဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူ စဝ်ဟန်ယောင်ဟွေဟာ လက်ရှိအစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ဗီဇာပိတ်ခံထားရတယ်လို့သိရပါတယ်။ ဘာကြောင့်ပါလဲ။ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ရင် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လိုအခြေအနေဖြစ်သွားနိုင်မလဲ။…
  • ခုနှစ်

JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များပထမဆုံးအကြိမ်တွေ့ဆုံ

JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမဆုံးအကြိမ်ကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ၂ ရက်သာကျင်းပခဲ့ပါသည်။
  • ခုနှစ်

သျှမ်းပြည်အမှတ်အသား ချယ်ရီပင်များလားရှိုးမြို့အရှေ့ဘက် မိုင်းယော်တိုက်နယ်တွင် သျှမ်းလူငယ်ကွန်ရက် TYN စိုက်ပျိုး

မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်း (ရှမ်း)လူငယ်ကွန်ရက် TYN က ဦးဆောင်ကာ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း ချယ်ရီပင်ပေါင်း ၁၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြသည်။
  • ခုနှစ်
Subscribe to this RSS feed