ရေပုပ်အနံ့ဆိုးကြောင့် ရေခဲစက်ရုံရပ်ထားပေးရန် ညောင်လေးပင်မြို့ခံများ ကန့်ကွက်စာတင်မည်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ မြို့မ (၁)ရပ်ကွက် အာဇာနည်လမ်းရှိရေခဲစက်ရုံမှ ထွက်လာသည့် ရေပုပ်အနံ့ကြောင့် လူနေရပ်ကွက်အတွင်း နေထိုင်ကြသူများနှင့် ပတ်ဝန်းကျင်ကိုထိခိုက်သည့်အတွက် စက်ရုံရပ်ထားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ကန့်ကွက်စာတင်သွားမည်ဟု ဒေသခံများကပြောသည်။
  • ခုနှစ်

ကရင်အမျိုးသား သူနာပြုတစ်ဦး ဖလောရင့်နိုက်တင်ဂေးလ်ဆု ရွေးချယ်ချီးမြှင့်ခံရ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများက ဦးဆောင်ချီးမြှင့်လိုက် သော (၄၅)ကြိမ်မြောက် ဖလော့ရင့်နိုက်တင်ဂေးလ်ဆုကို မြန်မာနိုင်ငံရှိ ကရင်အမျိုးသားသူနာပြုတစ်ဦးဖြစ်သူ စနိုင်နိုင်ထွန်းရရှိ သွားကြောင်း မေလ၁၂ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သူနာပြုများနေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ခဲ့သည်။
  • ခုနှစ်

နယ်ခြားစောင့်တပ်နှင့် KNU တပ် နှစ်လအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဧပြီလမှ မေလ ဒုတိယပတ်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ၎င်းနယ်မြေအတွင်းလှုပ်ရှားနေသော အစိုးရလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF တို့ အပြန်အလှန်ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဖာပွန်ခရိုင် တာဝန်ရှိသူများကပြောသည်။
  • ခုနှစ်

ရာဇာမင်းကားဓါးပြမှု အမှုမှန်ပေါ်ပေါက်ရေး ပြန်စိစစ်ရန် KUPC တောင်းဆို

ရာဇာမင်း ကားဓါးပြမှုတွင် ဖမ်းဆီးအပြစ်ပေးခံထားရသူများအတွက် အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာက ပြန်စိစစ်ပေး ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်ဟု ကရင်အမျိုးသားငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီဝင်(KUPC)တစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီ သို့…
  • ခုနှစ်

သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဆုံးရှုံးမြေများ ပြန်ရရန် ဒေသခံများဆန္ဒထုတ်ဖော်

ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်သောက်ရေခပ်(၂) ရေအားလျှပ်စစ်ကြောင့် ကုမ္ပဏီမှသိမ်းဆည်းထားသည့် ဒေသခံမြေယာ များကို ပြန်လည်ရရှိရန် အရပ်ဖက်လူမှုအခြေပြုအဖွဲ့အစည်းအချို့နှင့် ဒေသခံကျေးရွာ လူထုများ စုပေါင်း၍ သံတောင်မြို့နယ် ဘောဂလိမြို့နယ်ခွဲ ပလက်ဝဒေသရေလှောင်တမံအနီးတွင် မေလ၁၀ရက်နေ့က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြ သည်။
  • ခုနှစ်

စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းကြရန် ကရင်လူငယ်များကို KNU တိုက်တွန်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တောင်ကလေးကရင်နှစ်သစ်ကူးကွင်းတွင်ကျင်းပသည့် ၄၅ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ၌ ကရင်စာပေ၊ ယဉ်ကျေးမှု မပျောက်မပျက် ထိန်းသိမ်းဖော်ဆောင်ရန် ကရင်လူငယ်များကို ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့် သာသနာရေးဋ္ဌာနမှ တာဝန်ခံ ပဒိုစောအားတိုးက မေလ၁၀ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
  • ခုနှစ်

၂၀၁၆နှစ်ဆန်းပိုင်းတွင် ကရင်အမျိုးသားညီလာခံကျင်းပမည်ဟုအမျိုးသားနှီးနှောဖလှယ်ပွဲကဆုံးဖြတ်

လာမည့် ၂၀၁၆ခုနှစ်ဆန်းပိုင်းအတွင်း ကရင်အမျိုးသားညီလာခံတစ်ရပ် ကျင်းပသွားရန် ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ လေးဝါးနေရာ၌ မေလ ၆ ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ဆုံးဖြတ်လိုက်သည်။
  • ခုနှစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ရန် ကရင်လူမှုအဖွဲ့များ KNU ထံ မေတ္တာရပ်ခံ

ကရင်ပြည်နယ် ဖားအံခရိုင် လေးဝါးစခန်းတွင် ကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ တက်ရောက်လာ သည့် ပြည်တွင်းပြည်ပနှင့် နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ မေလ ၈ရက်နေ့က မေတ္တာရပ်ခံသည့် အိတ်ဖွင့်ပေးစာတစ်စောင်…
  • ခုနှစ်

ဘဝသစ်အကျဉ်းစခန်းက သိမ်းယူထားသည့် လယ်မြေ ၇၂၀ ဧကကို မူလပိုင်ရှင်ထံ ပြန်မပေးသေး

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန လက်အောက်ခံ၊ ဘ၀သစ် အကျဉ်းစခန်းမှ ၂၀၀၈ ခုနှစ်ကတည်းက သိမ်းယူထားသည့် လယ်ယာမြေ ၇၂၀ ဧကကို မူလပိုင်ရှင် ဒေသခံ လယ်သမား ၉၅ဦးထံ…
  • ခုနှစ်

ကရင်ပြည်နယ်အတွင်း ပိတ်ထားသည့် မဲဆန္ဒနယ်အားလုံး ပြန်ဖွင့်ပေးရန် ပါတီအဖွဲ့အစည်းများလိုလား

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေသအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပဘဲ ပိတ်ထားသည့် မဲဆန္ဒနယ်များအားလုံး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်လည်ဖွင့်လှစ်ပေးရန် လိုလားသည်ဟု ပြည်နယ်အတွင်း ရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက…
  • ခုနှစ်

စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ဆောင်ရန် ပြန်လည်နေရာချထားပေးမှု လယ်နေရာလွဲမှားမှုရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စုအတွင်းရှိ အာရှလမ်းဘေး၌ ဒေသခံလယ်မြေများပေါ်တွင် အစိုးရမှ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ဆောင်ရန်အတွက် လယ်မြေများ ထွန်ယက်ပြီးနောက် လယ်ယာမြေ ပြန်လည်နေရာချထားရာတွင် လယ်မြေလွဲမှားရွှေ့ပြောင်းမှုရှိနေသည့်အပေါ် လယ်သမားအချို့က လက်မခံကြောင်း စုံစမ်းသိရှိရသည်။
  • ခုနှစ်

NCA မူကြမ်းအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ရန် အဖွဲ့လေးဖွဲ့မှ အကြံပြု

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ပန်ဆန်းတွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးတွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ပူးပေါင်းရေးဆွဲထားသည့် နိုင်ငံလုံး ဆိုင်ရာအပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်အလက်အချို့အား ပြင်ဆင်ဖြည့်စွက်ခြင်းများ…
  • ခုနှစ်
Subscribe to this RSS feed