သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း ခုနစ်လိုင်းသာ ပြေးဆွဲမည်

မွန်ပြည်နယ်အတွင်း အဝေးပြေးယာဉ်လိုင်း ၆၂ လိုင်း ရှိသည်အနက်မှ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ယာဉ်လိုင်း ခုနစ်လိုင်းသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ယာဉ်ထိန်းသိမ်းကြီကြပ်ရေး ကော်မတီ (ယ.ထ.က) ထံမှ သိရသည်။
  • ခုနှစ်

ဇန်နဝါရီလမှစ၍ စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၁၃ဝဝ ကျော် ဖမ်းဆီးအရေးယူခဲ့ဟုဆို

၂ဝ၁၇ နှစ်စပိုင်းမှစ၍ မတ်လ ၁၄ ရက်အထိ စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၁၃၂၆ စီးနှင့် ယိုးဒယား (ထိုင်းနိုင်ငံ) နံပါတ်ပြား တပ်ဆင်အသုံးပြုသည့် မော်တော်ဆိုင်ကယ် ၁၁ စီး ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း…
  • ခုနှစ်

သုံးနှစ်အတွင်း သီဟိုဠ်စေ့ ဈေးနှုန်း ထက်ဝက်ခန့် မြင့်တက်

မွန်ပြည်နယ်မှ အထွက်နည်းသော သီဟိုဠ်စေ့ ဈေးနှုန်းမှာ သုံးနှစ်အတွင်း ထက်ဝက်ခန့် ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မြို့သီဟိုဠ်စေ့အဝယ်ဒိုင် ကိုကျော်ခိုင်မြင့်က ပြောသည်။
  • ခုနှစ်

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်တု တပ်ဆင်တော့မည် မဟုတ်ဟုဆို

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်ထု တပ်ဆင်တော့မည် မဟုတ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်စိုးကြိုင်က ပြောဆိုသည်။
  • ခုနှစ်

မွန်ပြည်နယ် ရော်ဘာထုတ်လုပ်သူအများစုတွင် နည်းစနစ်မှားနှစ်ခု တွေ့ရှိ

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အများစုတွင် ရော်ဘာအရည်အသွေး ညံ့ခြင်းနှင့် အစေးလှီးစနစ် မှားယွင်းခြင်းကို တွေ့မြင်နေရကြောင်း ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။
  • ခုနှစ်

နှစ်လအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားဝင်ရောက်မှုမှ ဇုန်ဝင်ကြေး သိန်း ၁၇၀ဝ ကျော်ရရှိ

ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နှစ် လအတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် သိန်း ၁၇၀ဝ ကျော် ရရှိထားကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ နိုင်ငံခြားသားဝင်ရောက်မှု…
  • ခုနှစ်

အလှပ်ကျေးရွာ ရေတားတမံကို ယခုလကုန် အပြီးဆောက်လုပ်မည်

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ ဆောက်လုပ်ဆဲ ရေတားတမံကို မတ်လတွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။
  • ခုနှစ်

တရားစွဲဆိုခံရသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအမှုကို တရားပြိုင်များ နေထိုင်သော နေရာတွင်သာ တရားစွဲရန် အမိန့်ချမှတ်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ဝေသော “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်ကို မမှန်မကန် ပုံနှိပ်ဖြန့်ဝေသည်ဟုဆိုကာ ရေးမြို့နယ်မှ ဦးရန်လင်းအောင်က တရားစွဲထားခြင်းအား မော်လမြိုင် ခရိုင်တရားရုံးမှ စာအုပ်ထုတ်ဝေသောဒေသရှိ တရားရုံးတွင်သာ တရားစွဲဆိုရန်…
  • ခုနှစ်

ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ပဲအထွက်နှုန်း လျော့နည်းနေသည်ဟု ဒေသခံတောင်သူများဆို

ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံ စိုက်ပျိုးထားကြသည့် ပဲစိုက်တောင်သူ အများစုမှာ ပဲရိတ်သိမ်းချိန်၌ ပဲအထွက်နှုန်း လွန်စွာလျော့နည်းနေကြောင်း ချောင်းဆုံမြို့နယ်ရှိ ပဲစိုက်ပျိုးတောင်သူများထံမှ သိရသည်။
  • ခုနှစ်

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံခြင်းကို ပြန်လည် သုံးသပ်သင့်သည်ဟု ဒေသခံများဆို

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံရာ၌ ဆိုင်ကယ်များကိုပါ တံတားဖြတ်ကူးခ ကောက်ခံခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံများက ပြောဆိုနေကြသည်။
  • ခုနှစ်

မွန်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတားကိစ္စနှင့် လုံးဝမသက်ဆိုင်ဟု ပြည်နယ် လွှတ်တော်ဥက္ကဌဆို

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီချုပ်တာဝန်မှ နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတား အမည်ကိစ္စနှင့် လုံးဝမသက်ဆိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်တင်အိက ပြောကြားခဲ့သည်။
  • ခုနှစ်

UMG ကုမ္ပဏီအုပ်စုက အဆိုပြုထားသည့် စီမံကိန်းသုံးခုကို လူထုလက်ခံမှသာ သဘောတူမည်ဟုဆို

မော်လမြိုင်၊ သံလွင်ဥယျာဉ်မှ ငန်းတေးရပ်ကွက်သို့ ပြောင်းလဲပြုလုပ်မည်ဟု အစိုးရထံ အဆိုပြုထားသော UMG ကုမ္ပဏီအုပ်စုက Waterboom (ရွေလွှလျှောစီးနှင့် ကစားကွင်း) စီမံကိန်း၊ မြို့ပြစီမံကိန်း (Smart City) နှင့် အဆင့်မြင့် အဝေးပြေးကားဝင်းများပါဝင်သည့်…
  • ခုနှစ်
Subscribe to this RSS feed