မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး သီးခြားခန့်အပ်ရန် မလိုအပ်​​ကြောင်း ဝန်ကြီးချုပ်ပြောကြား

မွန်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ မွန်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ

မွန်ပြည်နယ်၌ မွန်တိုင်းရင်းသားရေးရာဝန်ကြီးကို သီးခြားခန့်အပ်ရန် မလိုအပ်ကြောင်း ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအား ပြည်နယ်၌ ခန့်အပ်တာဝန်ပေးနိုင်ရန် သိရှိလိုကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရာတွင် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ဂ) ၊ တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (င) အရ မွန်တိုင်းရင်းသားရေးရာဝန်ကြီးကို သီးခြားခန့်အပ်ရန် မလိုအပ်ကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။

တိုင်းရင်းသားများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုမရှိစေရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးကို တာဝန်ပေးအပ်ရမည်ဖြစ်ပြီး တာဝန်ပေးအပ်နိုင်ခြင်းမရှိပါက သင့်လျှော်သည့် ဝန်ကြီးတစ်ဦးအား ပူးတွဲတာဝန်ပေးအပ်ရမည်ဟု ပြဌာန်းချက်ရှိပါကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

21463293 2006591556240714 8217065778129288396 n
မွန်​ပြည်​နယ်​၊ ​ချောင်းဆုံမြို့နယ်​ အမှတ်​(၁) လွှတ်​​တော်​ကိုယ်​စားလှယ်​ (ပြည်​နယ်​လွှတ်​​တော်​ ဒုတိယ ဥက္ကဌ) ​ဒေါက်​တာ​အောင်​နိုင်​ဦး

“မွန်လူမျိုးတွေအတွက် အစိုးရဘက်က သီးခြားတာဝန်ပေးတာလည်း မရှိဘူး။ ဘတ်ဂျတ်လည်း မရှိဘူး။ ဝန်ကြီးချုပ်ကပဲ တာဝန်ခံပြီး လုပ်ပေးနေတာ တွေ့ရတယ်။ ဝန်ကြီးချုပ်ကလည်း အလုပ်များတော့ သီးခြားဝန်ကြီးတစ်ပါးကို တာဝန်ပေးသင့်တယ်”ဟု ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပြောသည်။

မွန်တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မွန်လူမျိုးကိုယ်စားပြု ၀န်ကြီးတစ်ပါးအား ပူးတွဲတာဝန်ပေးအပ်နိုင်ရန် ပြည်နယ်အစိုးရထံ ဇူလိုင်လ ၂၇ ရက်က မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီက စာပို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။