မွန်ပြည်နယ်(၁၀) မြို့နယ်လုံးတွင် ရာဘာအရည်အသွေးမြှင့် စက်ရုံတည်ဆောက်ရန် ပြည်နယ်အစိုးရက ချေးငွေထောက်ပံ့မည်

မွန်ပြည်နယ်မှာ ရာဘာလုပ်ငန်းသည် အဓိက လုပ်ကိုင်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော်လည်း ရာဘာဈေးကွက်မှာ ကမ္ဘာ့ဈေးကွက်နှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေခြင်းကြောင့် ရာဘာများအရည်အသွေးပြည့်မှီရန်နှင့် ဈေးကွက်ကောင်းလာစေရန် မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရာဘာအရည်အသွေးမြှင့်စက်ရုံများ တည်ဆောက်သွားရန် ပြည်နယ်အစိုးရနှင့်…
  • ခုနှစ်

သူ (H1N1) ကိုယ်တိုင်လောက်တော့ သေစေနိုင်လောက်တဲ့အထိ မပြင်းထန်ဘူး။ အခြား ဗိုင်းရပ်စ်ပိုး တွေနဲ့ ပေါင်းသွားရင်တော့ ပြင်းထန်သွားတယ်

မြန်မာနိုင်ငံတွင် H1N1 ဗိုင်းရပ်စ်ကူးစက်ခံရမှုများဖြစ်ပွားနေပြီး လူသေဆုံးသည် အထိဖြစ်ပွားမှုရှိခဲ့သည်။ H1N1 ဗိုင်းရပ်စ်သည် သာမာန်ရာသီ တုပ်ကွေးဖြစ်သော်လည်း လူကိုသေစေ နိုင်လောက်တဲ့အထိ ပြင်းထန်သည့်အတွက် ဗိုင်းရပ်စ်ကို မည်သို့ကြိုတင်ကာကွယ်သင့်ကြောင်းနဲ့ အများပြည်သူသိရှိစေရန်နှင့်ပတ်သက်ပြီး မော်လမြိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ဇင်…
  • ခုနှစ်

ခေါဇာတိုက်နယ်ဆေးရုံတွင် ဆရာဝန်လစ်လပ်နေသည်မှာ တစ်လကြာပြီဟု ဒေသခံများပြော

ရေးမြို့နယ်၊ ခေါဇာမြို့ တိုက်နယ်ဆေးရုံတွင် ယနေ့အချိန်အထိ တစ်လကျော်အကြာ ဆရာဝန်မရောက်ရှိသေးပဲ လစ်လပ်နေကြောင်း ဒေသခံများပြောကြားချက်အရ သိရပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရေး လိုလားလျက်ရှိသည်ဟု သိရသည်။
  • ခုနှစ်

စားသောက်ကုန်များအား စနစ်ကျကျ စောင့်ကြည့်ထိန်းချုပ်နိုင်မှုလိုအပ်နေ

အစားအသောက်နှင့်ပတ်သက်၍ စိတ်ချရမှုရှိမနေဘဲ ပြည်တွင်းနှင့် ပြည်ပမှ စားသောက်ကုန်များအား စနစ်တကျ စိစစ်ထိန်းချုပ်တင်သွင်းထိန်းချုပ်ရန် လိုအပ်နေသေးကြောင်း စားသုံးသူအရေးတက်ကြွ လှုပ်ရှားသူများက ပြောကြားသည်။
  • ခုနှစ်

ငွေကြေးတောင်းခံသည်ဟု စစ်ဆေးတွေ့ရှိရသော မွန်ပြည်နယ်လွှတ်တော်ဦးစီးအရာရှိအား အရေးမယူနိုင်သေး

မွန်ပြည်နယ်လွှတ်တော်မှ အသစ်ခန့်အပ်မည့် အငယ်တန်းစာရေးများထံမှ ငွေကြေးတောင်းခံ သည့် ဦးစီးအရာရှိကို ငွေကြေးတောင်းခံကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း အစိုးရဌာနသို့ ပြောင်း ရွှေ့ခြင်းမရှိသေးသောကြောင့် အရေးမယူနိုင်သေးကြောင်း သိရသည်။
  • ခုနှစ်

မွန်ပြည်နယ်ရှိ ရွှေအရောင်းဆိုင်များ၏ အရောင်းပြေစာတွင် အခွန်တံဆိပ်မကပ်ပါက အရေးယူမည်

မွန်ပြည်နယ်အတွင်းရှိ ရွှေအရောင်းဆိုင်များ၌ အရောင်းပြေစာများတွင် အခွန်တံဆိပ်ကပ်ခြင်းရှိမရှိကို စစ်ဆေးပြီးအရေးယူမှုများ ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်အခွန်ဦးစီးဌာနမှသိရသည်။
  • ခုနှစ်

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်တည်ဆောက်မည် တန်ဖိုးနည်း အိမ်ယာတစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀၀ အောက်ဈေးဖြင့် ရောင်းချပေးမည်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံး ဦးဆောင်တည်ဆောက်ပေးမည် တန်ဖိုးနည်းအိမ်ယာတစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀၀ အောက်ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးမှ သတင်းရရှိသည်။
  • ခုနှစ်

ဆေးတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရေးချောင်းကြိုးဝိုင်းအတွင်းရှိ ဧကငါးသောင်းနီးပါးတွင် တည်ထောင်မည်

မွန်ပြည်နယ် ရေးချောင်းကြိုးဝိုင်းအတွင်းရှိ ဧကငါးသောင်းနီးပါးကို ဆေးတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအဖြစ်ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
  • ခုနှစ်

မွန်အမျိုးသားကျောင်း(၁၃၀) ကျော်အတွက် ဘတ်ဂျက် သိန်း(၈၀၀)တောင်းခံထား

မွန်အမျိုးသားကျောင်း(၁၃၀)ကျော်ကို ထောက်ပံ့ကြေးငွေအဖြစ် မွန်ပြည်နယ်လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံထားကြောင်း မွန်အမျိုးသားကျောင်းတာဝန်ခံ မှ သတင်းရရှိသည်။
  • ခုနှစ်

ခွဲမထွက်ရေး နှင့် ပတ်သက်၍ သဘောတူညီမှုမရသည့်အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခြင်းကို နောက်ညီလာခံမှ ဆွေးနွေးမည်

နိုင်ငံရေးကဏ္ဍတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိစ္စကို ယနေ့နံနက် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင်အကြိတ်အနယ် ဆွေးနွေးခဲ့ကြရာတွင် ခွဲမထွက်ရ နှင့် ပြည်နယ်ဖွဲ့စည်းပုံ ကိုယ်ပိုင်ပြဌာန်းခွင့်များကို သဘောတူညီမှု မရခဲ့၍ နောင်ကျင်းပမည့် ညီလာခံများတွင်…
  • ခုနှစ်

တိုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ် ၂၀၁၉ တွင် ပုံပေါ်မည်ဟုဆို

တိုင်းရင်းသားအားလုံးတောင်းဆိုနေကြသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်ရေးကို လက်ရှိ NLD အစိုးရက အကောင်ထည်ဖော်ဆောင်ရွက်နေပြီး လာမည့် ၂၀၁၉ မှာ ၄င်းတို့ပုံဖော်နေသည့် ဖက်ဒရယ်ပုံစံကို သိရှိနိုင်ကြမှာ ဖြစ်ကြောင်း သမ္မတ ရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။
  • ခုနှစ်

NCA ကို လက်ခံသော်လည်း တန်းတူအခွင့်အရေး မရရှိသေးသည့်အတွက် ပင်လုံညီလာခံ မွန်ပြည်သစ် မတက်ရောက်

မွန်ပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) လမ်းစဉ်အတိုင်း ဆောင်ရွက်လိုသော်လည်းအားလုံး ပါဝင်နိုင်ရေး နှင့် တန်းတူအခွင့်အရေးမရရှိသေးသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။
  • ခုနှစ်
Subscribe to this RSS feed