ဘောလခဲ၌ဖမ်းမိ အထောက်အထားမဲ့ လူ ၈ ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူ

ကယားပြည်နယ်၊ ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော အထောက်အထားမဲ့ လူ ၈ ဦးကို နိုင်ငံသားသက်သေခံအထောက်အထားမပါရှိခြင်းကြောင့် လ.ဝ.ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

  • ခုနှစ်

အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC) ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးဟုဆို

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ပါအချက်အလက်များအပေါ် အစိုးရနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမတူညီမှုအချို့ရှိနေသေးသောကြောင့် JMC ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးသည်ဟု ပြည်ထောင်စုအဆင့် JMCU ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကပြောဆိုလိုက်သည်။

  • ခုနှစ်

ဖားအံတွင် ကျင်းပသည့် အမျိုးသမီးများ ငြိမ်းချမ်းရေးဖိုရမ်တွင် အမျိုးသမီးအရေးလှုပ်ရှားအဖွဲ့များစွာ ပူးပေါင်းပါဝင်

အမျိုးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသားဒေသရှိ အမျိုးသမီးအဖွဲ့အစည်းများပါဝင်သည့် ငြိမ်းချမ်း ရေးအတွက် Together For Peace ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အမျိုးသမီးများ ဖိုရမ်တစ်ရပ်ကို ကရင်ပြည်နယ် ဖားအံမြို့ တော်ဝင်ရတနာခန်းမတွင် စက်တင်ဘာလ၁၉ ရက်နေ့မှ စတင်ကာ ကျင်းပလျှက်ရှိသည်။

  • ခုနှစ်

ရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း အစင်ကျေးရွာ စိန်ပိုက်ငါးဖမ်းလှေရေလုပ်သားတစ်ဦး သံပိုက်ဖြင့်အရိုက်ခံရသဖြင့် ရေထဲပြုတ်ကျသည့်တစ်လခန့်ကြာဖြစ်စဉ်အား စက်တင်ဘာလ၂၀ ရက်နေ့တွင် အမှုတိုင်ကြားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

  • ခုနှစ်

NCA တွင် အားလုံးပါဝင်လာရေးအတွက် JMC အောင်မြင်မှုအပေါ်တွင်လည်း မူတည်နေ

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာနိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အောင်မြင်မှုအပေါ်တွင်လည်း မူတည်နေသည်ဟု JMC ဒုဥက္ကဌ-၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောသည်။

  • ခုနှစ်

ရေးမြို့ပေါ် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို အရေးယူသွားမည်

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ပေါ်တွင် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို ဥပဒေနှင့် အညီ အမြန်ဆုံးအရေးယူဆောင်ရွက်သွားမည်ဟု မွန်မြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးချင်တင်၏ ရေးမြို့အဓိကလမ်းမကြီးတလျောက် စည်းကမ်းမဲ့ရပ်နားနေကြသည့် မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံး မည်ကဲ့သို့ဖြေရှင်းမည်နည်းဆိုသည့် မေးခွန်းအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရေးမြို့လယ် အဓိကလမ်းမကြီးတလျောက်တွင် ၁၀ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဉ်ကြီးများ လမ်းမကြီးဘေးနေရာအနှံ့ စည်းကမ်းမဲ့စွာရပ်နားပြီး ကုန်တင်ကုန်ချဆောင်ရွက်နေသလို ရေးမြို့နယ် ကျေးရွာအုပ်စု ၂၂ စုမှ ခရီးသည်တင်ယာဉ်များလည်း ကုန်တင်ယာဉ်ကြီးများကဲ့သို့ စည်းကမ်းမဲ့စွာ ရပ်နားနေကြသည်ဟု ဦးချစ်တင်က ပြောသည်။

၎င်းက “အများပြည်သူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ယာဉ်အန္တရာယ်လည်းရှိနေတဲ့အတွက် သတ်မှတ်ဂိတ်နေရာမှာ စနစ်တကျရပ်နားစေလိုတယ်၊ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်စေလိုတယ်” ဟု ပြောသည်။

မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီတွင် စာရင်းသွင်းမှတ်ပုံတင်ထားသော ခရီးသည်တင်ယာဉ်များကို အဝေးပြေးယာဉ်ရပ်နားစခန်းတွင်သာ ရပ်နား၊ ထွက်ခွာရန် အသိပေးအကြောင်းကြားထားသဖြင့် အဓိကလမ်းမကြီးတလျောက်တွင် ခရီးသည် တင်/ချခြင်းသာဆောင်ရွက်ပြီး အဝေးပြေးကားဝင်းအတွင်း၌ ရပ်နားလျက်ရှိသည်ဟု ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

ထိုအတူ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ ရပ်နားခွင့်မပြုထားသဖြင့် ကုန်တင်ယာဉ်များ ရပ်နားထွက်ခွာရန် မြို့နယ်အမျိုးသားယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့နဲ့ မြို့နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့တို့မှ နေရာရှာဖွေသတ်မှတ်ပေးထားပြီး ရပ်နားစေခဲ့သည်။

“စည်းကမ်းမဲ့ရပ်နားယာဉ်တွေကို ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်” စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ရေးမြို့အတွင်း ယာဉ်ကြောရှင်းလင်းစေရန်နှင့် မြို့အဂါင်္ံရပ်နှင့် ညီညွတ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေ ၂ ဒသမ ၃၅ ဧကပေါ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းကို ၂၀၁၆ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

  • ခုနှစ်

NCA ကိုနားလည်မှုနည်းပါးခြင်းကြောင့် JMC လုပ်ငန်းစဉ်မချောမွေ့ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးပြော

စက်တင်ဘာ ၂၀ ရက်၊ မင်းအောင်ထူးနိုင်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Ceasefire Monitoring Committee-JMC-U ၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် NCA ကို နားလည်မှုနည်းခြင်းကြောင့် JMC လုပ်ငန်းစဉ်မအောင်မြင်ရခြင်းဖြစ်ကြောင်း JMC-U ဒု-ဥက္ကဌ(၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။

ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ပုံမှန်အစည်းအဝေး စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ JMC အနေနဲ့ ရောက်ရာအဆင့်ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခရဲ့ ဖြတ်သန်းတဲ့ အတွေ့အကြုံတွေကြောင့် နှစ်ဖက်အကြား သံသယစိတ်တွေ ရှိနေသေးတာရယ်၊ NCA ကို သဘောပေါက်နားလည်တာ နည်းပါးပြီးတော့ NCA ပါ အချက်အလက်တွေကို ကျွန်တော်တို့နှစ်ဖက်တွေ့ဆုံမှုတွေက မတူညီခြားနားမှုတွေရှိခဲ့တာကြောင့် ကျွန်တော်တို့နှစ်ဖက်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဆိုသည်။

ဆက်လက်၍ နှစ်ဖက်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူစာချုပ် NCA ကို လေးစားယုံကြည်မှုရှိရန် လိုအပ်ကြောင်း၊ JMC လုပ်ငန်းစဉ်များ အောင်မြင်အထမြောက်အောင်မြင်စေရန် မည်သို့ပင် အခက်အခဲများရှိနေသည်ဖြစ်စေ စိတ်ရှည်ရှည်နှင့် ဇွဲရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ဒီအစည်းအဝေးမှာ ကျွန်တော်တို့ JMC ကော်မတီများအနေနဲ့ JMC ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အကြေအလည် ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု အစည်းအဝေးအဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းဝေးပွဲတွင် ပြည်နယ်/တိုင်းဒေသကြီးများ JMC-S ကို (၅) နေရာတွင် ဖွဲ့စည်းခဲ့ပြီး ဒေသအဆင့် JMC-L များကိုလည်း (၂)နေရာ ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် JMC သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ကြောင်း JMC-U ၏ အရပ်သားကိုယ်စားလှယ် ဒုတိယဥက္ကဌ(၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ပြောသည်။

ယခုကျင်းပနေသော ၁၂ ကြိမ်မြောက် JMC အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက် အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ သတင်းစာရှင်းလင်းမည့်အချိန်နှင့် နေ့ရက်ကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

  • ခုနှစ်

မောင်တောခရိုင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၉၀၀ ခန့် ပြန်ရောက်လာ

 မောင်တောခရိုင်ထဲရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ထမ်း ၉၀၀ ခန့် ပြန်လည်ရောက်ရှိလာပြီး သဘောင်္အခက်အခဲကြောင့် အကုန်ရောက်ရှိမလာသေးကြာင်း မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က မဇ္စျိမသို့ အတည်ပြုသည်။

  • ခုနှစ်

ကချင်ရွာသားများ သတ်ဖြတ်မှု တပ်မတော်သားများ ၀န်ခံ

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ဒုက္ခသည် စခန်းမှ ရွာသား(၃)ဦးအသတ်ခံရမှုနှင့် ပက်သက်၍ စွဲချက် တင်ခံထားရသည့် တပ်မတော်သားများအားလုံး ပြစ်မှုကျူးလွန်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝန်ခံလိုက်သည်။

  • ခုနှစ်

ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်၏ အလုပ်အမှုဆောင်သစ်တွင် အမျိုးသမီးတစ်ဦး ပါဝင်ရွေးကောက်ခံရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်(မူတြော်)ခရိုင်၏ ၁ဝကြိမ်မြောက် ကွန်ဂရက်ကို စက်တင်ဘာလ ၁၁ရက်မှ ၁၆ ရက်နေ့အထိ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေ့ပူနို့ ကျေးရွာတွင် ကျင်းပပြီး ခရိုင် အလုပ်အမှုဆောင်ကော်မတီဝင် (EC)သစ် များ ရွေးကောက်ခဲ့ရာတွင် အမျိုးသမီးခေါင်းဆောင်တစ်ဦး ပါဝင်လာခဲ့သည်။

  • ခုနှစ်

ရေးမြို့နယ်တွင် ရာဘာအစေးခြစ်လုပ်သားရှားပါး

ယခုနှစ်မိုးနှောင်းကာလ ရာဘာအစေးခြစ်ရာသီစတင်ချိန်၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသတဝိုက်တွင် လုပ်သားရှားပါးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှ ရာဘာခြံပိုင်ရှင် ဦးကျော်နိုင်က “လုပ်သားတွေက ရာဘာအပင်ကိုလည်း ရွေးချယ်တယ်၊ သက်ရင့်အပင်ကြီး အရိုင်းပင်တွေက အစေးထွက်လဲနည်းလို့ မခြစ်ချင်ကြဘူး၊ ကိုင်းဆက်အပင်တွေက ခြစ်ရလွယ်ပြီး အစေးထွက်များလို့လည်း ရွေးချယ်ကြတယ်၊ တောင်ကုန်းတွေပေါ်မှာစိုက်ထားတဲ့ခြံတွေနဲ့ မြို့နဲ့အလှမ်းဝေးတဲ့ခြံတွေအတွက် လုပ်သားခေါ်ယူရတာ ပိုပြီးခက်ခဲတယ်၊ ဈေးပိုပေးပြီး ခေါ်ယူနေကြရတယ် '' ဟု ဆိုသည်။

ရာဘာခြစ်လုပ်ခနှုန်းထားပုံစံအမျိုးမျိုးရှိပြီး တစ်လလျှင်တစ်ပင်ခြစ်ခ ၂၅၀ ကျပ်ဝန်းကျင်နှုန်းဖြင့်လည်းကောင်း၊ ပိုင်ရှင်နှင့် လုပ်သား ၆ အချိုး ၄ (သို့မဟုတ်) ၇ အချိုး ၃ (သို့မဟုတ်) ထက်ဝက်စားပုံစံဖြင့်လည်းကောင်း ခြံ၏အနေအထားအလိုက် ဈေးနှုန်းများညှိနှိုင်းသတ်မှတ်ကြကြောင်း ခြံရှင်များက ပြောသည်။

ကျောင်းရွာမှာ ရာဘာခြံရှင် ဦးအောင်မျိုးက '' လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရာဘာဈေးကျတော့ အလုပ်သမားတွေ အခြားနေရာဘက်ကို ရောက်ကုန်တယ်၊ ခြံကအဝေးမှာလည်းဖြစ်တယ်၊ တောင်ကုန်းတွေလည်းဖြစ်တဲ့ ခြံတွေအတော်များများ ရပ်နားထားခဲ့ရတယ်၊ မနှစ်က ရာဘာဈေးပြန်ကောင်းလာတဲ့အချိန် အပြိုင်အဆိုင် အလုပ်သမားခေါ်ကြတော့ မြို့နဲ့နီးတဲ့နေရာ၊ အထွက်ကောင်းတဲ့နေရာတွေသွားကြပြီးတော့ဝေးလံပြီး တောင်ကုန်းရှိတဲ့နေရာ၊ သက်ရင့်ပင်တွေရှိတဲ့ခြံတွေမှာ မလုပ်လိုကြဘူး '' ဟု ဆိုသည်။

ဒေသအတွင်းရှိ အစေးခြစ်လုပ်သားများမလုံလောက်သဖြင့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ လုပ်သားအများစုကို အဓိကခေါ်ယူအသုံးပြုနေရသည်ဟု သိရသည်။

''ရာဘာလုပ်ငန်းက အလုပ်သမားမရှိရင် မရပ်တည်နိုင်ဘူး၊ သူတို့တွေအတွက် လိုအပ်တာတွေဖြည့်ဆည်းပေးပြီး ဆွဲဆောင်နေရတယ်၊ လိုအပ်တာပံ့ပိုးမှုပေးပြီးခေါ်ထားပေမယ့် အခြားခြံတွေက ဈေးပိုပေးပြီးခေါ်ရင်ပါသွားတာလဲရှိလို့ ဆုံးရှုံးမှုတွေရှိနေတာကိုလည်း တွေ့ရတယ်၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသဘောမျိုး လုပ်နေရတာပဲ '' ဟုရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ရာဘာခြံပိုင်ရှင် ဦးမြသန်းက ဆိုသည်။

များသောအားဖြင့် ခြံရှင်နှင့်အလုပ်သမား အချိုးစနစ်ဖြင့်ခွဲဝေယူသည့်ခြံများတွင် အစေးအထွက်ပိုများအောင် အပင်တွေကို မညှာမတာခြစ်သဖြင့် အပင်သက်တမ်း ရေရှည်မခံကြောင်း ရာဘာခြံပိုင်ရှင်များက ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧကပေါင်း ၄၉၃,၂၉၀ ဧကရှိသည့်အနက် ရေးမြို့နယ်တွင် ၁၅၁,၈၂၈ ဧကအများဆုံးဖြစ်ကြောင်း သိရသည်။

  • ခုနှစ်

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာ ထက်ဝက်ကျော်သည် ထွက်ပြေးရာတွင် မပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်သွားသည့်အထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာထက်ဝက်ကျော် မပါဝင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောဆိုသော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ရခိုင်ပြည်နယ်က မွတ်ဆလင် အများစုဟာ အစုလိုက် အပြုံလိုက် ထွက်ပြေးကြတဲ့အထဲမှာ မပါဝင်ကြပါဘူး။ ရခိုင်ပြည်နယ်က မွတ်ဆလင်ရွာ ၅၀% ကျော်ဟာ (သြဂုတ် ၂၅ အကြမ်းဖက်တိုက်ခိုက်မှုတွေ) မတိုင်ခင်က အခြေအနေအတိုင်း အခုထက်ထိ ရှိနေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါရွာများအနေဖြင့် ရခိုင်လူမှုအသိုက်အ၀န်းနှင့် သဟဇာတဖြစ်အောင်နေထိုင်မှုအား လေ့လာရန် သံတမန် အသိုင်းအ၀ိုင်းသို့ တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်အရေအတွက် လေးသိန်းကျော် ရောက်ရှိနေသည်ဟု UN မှ ထုတ်ပြန်ထားပြီး မြန်မာအစိုးရဘက်မှ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အဆိုပါ ဒုက္ခသည်များအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားသော ၁၉၉၃ ခုနှစ် သဘောတူညီချက်အရ စီစစ်လက်ခံသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်ဆိုတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒီဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ်တွေအတိုင်း စိစစ်ဖို့ သဘောတယ်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အချိန်မရွေး စိစစ်ဖို့ အသင့်ပါ။ ဒီ သဘောတူညီချက်တွေအတိုင်း စိစစ်ပြီးလို့ မြန်မာနိုင်ငံက ထွက်ပြေးတဲ့ ဒုက္ခသည် မှန်ရင် သူတို့ရဲ့ လုံခြုံရေး အပြည်အ၀ ရှိဖို့ လူသားခြင်း စာနာမှုအထောက်အပံ့တွေ ပေးဖို့၊ ဘာပြဿနာမှ မဖြစ်စေဖို့ တာဝန်ယူပြီး ပြန်လက်ခံပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်၏အကြံပေးချက်များကို အမြန်ဆုံး အကောင်အထည် ဖော်သွားရန် အစိုးရက ဆုံးဖြတ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း ယင်းအကြံပြုချက်ထဲတွင် ပါဝင်သည့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ပါဝင်ရန် အချို့အသိုက်အဝန်း (Community) များက စိတ်မပါဘဲ ဖြစ်နေကြောင်းလည်း ပြောခဲ့သည်။

"စစ်ပွဲအစား ငြိမ်းချမ်းရေးကိုပဲ ကျွန်မတို့ အလိုရှိပါတယ်။ ပဋိပက္ခတွေအစား သဟဇာတဖြစ်မှု (harmony) ကိုပဲ ကျွန်မတို့ အလိုရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

  • ခုနှစ်

ရှမ်းမြောက် နမ့်ခမ်းမြို့ ၌ မြန်မာ- တရုတ် ၈ မြို့နယ်ချစ်ကြည်ရေးကြက်တောင်ကစားပွဲကျင်းပ

သျှမ်း(ရှမ်း)ပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၌ မြန်မာ – တရုတ် ၈ မြို့နယ် ကြက်တောင်ရိုက်ပြိုင်ပွဲကို နမ့်ခမ်းဖောင်ကြက်တောင်ကလပ်မှ ဦးစီးကျင်းပခဲ့ ကြောင်းသတင်းရရှိသည်။

`ဒီပွဲက နှစ်နိုင်ငံချစ် ကြည်ရေးပွဲ ဖြစ်သလို ကျနော်တို့ ကလပ်တည်ထောင်ခြင်း ၁၁ နှစ်ပြည့်တဲ့ အထိမ်း အမှတ်ပွဲလဲဖြစ်တယ်´ဟု နမ့်ခမ်းကြက်တောင်ကလပ် အလုပ်အမှုဆောင်အဖွဲ့ မှတာဝန်ရှိသောသူတစ်ဦး ကပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပသော ချစ်ကြည်ရေးကြက်တောင်ရိုက်ကစားပွဲတွင် တရုတ်နိုင်ငံဘက်မှ ရွှေလီ(မိန်းမောဝ်) ၊ မန့်စိ(မိုင်းခွမ်)၊ ထိန့်ချုံး၊ လုံချွမ်း စသည့်ကြက်တောင်အသင်းတို့ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ နမ့်ခမ်းမြို့နယ်ကိုယ်စားပြု နမ့်ခမ်းဖောင်ကြက်တောင်ကလပ်၊ မူစယ်ခရိုင်ကိုယ်စားပြု ကမ္ဘောဇကြက်တောင်ကလပ် ၊လားရှိုး ၊နှင့် ကွတ်ခိုင် မှကြက်တောင်ကစားသည့်အဖွဲ့များ စုစုပေါင်း အယောက် ၁၀၀ ကျော်ပါဝင်ပါသည်။

နှစ်နိုင်ငံချစ်ကြည်ရေးကြက်တောင်ရိုက်ပွဲသို့ နမ့်ခမ်းမြို့ အထွေထွေအုပ်ချူပ်ရေးမှူး ၊ ရဲမှူးကြီး ၊စည်ပင်ဦးစီးအရာရှိ ၊ မြို့မိမြို့ဖများ ၊ မြို့နယ်အာကာမှူး နှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှတာဝန်ရှိသူများ က တက်ရောက်အားပေးခဲ့ကြသည်။

နှစ်နိုင်ငံချစ်ကြည်ရေးကြက်တောင်ရိုက်ပွဲကို တစ်နှစ် တစ်ကြိမ် အပြန်အလှန်ဖိတ်ခေါ်ကစားကြသည်။ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံချစ်ကြည်ရေးခိုင်မာမှုရှိစေရန်၊နှစ်နိုင်ငံ ကြက်တောင်အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရှိကြရန် နှင့် ကြက်တောင်ကစားခြင်းဖြင့် ကျန်းမာသန်စွမ်းမှုရရှိစေရန် စသည်တို့ဖြစ်ကြကြောင်း နမ့်ခမ်းဖောင်ကလပ် ဥက္ကဌ စိုင်းအုန်းကျော် ကဆိုသည်။

နမ့်ခမ်းဖောင်ကြက်တောင်ကလပ်သည် နမ့်ခမ်းမြို့ရှိ ဒေသခံ ကြက်တောင်အားကစားဝါသနာရှင်များစုပေါင်းပြီး ၂၀၀၆ ခုနှစ်မှစတင်တည်ထောင်ခဲ့သည့် ကိုယ်ထူကိုယ်ထ ကြက်တောင်ကလပ်တခုဖြစ်ကြောင်း ၄င်းကြက်တောင်ကွင်းမှာ အထက ၁ကျောင်းဝင်း မိုးလုံလေလုံ အားကစားရုံအတွင်း၌ တည်ရှိထားကြောင်း ဒေသခံများထံမှသိရှိရသည်။

  • ခုနှစ်

မွန်ပြည်နယ်တွင် စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူခဲ့

NLD အစိုးရသက်တမ်းကာလတစ်လျှောက် မွန်ပြည်နယ်အတွင်းမှ စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူမှုပြုလုပ်ထားကြောင်း ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

  • ခုနှစ်
Subscribe to this RSS feed