KWEG မှ ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ အသိပညာနှင့် လူထုအသိပညာပေး ဆရာဖြစ်သင်တန်းပို့ချ

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)မှ ဦးဆောင်၍ ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာ အသိပညာ (Voter Education)နှင့် လူထုအသိပညာပေး(Civil Education) ဆရာဖြစ်သင်တန်းကို မတ်လ ၂၄ရက်မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ KWEG ရုံးတွင် ပထမဆုံးအကြိမ် သင်ကြားပို့ချခဲ့သည်။

  • ခုနှစ်

ကရင်ပညာရေး မူကြမ်းတစ်ခုထွက်ပေါ်ရေးအတွက် KED သုံးကြိမ်မြောက် နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေး

ကရင့်ပညာရေးဌာန KED မှ ဦးစီး၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတစ်နေရာ၌ မတ်လ ၂၄ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သော သုံးကြိမ်မြောက် ကရင်ပညာရေး နှီးနှောဖလှယ်ပွဲ(Karen Education Seminar)တွင် ကရင်ပညာရေး မူကြမ်းတစ်ခု ထွက်ပေါ် လာနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

  • ခုနှစ်

ရန်ကုန် IPI ကမ္ဘာ့ညီလာခံအား မြန်မာသတင်းသမားအချို့ မတက်ရောက်

ရန်ကုန်မြို့တွင် မတ်လ ၂၇မှ ၂၉ ရက်နေ့အထိ ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် International Press Institute (IPI) World Congress ၆၅ ကြိမ်မြောက် ကမ္ဘာ့ညီလာခံအား မြန်မာနိုင်ငံမှ သတင်းမီဒီယာ အဖွဲ့အစည်းအချို့ မတက်ရောက်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

  • ခုနှစ်

သင်္ကြန်ကာလ မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲများ စစ်တွေတွင် ပြုလုပ်

သင်္ကြန်ရက်များအတွင်း လုံခြုံမှုရှိစေရန်၊ မှုခင်းများလျော့နည်း ကျဆင်းစေရန်၊ ယာဉ်တိုက်မှုများ ကျဆင်းစေရန်  ရည်ရွယ်ပြီး စစ်တွေမြို့တွင် ပြည်နယ် ရဲတပ်ဖွဲ့မှ အသိပညာပေးများပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။

  • ခုနှစ်

သိမ်းဆည်းမြေ ပြန်ရရေး ရခိုင်မှ တစ်ကိုယ်တော် ဆန္ဒပြသူ ထောင်သုံးလ ချမှတ်ခံရ

ငပလီ ပင်လယ်ကမ်းခြေမှ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ရက်နေ့တွင် ပုဒ်မ၁၈ဖြင့် ထောင် (၃)လ ချမှတ်လိုက်သည်ဟု သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးမှ ပြောသည်။

  • ခုနှစ်

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း ၂ဝ ရာခိုင်နှုန်းထိပေးရန် သတ်မှတ်ချက်ကို ပယ်ဖျက်၍ ပညာရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝရာခိုင်နှုန်း သုံးစွဲရန် မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်၍ အမျိုးသား ပညာရေး ဥပဒေကြမ်းကို မတ်လ ၂၆ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။

  • ခုနှစ်

၂၀၁၅ ရွေးကောက်ပွဲမှာ ဖိအားပေး မဲထည့်ခိုင်း

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ဖိအားပေး မဲထည့်ခိုင်းခြင်း၊ ခြိမ်းခြောက် မဲထည့်ခိုင်းခြင်းများ လုံးဝအဖြစ်ခံနိုင်မည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် နှစ် (၇၀) ပြည့် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

  • ခုနှစ်

အင်ဒိုနီးရှားတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ပြီး ခိုင်းစေခံ မြန်မာ နိုင်ငံသားများအတွက် သံရုံးများညှိနှိုင်းနေ

အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ထားပြီး ခိုင်းစေခံရသည့် မြန်မာနိုင်ငံသား များအတွက် နှစ်နိုင်ငံ သံရုံးချင်း ချိတ်ဆက်ကာ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကိုပြောသည်။

  • ခုနှစ်

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယဉ်ကျေးမှုဝန်ကြီး လာရောက်လေ့လာ

ရခိုင်တို့၏ ရှေးဟောင်း ဘုရင့်မင်းနေပြည်တော်မြို့ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအပါအဝင် ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ တာဝန်ရှိသူတို့သည်  မတ်လ ၂၅ရက်နေ့က မြောက်ဦးသို့ လာရောက်လေ့လာခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

  • ခုနှစ်

ရခိုင်ဒေသနှင့်ကိုက်ညီမည့် သင်္ဘော ၆ စီး ဂျပန်အကူအညီဖြင့် အသစ်တည်ဆောက်မည်ဟု ပြည်ထောင်စု ၀န်ကြီးဆို

ရခိုင်ဒေသနှင့်ကိုက်ညီမည့် ခရီးသည်တင် သင်္ဘော ၆စီးကို ဂျပန်နိုင်ငံအကူအညီဖြင့် အသစ်တည်ဆောက်ပေး သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြား လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

  • ခုနှစ်

မင်းပြားတွင် ဒေသခံတစ်ဦး ဓါးခုတ်ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မတ်လ ၂၆ရက်နေ့က ငါးရှာနေသည့်ဒေသခံတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် ဆေးရုံတင်လိုက်ရသည်ဟု မင်းပြားမြို့နယ်  ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားသည်။

  • ခုနှစ်

လားရှိုး အခြေစိုက် ရမခ စစ်တိုင်းရုံး တိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးအား အမည်မသိ လက်နက်ကိုင် လူတစ်စုက မတ်လ ၂၅ရက်နေ့ ည ၈နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြို့ခံ ပြည်သူများက ဆိုသည်။

  • ခုနှစ်

ထိုက်တန်သည့် အခွင့်အရေး တောင်းဆိုဖို့ ပအိုဝ်း ညီလာခံတွင် ဆုံးဖြတ်

ဆဌမ အကြိမ်မြောက် ပအိုဝ်း အမျိုးသား ညီလာခံကို တောင်ကြီးမြို့ ပအိုဝ်း တပေါင်းပွဲတော် ကျင်းပရာ ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် မတ်လ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ  ကျင်းပရာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အတွက် အခွင့်အရေးများ တောင်းဆိုရန်အတွက် အထူးဆွေးနွေးနိုင်ခဲ့သည်ဟု   သတင်းရရှိသည်။

  • ခုနှစ်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများကို နိုင်ငံတကာအကူအညီပေးရေအဖွဲ့များ ဆက်ကူညီမည်

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအား အကူအညီများ ဆက်လက်ပေးသွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မတ်လ ၂၄ရက်မှ ၂၅ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုက္ခသည်များအရေးဆိုင်ရာ ပုံမှန်အစည်းအဝေးတွင် နိုင်ငံတကာအကူအညီပေးရေအဖွဲ့အစည်းများ က ပြောဆိုခဲ့ကြသည်ဟု သိရသည်။

  • ခုနှစ်
Subscribe to this RSS feed