BNI

BNI

ကရင်နီဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၉၊ ၂၀၁၇)

ထူဒူငံသရွာသား(၅)ဦးနဲ့ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ(နဂါး)တို့ကြား မြေပိုင်ဆိုင်မှု အငြင်းပွားရာမှာ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ က အနိုင်ရရှိသွားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ကယားအမျိုးသားတွေက ၉ ကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

Miss Tourism Universe Myanmar အတွက် သွားရောက်ယှဉ်ပြိုင်မယ့် ကယားပြည်နယ်က သရဖူရှင် မေမြတ်နိုးခင် က ပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင်နေတယ်ဆိုတာ တင်ပြမှာ ဖြစ်ပါတယ်။

ကရင်ဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၈၊ ၂၀၁၇)

အကောင်အထည်ဖော်ဖို့ရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း နဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဖားအံမြို့နယ် ကော့ရင်းအထက်အုပ်စုနဲ့ နောင်ကျန်အုပ်စုအကြားမှာ ထုတ်လုပ်နေတဲ့ တောင်ကလေးတောင်ကျောက်ထုတ်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ မသင့်တော့ဘူးလို့ သွားရောက်စစ်ဆေးမှုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက မှတ်ချက်ပေးလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းအနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ နည်းလာတဲ့အတွက် ဆေးခန်းရဲ့လည်ပတ်မှုနဲ့ ဆေးဝါးကုသတဲ့ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိလာနေပါတယ်။

ရှမ်းဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၇၊ ၂၀၁၇)

မိမိဘာသာစာပေကို ချစ်မြတ်နိုးတတ်စေဖို့ လဲချားမြို့မှာ စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နမ့်ခမ်းမြို့က သီတင်းကျွတ်ပွဲတော် ပွိုင်းဆောင်းဆမ်ဟာ စည်ကားလှပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၂ နှစ်ပြည့်ချိန် NCA အပေါ် ရှမ်းခေါင်းဆောင်တွေက ဘယ်လိုသုံးသပ်ကြပါသလဲ။

အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရခိုင်ပြည်နယ်သို့ UNA သွားရောက်လေ့လာခဲ့

ပြည်တွင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)မှ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသသို့ အောက်တို ဘာ ၁၂ ရက်မှ ၁၅ ရက်ထိ လေးရက် ကြာ သွားရောက်လေ့လာခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

Subscribe to this RSS feed