BNI Online

Wednesday, Feb 22nd

Last update11:17:52 PM GMT

ENGLISH VERSION
You are here အင်တာဗျူး

အင်တာဗျူး

‘နောက်ကြည့်မှန်’၊ ‘ငယ်ချစ်’ နဲ့ ‘ဒေါင်းအလံ’

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် စာရေးဆရာ မင်းကိုနိုင်တို့၏ ငယ်ချစ်အပေါ် သံယောဇဉ်နှင့် အိမ်သူအပေါ် သစ္စာတို့ကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။ မအားလပ်သည့်ကြားမှ အချိန်လု၍ ဖြေကြားပေးထားသည်။

အပြည့်အစုံသို့ ...

နိုင်ငံတကာ လေ့လာသူများအား ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ များ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

မလေးရှားနိုင်ငံရောက် ရခိုင် အဆိုတော် ၀င်းကိုခိုင်ကိုတွေ့ဆုံမေးမြန်းခန်း

သူ့အသံကို ကြားလိုက်လို့ရှိရင် ပရိတ် သတ်တွေ ငြိမ်းချမ်းသွားစေရမယ်။ အေးချမ်းသွားစေရမယ်။ ပရိတ်သတ်တွေ မွန်းကျပ်နေတာတွေ ပွင့်သွား စေရမယ်ဆိုတဲ့ မလေးရှားနိုင်ငံရောက် ရခိုင် အဆိုတော် ၀င်းကိုခိုင်ကိုတွေ့ဆုံမေးမြန်းခန်း

အပြည့်အစုံသို့ ...

ရည်ရွယ်ချက်ချင်းတူညီတဲ့ဘယ်သူနဲ့မဆို နောင်တချိန်မှာ ပူးပေါင်းလို

လာမယ့် ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးပွဲမှာဝင်ဖို့မဟုတ်ပေမယ့် ဥပဒေဘောင်အတွင်းမှာ လှုပ်ရှားနိုင် အောင် ရည် ရွယ်ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ဖို့ စီစဉ်နေတယ် လို့သိရပါတယ်။

Last Updated on အင်္ဂါနေ့၊ ဇန်နဝါရီလ 24 ရက် 2012 ခုနှစ် အပြည့်အစုံသို့ ...

SNLD ဥက္ကဌကို UK သံအမတ် တွေ့ဆုံ

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကို UK သံအမတ်  Mr. Andrew Heyn  နဲ့ Second secretary  Joe Fisher တို့က ဒီကနေ့မနက် ၈ နာရီခွဲကနေ ၉ နာရီအထိ  ခွန်ထွန်းဦးရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အပြည့်အစုံသို့ ...

စောဒေးဗစ်ထောကို တွေ့ဆုံမေးမြန်းခြင်း

ကျနော်တို့ သွားဆွေးနွေးတာကတော့ သူတို့(အစိုးရ)အပိုင်းမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးကို လုပ်ချင်တယ်။ အဲ့ဒါတော့ သူတို့ရဲ့ တင်ပြချက်ပဲ။ ကျနော်တို့ဘက်ကလည်း ဒီအပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့အတွက် အချက် ၁၁ချက်ကို တင်ပြတယ်။

အပြည့်အစုံသို့ ...

“အမျိုးသားတန်းတူရေး”နှင့် လွှတ်တောနိုင်ငံရေး ဘယ်လမ်းလိုက်မလဲ ( KIO တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးလနန်နှင့် အင်တာဗျူး)

KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် တရုတ်နိုင်ငံ ရွှေလီမြို့ ၌  နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့ရာ ၄င်းအစည်းအဝေးပြီးဆုံးသွားပြီ ဖြစ်ပြီး နှစ်ဘက်ဆွေးနွေးမှု အခြေ အနေကို သျှမ်းသံ တော်ဆင့်မှ ဂျန္နဝါရီ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က KIO ပြောခွင့်ရ တွဲဘက်အတွင်းရေးမှူး ဦးလနန် ကို ဆက်သွယ်မေး မြန်းထားချက် ဖြစ်သည်။

အပြည့်အစုံသို့ ...

လွှတ်တော်ရဲ့ အခန်းကဏ္ဍ

လွှတ်တော်တွင်း အခက်အခဲများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၏ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာယူမှု၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်တို့နှင့် ပါတ်သက်၍ NDF တည်ထောင်သူ ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် မဇ္ဈိမ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံ
မေးမြန်းခဲ့ခြင်း ဖြစ်သည်။

Last Updated on စနေနေ့၊ ဇန်နဝါရီလ 21 ရက် 2012 ခုနှစ် အပြည့်အစုံသို့ ...

ရခိုင်စာပေနှင့် သမိုင်းသုတေသီ ရမ္မာဝတီ အရှင် ပညာစာရနှင့် တွေ့ဆုံမေးမြန်းခန်း

ထောင် ၈ နှစ်နဲ့ ၃လ ချမှတ်ခံထားရတဲ့ ရခိုင် စာပေ သမိုင်းသုတေသီ အရှင်ပညာစာရဟာ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့က သရက်ထောင်ကနေ ပြန်လည် လွှတ်မြောက်လာပါတယ်။ ဆရာတော် အရှင် ပညာစာရဟာ သရက်ထောင်က လွှတ်လာပြီးတဲ့ နောက် ရန်ကုန်မြို့ သီရိဂန္ဒာရုံ ကျောင်းတိုက်မှာ သီတင်းသုံးနေပါတယ်။ ဆရာတော် ရန်ကုန်ကို ရောက်ရှိနေစဉ် နိရဉ္စရာ သတင်းဌာနက ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ဆရာတော်ကို လျှောက်ထား မေးမြန်းချက်တွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

အပြည့်အစုံသို့ ...

"အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ" လို့ ဒေါ်ဖြူဖြူသင်း ပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ထုတ်ပြန်ပြီးဖြစ်ရာ ထိုအထဲတွင် အမျိုးသမီး ၁၂ ဦး ပါဝင်သည်။

အပြည့်အစုံသို့ ...

“ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”

(ရခိုင်ပြည် ၂၄ နာရီ မီးလင်းရေး ဦးဆောင်လှုပ်ရှားသူ မမာမာကျော်ဇော နှင့် အင်တာဗျူး)

ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရေးအတွက် သမ္မတ ဦးသိန်စိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ထံ အိတ်ဖွင့်ပေးစာ တစောင်ကို ရက္ခအလင်းတန်းအဖွဲ့မှ ဇန်နဝါရီ ၁၆ ရက်နေ့က ပေးပို့ခဲ့သည်။ မီးလင်းရေး လှုပ်ရှားမှုတခုကို ထိုနေ့ မနက်ပိုင်းတွင် ရခိုင်ကျောင်းသား လူငယ်များက စတင်ပြုလုပ်ခဲ့သည်။

အပြည့်အစုံသို့ ...

Page 1 of 10

Myanmar Newsမြန်မာ့သတင်း