BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here အင်တာဗျူး သျှမ်းသံတော်ဆင့် SNLD ဥက္ကဌကို UK သံအမတ် တွေ့ဆုံ

SNLD ဥက္ကဌကို UK သံအမတ် တွေ့ဆုံ

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကို UK သံအမတ်  Mr. Andrew Heyn  နဲ့ Second secretary  Joe Fisher တို့က ဒီကနေ့မနက် ၈ နာရီခွဲကနေ ၉ နာရီအထိ  ခွန်ထွန်းဦးရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

ခွန်ထွန်းဦးနဲ့အတူ SNLD  အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ အတွင်းရေးမှူး စိုင်းစောအောင်တို့ ပါဝင် လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ထောင်တွင်း အခြေအနေနဲ့ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတွေကို UK သံအမတ်ကြီးက မေးမြန်း သွားခဲ့တယ်လို့ SNLD ပါတီပြော ခွင့်ရ စိုင်းလိတ်က ပြန်လည်ပြောပြပါတယ်။ ဆွေးနွေးချက်တွေကို အောက်ပါအတိုင်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

0004
Mr. Andrew Heyn ။     ။ ထောင်တွင်းအခြေအနေကိုပြောပြပါဦး။

ခွန်ထွန်းဦး။    ။ ထောင်ထဲမှာ ကျန်းမာရေးစစ်ဆေးမှုတော့ မဆိုးဘူး။ အစားအသောက်ကတော့ ညံ့တယ်။ ကျနော်တို့ကို နယ်ဝေးထောင်တွေပို့လိုက်ပြန်တော့ အဲဒီမှာလဲ ရွာငယ်လေးတွေဘဲဆိုတော့ အိမ်ကပို့ပေးတဲ့ အစားအသောက်နဲ့ အိုင်စီ အာရ်စီက ထောက်ပံ့တဲ့ အစားအစားတွေကိုဘဲ အားထားရတယ်။ အိမ်ကမိသားစုကလဲ ၃ လ တကြိမ် သွားသွားတွေ့ရ တယ်။ ကျနော်ကတော့ ထောင်ထမင်းကိုမစားနိုင်ဘူး။ သာမာန်ထောင်သားတွေကိုကျွေးနေတဲ့ထမင်းတွေက အရမ်းညံ့ တယ်။

Mr. Andrew Heyn ။     ။ နေပြည်တော်အစိုးရအပေါ် ဘယ်လိုမြင်သလဲ။ သူ့အပေါ် ဘယ်လောက်အထိ ယုံကြည်ပါသလဲ။

ခွန်ထွန်းဦး။    ။ ၁၀ ရာခိုင်နှုန်းဘဲယုံကြည်တယ်။ သူတို့ ကရင်နဲ့လက်မှတ်ထိုးချိန်ကစပြီး သျှမ်းတပ် (စဝ်ပန်ဖှ) ကို တိုက်ရာကနေ ရပ်ထား တဲ့အခြေအနေအထိကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေအပေါ် သူတို့သဘောထားက ခွဲခြား တယ် လို့တွေ့ရတယ်။ အပြောနဲ့အလုပ် မညီဘူး။ နောက်ပြီး သူတို့က ထောင်သားတွေအပေါ်  အဓိပ္ပါယ်ဖွင့် အမည်တပ် တာနဲ့ ကျနော်တို့နားလည် တာနဲ့က မတူညီပြန်ဘူး။ ဥပမာ  သျှမ်းပြည်တပ်မတော် စဝ်ယွက်စစ်ရဲ့အဖွဲ့ သာယာဝတီထောင်မှာ ရှိနေတဲ့ စဝ်ခွန်ကျော် ။ သူလဲ သူ့ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတဲ့သူဘဲ။ KNU ရဲ့လူ ဖြစ်တဲ့ မန်းငြိမ်းမောင်ကိုကျတော့ ပြန်လွှတ်ပေးလိုက်ပြီ။ ဒီဟာကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုမျိုးလဲ သူနားမလည်သေးတာ တွေ့ရတယ်။ ဒါကြောင့်  နေပြည်တော်အစိုးရရဲ့ အမြင်နဲ့ ကျနော်တို့အမြင်က ကွာနေတယ် မတူညီဘူး။

Mr. Andrew Heyn ။     ။ SNLD က ဘယ်မူအပေါ် အခြေခံသလဲ။  By- Election  အပေါ် ဘယ်လိုမြင်ပါသလဲ။

ခွန်ထွန်းဦး။    ။ ကျနော်တို့ ၂ ခု ဆုံးဖြတ်ထာတယ်။ ပထမအချက်- ပါတီအတွက် မှတ်ပုံတင်မယ်။ ဒုတိယအချက် - ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူး။ အချိန်က မရှိတော့ဘူး။ ကျနော်တို့က ဘာမှမပြင်ဆင်ရသေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲကိုဘဲ အာရုံထားတော့မယ်။

Mr. Andrew Heyn ။     ။ SNDP နဲ့ အဆင်ပြေလား။ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဒီကနေ့ မြန်မာ့နိုင်ငံရေး အပေါ် ဘယ်လိုမြင်သလဲ။

ခွန်ထွန်းဦး။    ။ ကျားဖြူပါတီဥက္ကဌက သူတို့ပါတီနာမည်နဲ့ လားရှိုးမှာလွတ်နေတဲ့ လွှတ်တော်အမတ်နေရာဝင်ပြိုင်ဖို့ ကမ်းလှမ်းပါတယ်။ ကျနော့်ပါတီကိုပစ်ပယ်ပြီး သူတို့ပါတီထဲဝင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ သူတို့ပါတီရဲ့ ပေါ်လစီက ကျနော် တို့နဲ့ ကွာခြားနေတယ်။ ကျနော်တို့က လူထုရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာ ရှိနေ တဲ့ ရပိုင်ခွင့်နဲ့  တန်းတူညီမျှရေး၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ခွင့်ရရှိရေးအတွက် လုပ်ချင်တယ်။ သို့ပေမယ့် နောက်လာ မယ့် ၂၀၁၅ ကျရင် ကျနော်တို့ ပါတီနဲ့ ကျားဖြူပါတီရဲ့ ဗဟိုကော်မတီဝင်တွေ လက်မတွဲဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။

Mr. Andrew Heyn ။     ။ သျှမ်းပြည်မှာရှိနေတဲ့ ကလောနဲ့ လားရှိုး ၂ နေရာကို  NLD  ဘာကြောင့် သွားပြီး ဝင်ပြိုင်မှာလဲ။ NLD ကိုကော  SNLD  အနေနဲ့ ဘယ်လိုအကူအညီ အထောက်အပံ့တွေ ပေးမလဲ။

ခွန်ထွန်းဦး။    ။ ကျနော်တို့ကတော့ ဘယ်ဖက်မှ မယိမ်းမယိုင်ဘူး။   ၆၀ ရာခိုင်နှုန်းကတော့ ပြောင်းလဲလာလိမ့်မယ် လို့ယုံကြည်တယ်။ အောင်ဆန်းစုကြည်ဟာ  International figure  ဖြစ်တဲ့အတွက် ၆၀ ရာခိုင်နှုန်းလောက်တော့ သူမ  ပြင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အတိအကျတော့မပြောနိုင်ဘူး။ မျှော်လင့်ထားတာကိုပြောတာပါ။

Mr. Andrew Heyn ။     ။ သူမ တိုင်းရင်းသားအရေးအပေါ် ဘယ်လိုသဘောထားတယ် မြင်သလဲ။

ခွန်ထွန်းဦး။    ။ အစိုးရနဲ့ သူမ နဲ့ယှဉ်လိုက်ရင် တိုင်းရင်းသားတွေက သူမကို ပိုပြီး ယုံကြည်ကြတယ်။ သူမရဲ့ လုပ်ရည်ကိုင်ရည်ကြောင့်ဖြစ်တယ်။

Mr. Andrew Heyn ။     ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအပေါ် ဘယ်လိုမြင်သလဲ။

ခွန်ထွန်းဦး။    ။ စိတ်ရင်းသဘောထား ပြောင်းလဲဖို့လိုတယ်။ ဖက်ဒရယ်နဲ့ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ပိုင်ခွင့် လိုချင် တယ်။ ကျနော်တို့တောင်းတာက ဖက်ဒရယ်လစ်ဇင်။ အဲတာကို သူတို့က ခွဲထွက်ရေး တောင်းတာလို့ ကျနော်တို့ကို စွပ်စွဲတယ်။ ဒါ မဖြစ်သင့်တဲ့ကိစ္စဘဲ။ ဥပမာ မြို့ထဲမှာဆိုရင် တရုတ်စာကိုလွတ် လွတ် လပ်လပ် သင်ခွင့်ရှိတယ်။ သျှမ်း စာပေ သျှမ်းစကားအတွက်ကျတော့ အစိုးရက အားပေးဖို့မပြောနဲ့ ဘုန်းကြီးကျောင်းမှာသင်ဖို့တောင် အခွင့်မရှိဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလဲ သူတို့က ခွဲခြားအုပ်ချုပ်နည်းကိုသုံးနေသေးတယ်လို့မြင်တယ်။

Mr. Andrew Heyn ။     ။ တရုတ်အပေါ် ဘယ်လိုမြင်သလဲ။

ခွန်ထွန်းဦး။    ။ ကျနော်တို့ စုပေါင်းကာကွယ်မှုမရှိရင် ဧရာဝတီမြစ်ကြီးဟာ တရုတ်နဲ့ ကုလားရဲ့ ခြံစည်းရိုးဖြစ် သွား လိမ့်မယ် လို့ ပြည်တွင်းဂျာနယ်တွေရဲ့မေးမြန်းမှုကို ကျနော်မကြာခဏ ဖြေခဲ့ဖူးပါတယ်။

Mr. Andrew Heyn ။     ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်ကော ဘယ်လိုမြင်သလဲ။

ခွန်ထွန်းဦး။    ။ ဒီကိစ္စ ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးဖို့ သူတို့မှာ စိတ်ကူးတောင်မရှိဘူး။ သူတို့ရဲ့ ခွဲခြားအုပ်ချုပ်မှုကြောင့် တချို့တလေကိုသူတို့သွားတွေ့ဆုံဆွေးနွေးပြီးတချို့တလေကို ပစ်ထားခဲ့တာကြောင့်ဘဲ။ သူတို့ရဲ့ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ဥပမာ အားလုံးကပါဝင်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပင်လုံညီလာခံလိုမျိုး သူတို့ မလုပ်ချင်လို့ လေ။

Mr. Andrew Heyn ။     ။ ဝန်ကြီးတယောက်ယောက်နဲ့ တွေ့ဖို့ အစီအစဉ်ရှိလား။

ခွန်ထွန်းဦး။    ။ မရှိဘူး။ ဒါပေမယ့် သူတို့ရဲ့ စိတ်နေသဘောထားနဲ့ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမယ်။ ပြောင်းလဲလို ပြောင်းလဲငြားပေါ့။

Joe Fisher ။    ။ နေပြည်တော်ကလူတွေကိုကြည့်ရင် တချို့ကပြောင်းလဲချင်တာကိုတွေ့ရတယ်။

ခွန်ထွန်းဦး။    ။ ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိရုံနဲ့ ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့ မထိုက်တန် သေးဘူး။ ရှေ့ဆက် ပါလီမန်တွေကိုစောင့်ကြည့်ရဦးမှာ။

Joe Fisher ။    ။ မြန်မာအစိုးရတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ဆို့မှုကို အီးယူက ဒီကနေ့ဘဲ ရုတ် သိမ်းလိုက်ပြီ။ ယူကေ အနေနဲ့တော့ ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံရေးပြောင်းလဲလာအောင်ဘဲ ကူညီပေးမယ်။ ဖွံ့ဖြိုးရေးအထောက်အပံ့ကိုတော့ ခုအခြေအနေမှာ ပေးဖို့ မရှိသေးဘူး။

Myanmar Newsမြန်မာ့သတင်း