You are here သတင်း

သတင်း

၁၉၉၀ ကဲ့သို့အလိမ် မခံရရန် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကျေညာချက် ထုတ်ပြန်

အုပ်ချုပ်သူများသည် ရခိုင်အမျိုးသားများအား နည်းလမ်း အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက် လိမ်ညာနေ၍ ဆက်လက် အလိမ်မခံရစေရန် ရည်ရွယ်ပြီး ၂၃ နှစ်မြှောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ ကျေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် မင်းပြားမြို့နယ် အမတ် ဦးထွန်းဝင်းက ပြောသည်။

အပြည့်အစုံသို့ ...

အမျိုးသမီးတဦးအားခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာပြုမှုကြောင့် အမ်းရဲစခန်းမှူး တရားစွဲခံရ

အမျိုးသမီးငယ်တစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသားစုမှ အမ်းမြို့နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

အပြည့်အစုံသို့ ...

ကယားပြည်နယ်အတွင်း ဒေသခံအချို့ အစိုးရဌာနအပြင် KNPP သို့ အခွန်ငွေပေးဆောင်ရ

ကယားပြည်နယ်ရှိ ကျေးရွာအချို့အတွင်းမှ ဒေသခံရွာသားများသည် မြန်မာအစိုးရဌာနအပါအ၀င် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အဖွဲ့ဝင်အချို့ထံသို့ အခွန်ငွေများ ပေးဆောင်ရသော ကြောင့် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း လောပိတမြို့နယ်နေ ဒေသခံများထံမှ သိရသည်။

အပြည့်အစုံသို့ ...

အစိုးရစစ်တပ်အား ယုံကြည်မှုမရှိသဖြင့် စစ်ပြေးဒုက္ခသည်များ နေရပ်အတည်မပြန်ရဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ စစ်ဘေးစစ်ဒဏ်ကြောင့် တရုတ်နယ်ထဲဝင်ရောက်ခိုလှုံနေသည့် ဒုက္ခသည်များ အစိုးရစစ်တပ်အား ယုံကြည်မှုမရှိသောကြောင့် နေရပ်မပြန်ရဲသေးကြကြောင်း နမ့်ခမ်းဒေသခံများကပြောပြသည်။

အပြည့်အစုံသို့ ...

ဆထက်တိုး ပြင်းထန်လာသည့်ပဋိပက္ခများ ကာကွယ်ရန် ဂက်စ်ပိုက်လိုင်းစီမံကိန်းချက်ချင်းရပ် Shan CBO တိုက်တွန်း

ဂက်စ်ပိုက်လိုင်းကြောင့် ဒေသခံလူထုမှ ပြဿနာအမြောက်အများထပ်မံရင်ဆိုင်ရမည်ဖြစ်လေရာ နှစ်ရှည်စွာဖြစ်တည်လာ ခဲ့သည့် ပဋိပက္ခ၏ အခြေခံဇစ်မြစ်အား တွေ့ဆုံညှိနှိုင်းအဖြေရှာမရသေးခင် လက်ရှိလုပ်နေသော အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းကြီးများ ယာယီဆိုင်းငံ့ရန် သျှမ်းလူထုအခြေပြုအဖွဲ့ အစည်းက တိုက်တွန်းလိုက်ပါသည်။

အပြည့်အစုံသို့ ...

ကချင် စစ်ပြေး ဒုက္ခသည်များ ထောက်ပံ့မှု အခက်အခဲဖြင့် ရပ်တည်နေရဆဲ

ကချင် ပြည်နယ် အတွင်း  ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နှင့် အစိုးရ တပ်ဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြသော ကချင် စစ်ပြေး ဒုက္ခသည်များသည် ထောက်ပံ့မှု အကန့်အသတ် အခက်အခဲနှင့်သာ ရပ်တည် နေရဆဲ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆားက ဆိုပါသည်။

အပြည့်အစုံသို့ ...

နမ့်ခမ်းဒုက္ခသည် စခန်းမှဝမ်းလျှော ပြသနာကုသရန် အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ်ရှိ နေ၀န်းနီတအာင်း (ပလောင်) ဒုက္ခသည် စခန်းတွင် ကလေးများ ၀မ်းပျက်၊ ၀မ်းလျှော ရောဂါများ ဖြစ်ပွားနေပြီး ကုသမှု အခက်အခဲ နှင့် ရင်ဆိုင် နေရသည်ဟု ပလောင် အမျိုးသမီး အဖွဲ့မှလွေးပိုး ညိုင်းကဆိုပါသည်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲကာလတွင် စီမံကိန်းကြီးများ ဆိုင်းငံ့ထားရန် ရှမ်းအဖွဲ့များ တောင်းဆို

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေချိန်တွင် ရှမ်းပြည်နယ်အတွင်း လုပ်ဆောင်နေသော စီမံကိန်းကြီးများ ယာယီ ရပ်ဆိုင်းထားရန် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများက မေလ ၂၂ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

အပြည့်အစုံသို့ ...

ကျောက်ဖြူ ရခိုင်ဒုက္ခသည် စခန်းတွင် စားရေရိက္ခာ ခက်ခဲနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတွင် သောက်ရေနှင့် စားနပ်ရိက္ခာ လုံလောက်မှု မရှိဘဲ အခက်ကြုံနေရကြောင်း စခန်း တာဝန်ရှိသူများက ဆိုသည်။

အပြည့်အစုံသို့ ...

မွန်စာပေကို ကျောင်းချိန်အတွင်းမှာ သင်ယူနိုင်ရန် ကြိုးပမ်းမည်

ကျောင်းချိန် ပြင်ပတွင်သာ မွန်စာပေ သင်ကြားခွင့် ပြုခြင်းမှာ မလုံလောက်နိုင်၍ကျောင်းချိန် အတွင်းသင်ကြား ခွင့်ရရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ကပြောဆို လိုက် သည်။

အပြည့်အစုံသို့ ...

US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနားတွင် တွေ့ဆုံမည်

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့်  တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့ ...

Page 2 of 1078

Myanmar Newsမြန်မာ့သတင်း