You are here သတင်း

သတင်း

ဓါတ်ဆီတင် ထော်လာဂျီကား ဝါယာရှော့ဖြစ်၍ အိမ် ၃ လုံးမီးလောင်ပြာကျ

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ တရနာကျေးရွာ အရှေ့ပိုင်း ရပ်ကွက်ရှိ နိုင်ထွန်းစိန်၊ မိညွန့်ကြည် လောင်စာဆီ အရောင်းဆိုင်ရှေ့ ထော်လာဂျီကားပေါ် ဓါတ်ဆီ ပီပါအတင်အချ ပြုလုပ်နေစဉ် ဝါယာရှော့ ဖြစ်ရာမှ မီးလောင်ကျွမ်းမှု တစ်ရပ် ယမန်နေ့ညတွင် ဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် ဆက်သွယ် မေးမြန်းချက် အရ သိရသည်။

အပြည့်အစုံသို့ ...

၁၄ ကြိမ်မြောက် နွေရာသီ မွန်ဘာသာဖြင့် အစိုးရဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကျင်းပမည်

မွန်ပြည်နယ် ရေးမြို့နယ်၏ နွေရာသီကျောင်းပိတ်ရက်အတွင်း မွန်ဘာသာဖြင့် သင်ကြားသော အစိုးရ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မေလ ၂၅ ရက်နေ့တွင် ရေးမြို့ရွှေဆံတော်ဘုရားဓမ္မာရုံတွင် စာဖြေ ဆိုကြမည်ဟု သိရသည်။

အပြည့်အစုံသို့ ...

တအာင်း (ပလောင်) နေထိုင်ရာဒေသ ဘိန်းစိုက်ပျိုးမှုများတိုးလာ

ရှမ်းပြည် မြောက်က်ပိုင်း နမ်းခမ်း မြို့နယ်တွင် လက်ဖက် စိုက်ခင်းနေရာ၌ ဘိန်းစိုက်ခင်းများဖြင့် အစားထိုး လာနေသည်ဟု နမ့်ခမ်းမြို့ဒေသခံ တစ်ဦးလည်းဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဗဟို ကော်မီတီဝင် တဦး ဖြစ်သည့် မိုင်းအိုက်ညိမ်းက ဆိုပါသည်။

အပြည့်အစုံသို့ ...

RCSS နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စင်တာ၌ အလွတ် သဘော တွေ့ဆုံရန်ရှိ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့သည် လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များကို ဖြေရှင်းရန် ၀န်ကြီး ဦးအောင်မင်းတို့ နှင့် လာမည့် မေလ ၁၈ ရက်နေ့တွင်  ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ အလွတ်သဘော သွားရောက် တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်ကြီး စိုင်းမိန်က ဆိုပါသည်။

အပြည့်အစုံသို့ ...

အစိုးရပိုင်သတင်းစာပါစွပ်စွဲချက် မဟုတ်မှန်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ် ငြင်း

မေလ ၁၅ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာမှ စွပ်စွဲချက်အတိုင်း မဟုတ်ရကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်က ငြင်းဆိုလိုက်ပါသည်။

အပြည့်အစုံသို့ ...

ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အချက် လေးချက်ကို သမ္မတ အိုဘားမားနှင့်ဆွေးနွေးပြီး အမေရိကန်နိုင်ငံက ကူညီဖြေရှင်းနိုင်ရန် မျှော်လင့်သည်ဟု အိမ်ဖြူတော်မှ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အပြည့်အစုံသို့ ...

တောင်သူ လယ်သမား အသင်းသစ် ဖွဲ့မည့်အပေါ် လက်ရှိအသင်း ဥက္ကဋ္ဌ ကြိုဆို

မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဝင် တောင်သူအချို့က အသင်းသစ် ထူထောင်မည်ဆိုခြင်းကို ကန့်ကွက်ရန်မရှိဘဲ လိုအပ်သော အကူအညီများ ဆက်လက် ပေးသွားမည်ဟု လက်ရှိအသင်း ယာယီ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ရေကာတာအရှင်များ ဆောက်ရန် ဘယ်လ်ဂျီယံကုမ္ပဏီ အကြိုလေ့လာမှုများပြုလုပ်

နွေရာသီ၌ စိုက်ပျိုးရေ၊ သုံးရေလုံလုံလောက်လောက် ရရှိရန်နှင့် လျှပ်စစ်ဓါတ်အားများ ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရေကာတာ အရှင်များ တည်ဆောက် ရန်အကြိုလေ့ လာမှုများ ပြုလုပ်လျက် ရှိကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဌာန၊ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။

အပြည့်အစုံသို့ ...

မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသခံများ ညွှန်ကြားချက် မလိုက်နာပါက အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။

အပြည့်အစုံသို့ ...

နမ့်ခမ်းမြို့နယ် ပစ်ခတ်မှုကြောင့် ဒေသခံ ဆုံးရှုံးမှုများကို လျော်ကြေးပေးနိုင်ရန် စာရင်းကောက်

အစိုးရတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ပျက်ဆီး ဆုံးရှုံးမှုများကို  လျော်ကြေး ပေးနိုင်ရန် အတွက် အပျက် အဆီး အဆုံးအရှူံး စာရင်းများ မေလ (၁၅) ရက်နေ့တွင်စတင်ကောက် ယူ နေပြီ ဖြစ်ကြောင်း စာရင်း ကောက်ယူ ရာတွင် ပါဝင် ခဲ့သည့် ကျားဖြူ ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

အပြည့်အစုံသို့ ...

အထိန်းသိမ်းခံ လူငယ်များ အမှုမှန်ပေါ်ရေး မွန်ပါတီများ ကူညီမည်

သင်္ကြန် နှစ်ဆန်း တရက်နေ့၌ မွန်ပြည်နယ် ရိုးဂိုး ဘုရားပွဲသို့ အလည် သွားသည့် မွန်လူငယ် တစုနှင့် ဒု-ရဲအုပ်တို့ ရိုက်နှက်မှု ဖြစ်ပွားပြီး လူငယ် ၁၁ ဦး ထိန်းသိမ်းခံရမှုနှင့် ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် မွန်နိုင်ငံရေးပါတီများ ဆွေးနွေးနေကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

Page 3 of 1074

Myanmar Newsမြန်မာ့သတင်း