BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here သတင်း ရွှေဟင်္သာ သတင်းဌာန

ရွှေဟင်္သာ သတင်းဌာန

မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ်၏ ခေါင်းဆောင်သစ်

မွန် အမျိုးသား ရေးရာ အဖွဲ့ချုပ် MAU ( Mon Affairs Union ) ၏ အဖွဲ့ဝင် ကော်မီတီ အသစ် (၃၅) ဦးကို မေလ (၇) ရက်နေ့ တွင် ကျင်းပသော ပထမ အကြိမ် ဗဟိုကော်မတီ အစည်းအဝေးက အတည်ပြု လိုက်ပါသည်။ အဆိုပါ အစည်အဝေးသည် ထိုင်းမြန်မာ နယ်စပ် စံခလ ဘူရီမြို့ တနေရာတွင် ကျင်းပပြီး ဗဟိုကော်မတီဝင်  (၂၄) ဦး တက်ရောက် ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောပါသည်။

အပြည့်အစုံသို့ ...

လူ့အခွင့် အရေး ချိုးဖောက် ခံရကြောင်း ခိုင်လုံပါက ကော်မရှင်မှ ၀င်ရောက် ဖြေရှင်းမည်

လူ့အခွင့် အရေး အမှန်တကယ် ချိုးဖောက် ခံရကြောင်း မီဒီယာ များက ခိုင်လုံစွာ ဖေါ်ပြ ထားပါက ယင်း သတင်းပါ ကိစ္စများ နှင့် ပတ်သတ်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ ပါဝင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ကော်မရှင်၏ အတွင်း ရေးမှူး ဖြစ်သူ ဦးစစ်မြိုင်က ပြောပါသည်။

အပြည့်အစုံသို့ ...

မြန်မာ နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံဖြစ်နေ

မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။

အပြည့်အစုံသို့ ...

ကမ္ဘာ့ အလုပ်သမား နေ့မှာ စက်ရုံ တချို့ ပိတ်ခွင့်မရ

၁၂၂ ကြိမ်မြောက် ကမ္ဘာ့ အလုပ် သမားနေ့လို ရုံးပိတ်ရက်တွေမှာ ရန်ကုန်မြို့က စက်ရုံတွေဖြစ်တဲ့ ယူနီ ကာလာ ဗလာ စာအုပ် စက်ရုံ၊ ဒဂုံ ဗလာစာအုပ် စက်ရုံ၊ တောင်ဒဂုံကြိမ်နှင့် ပရိဘောဂ စက်ရုံ နဲ့ တခြား စက်ရုံ တချို့ အလုပ် ပိတ်ခွင့် မရခဲ့ ဟု စက်ရုံ အလုပ်သမား တဦးက ပြောပါသည်။

အပြည့်အစုံသို့ ...

၂၀၁၂ခုနှစ် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ ဆုံးဖြတ်ချက်(၅) ရပ်

၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ အလုပ်သမား နေ့တွင် မြန်မာ နိုင်ငံ စက်မှုဇုန် အလုပ် သမားများ သမဂ္ဂ (MITU) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား များနှင့် စိုက်ပျိုးရေး အလုပ် သမားများ အဖွဲ့ (AFFM) တို့မှ ပူးပေါင်းပြီး အလုပ် သမားများနှင့် ပါတ်သက်သော ဆုံးဖြတ်ချက် (၅) ရပ်ကို ချမှတ် ခဲ့ပါသည်။

အပြည့်အစုံသို့ ...

အစိုးရမှ လွှတ်ပေးရန် သဘောထား တင်းမာ နေသည့် မွန် နိုင်/ကျဉ်း လွှတ်ပေးပြီ

မြန်မာ အစိုးရ ဘက်မှ လွှတ်ပေးရန် သဘောထား တင်းမာ နေသော မွန် နိုင်/ကျဉ်း နှစ်ဦး လွှတ်ပေး လိုက်ပြီး ယနေ့ မွန်းလွဲ (၂) နာရီတွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဟိုတယ်၌ မွန်ပြည်သစ် ပါတီ လက်ထဲသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း အဆိုအား ကိုးကားပြီး ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးမှ ပြောကြား လိုက်ပါသည်။ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ နှစ်ဦးအား လွှတ်ပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဦးအောင်မင်းမှ အစိုးရနှင့် ညှိနှိုင်း ပေးခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့ ...

ရန်ကုန်၌ ရုံးပြန်ဖွင့်ရန် ကမ္ဘာ့ဘဏ်ပြင်ဆင်

ဇွန်လဆန်းပိုင်း၌ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ရန် ရှိပြီး ဇွန်လအတွင်း၌ပင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စစ် Pamela Cox လာရောက် လည်ပတ်ရန် ရှိကြောင်း ဧပြီလ (၂၆) ရက်နေ့က ထုတ်ပြန်ပြောဆို လိုက်ပါသည်။

အပြည့်အစုံသို့ ...

စာနယ်ဇင်း အဖွဲ့အစည်းများ လွပ်လပ်စွာ ဖွဲ့စည်းနိုင်ပြီ

2012 ခုနှစ် ဧပြီလ 25 ရက်နေ့က Chatrium ဟိုတယ်၌ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနနှင့် IMS (international Media Support) တို့ ပူးပေါင်း၍ Workshop on Print Regulation ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဋ္ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်က Press Council အား လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိကြောင်း ပြည်တွင်း မီဒီယာများအား ထုတ်ဖော် ပြောကြား သွားပါသည်။

အပြည့်အစုံသို့ ...

တတိယ အကြိမ်မြောက် မွန်လူငယ် နှီးနှော ဖလှယ်ပွဲ

တတိယ အကြိမ်မြောက် မွန်လူငယ် နှီးနှော ဖလှယ်ပွဲကို ယနေ့ နံနက် (၈း၃၀) နာရီ အချိန်တွင် မွန်ပြည်သစ် ပါတီ ထိန်း ချုပ်သော နယ်မြေ တစ်နေရာ၌ ကျင်းပလျှက် ရှိပါသည်။ အဆိုပါ နှီးနှော ဖလှယ်ပွဲသည် ပြည်တွင်း၊ ပြည်ပရှိ မွန်လူငယ် ကိုယ်စားလှယ်ပေါင်း (၇၀) ခန့် တက်ရောက် ခဲ့သည်ဟု နှီးနှော ဖလှယ်ပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်သူ တစ်ဦးက ပြောပါသည်။

အပြည့်အစုံသို့ ...

အတိုက်အခံ မြန်မာကျောင်းသား လူငယ်များ ညီလာခံ

သတ္တမ အကြိမ်မြောက် မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ (SYCB) Students and Youth Congress of Burma ညီလာခံသည် ပြီးခဲသည့် ဧပြီလ (၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ တနေရာ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အပြည့်အစုံသို့ ...

မြန်မာအပေါ် ပိတ်ဆို့ထားမှုများ EU နိုင်ငံများကဆိုင်းငံ့ထား

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုမှ ယာယီ ဆိုင်းငံ့ထားသော အီးယူ ပိတ်ဆို့မှုများ အားလုံးလုံးဝ ဖွင့်ပေးမည်ဟု ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ၀ါဆောမြို့တွင် သ တင်းထောက်များကို ပြောကြားခဲ့ပါသည်။

အပြည့်အစုံသို့ ...

Page 1 of 37

Myanmar Newsမြန်မာ့သတင်း