You are here သတင်း မွန်အေဂျင်စီ စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မကျေနပ်၍ မဲရုံလုံခြံရေးတာဝန်ယူသည့် မြန်မာရဲကို ကေအန်ယူမှသေနတ်ဖြင့် ပစ်ခတ်

စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မကျေနပ်၍ မဲရုံလုံခြံရေးတာဝန်ယူသည့် မြန်မာရဲကို ကေအန်ယူမှသေနတ်ဖြင့် ပစ်ခတ်

User Rating: / 0
PoorBest 

 

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကို မကျေနပ်၍ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြိ့နယ် ခလယ်တံခွန်တိုင်ကျေး ရွာရှိ မြန် မာရဲစခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြရန် နအဖမှ ထောက်ခံမဲထည့်ရန် အတင်းအဓမ္မ တိုက်တွန်းနေသောကြောင့်ခလယ်တံခွန်တိုင်ကျေးရွာ တပ်ရင်း (၁၆) မှ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၃) စစ်တပ်များပူပေါင်း  ပြီး ရဲစခန်းကို မဲထည့်ရက် မတိုင်ခင် မေလ ၉ ရက်နေ့ ည (၇) နာရီ အချိန်တွင် စတင်ဝင်တိုက်သည်။

''ကေအန်ယူကဝင်တိုက်တာ ရဲစခန်းက တပ် ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦး ထိခိုက်ဒက်ရာ ရရှိတာကလွဲပြီး အခြားဘာမှ ထိခိုက်တာ မရှိ ဘူး''ဟု ဘုရားသုံးဆူဒေသရှိ ကရင်အမျိုး သားအစည်းအရုံး တပ်မဟာ (၆) မှ ဗိုလ်ကြီး ထက်နေက ပြောသည်။

ယခုလိုဝင်တိုက်တာ မဲရုံးကိုစောင့်ကြပ် သည့်ရဲသားများကို မကျေနပ်၍ဖြစ်ပြီး  နောက် တစ်ချက်မှာ မဲထည့်မည့် မေ (၁၀) ရက်နေ့ ဖျတ်သိမ်းစေချင်သောသဘောဖြင့် ဝင်တိုက်သည်ဟု ဗိုလ်ကြီးထက်နေက ဆက်ပြောသည်။

''မုန်တိုင်းဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့ကြားက နအဖတွေက မဲကို အတင်းထည့်ခိုင်းနေတယ်။ မဲနဲ့ပြည်သူ ဘယ် ဟာကအရေးကြီးလဲ ကျနော်တို့ အတိုက်အခံ အဖွဲ့တွေက နအဖကို မကျေနပ်ဘူး'' ဟု သူက ဆက်ပြောသည်။

''ကေအန်ယူစစ်တပ်တွေ ရဲစခန်းကိုဝင် တိုက်တာ စခန်းမှူးတစ်ဦးနှင့် ရဲနှစ်ဦး ထိခိုက်ဒက် ရာရရှိပြီး နယ်ထိန်းတစ်ဦး ကလည်း ကျဆုံး သွားသည်'' ဟု အမည်မဖော်လိုသူ  ဟောင် သရော်အဖွဲ့ ကေပီအာဖ် နှင့်နီးစပ်သူတစ်ဦးက  ပြောသည်။

သို့သော်လည်း ရဲအရာရှိနှင့် ရဲသားတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မဈ သေဆုံးခဲ့ခြင်းမရှိဟု ဗိုလ် ကြီးထက်နေက ပြောသည်။

ထိုခလယ်တံခွန်တိုင်ကျေးရွာကဲ့သို့ ရေးမြိ့ နယ်တောင်ပိုင်း ခေါဇာမြိ့နယ်ခွဲတွင်လည်း မဲဆန္ဒ ထည့်သည့်နေ့တွင်လည်း မဲရုံအနီးတွင် ဗုံ နှစ်လုံး ပေါက်ကွဲခဲ့သည်။ သို့သော်မည်သူမျှ ဒဏ်ရာ မရချေ။

တနင်္သာရီတိုင်း ထားဝယ်မြိ့နယ်ရှိ ကရင် ကျေးရွာများ၊ ရေးမြိ့နယ်ရှိကျေးရွာများနှင့် ကရင် ပြည်နယ် တောင်ငူမြိ့နယ် ရှိကျေးရွာများတွင် လည်း မြန်မာစစ်အစိုးရမှ ၄င်းတို့ဖွဲ့စည်းပုံကို အတင်းအဓမ္မထောက်ခံခိုင်းနေသည်။ ရွာသား အများစုမှာ ၄င်းတို့ရေးဆွဲထားသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နားလည်းမှု မရှိဟု ဗိုလ်ကြီးထက်နေက ပြောသည်။

''ရေးမြိ့နယ်အနီးအနားမှာရှိတဲ့ ကရင် ရွာတွေကလည်း ဆန္ဒမဲတွေလာထည့်ဖို့အတွက် တရက်လောက် အာယုတောင် ကျေးရွာမှာ ကြိုတင်ပြီး လာအိပ်ရတယ်'' ဟု ၄င်းဗိုလ်ကြီးက ဆိုသည်။

အကယ်၍ ရွာသားတို့မှ ဆန့်ကျင်မဲထည့် ပါက ထိုမဲကို မဲကော်မရှင်က အမှိုက်ပုံထဲတွင်  ပစ်လိုက်သည်။ မဲကော်မရှင်မှ မဲလာရောက် ထည့်သူများကို မည်သည့်မဲထည့်လိုသည်ကို အရင်ဆုံး မေးမြန်းသည်။ သို့သော် အချို့ကော် မရှင်သည် မဲထည့်သူများကို ၄င်းတို့လက်ဗွေ တစ်ခုတည်းသာ ဆန္ဒမဲလက်မှတ်တွင်နှိပ်ခိုင်းသည်။

Myanmar Newsမြန်မာ့သတင်း