ဧရာဝတီတိုင်း ဝါးခယ်မမြိ့နယ်ရှိ ကျေးရွာငယ်လေးများတွင် လေဘေးဒုက္ခသည်များသည် ဆန္ဒမပါဘဲ ၄င်းတို့ အား စောင့်ရှောက်ထားရာ နေရာများမှ တိုင်းအာဏာပိုင်တို့က အတင်းအဓမ္မ ပြောင်းရွှေ့ခံနေကြရသည်။
ဝါးခယ်မမြိ့နယ် ကနစိုးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လေဘေးဒုက္ခသည် (၂၀၀၀) ခန့်သည် ယင်းဘုန်းကြီးကျောင်းမှ ဝါးခယ်မမြိ့ပေါ်သို့ ရွှေ့ပြောင်းခိုင်းရာ လူကြီးများအပြင် အရွယ်မရောက်သေးသော မိဘမဲ့ ကလေးငယ်များပါမကျန် ဆန္ဒမပါသော်လည်း အပြောင်းရွှေ့ခံခဲ့ကြရသည်ဟု ထိုရွာသို့ သွားရောက်လှူဒါန်းခဲ့သော ရန်ကုန်မြိ့ခံတစ်ဦးက ပြောသည်။
''ပထမတော့ သူတို့က ကလေးတွေကိုမေးပါတယ်၊ မြိ့ပေါ်မှာသွားနေမယ့်သူတွေ မတ်တပ်ရပ်ကြလို့ပြောတော့ ကလေးတွေက တစ်ယောက်မှ မတ်တပ်ထမရပ်ကြဘူး၊ အဲဒီတော့ သူတို့တွေက ကလေးတွေကို နင်တို့မသွားချင်လည်း မရဘူး အကုန်သွားရမှာပဲတဲ့ အဲဒီအချိန်မှာ ကလေးတွေရဲ့မျက်နှာလေးတွေက တော်တော့်ကိုသနားဖို့ကောင်းတာ'' ဟု သူမက ထပ်ပြောသည်။
ကျေးရွာရှိကလေးငယ်များအား ဝါးခယ်မမြို့အပြင် မြောင်းမြမြို့သို့လည်း ပြောင်းရွှေ့စေသည်။ မိမိတို့၏ နေရပ်ဒေသမှ မပြောင်းရွှေ့သူများအား ပြန်လည်နေထိုင်ရန် နေရာချထားပေးမည်မဟုတ်ဟု ဒေသခံအကြီးအကဲများက ရွာခံများအား ခြိမ်းခြောက်သည်ဟုလည်း ထပ်မံပြောကြားသည်။
မေလ (၂၁) ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော မြန်မာ့အလင်းသတင်းစာ၌ နိုင်ငံတော်အကြီးအကဲများမှ မေလ (၁၇) ရက်နေ့တွင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကျေးရွာများသို့ လေဘေးဒုက္ခသည်များအား အလှူရှင်များထံမှ ရရှိသော ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ပြည်သူများထံအရောက် ပြန်လည်လှူဒါန်းသည်ဟုလည်း ဖော်ပြသည်။
ဝါးခယ်မမြို့နယ်ကယ်ဆယ်ရေးစခန်းမှ လေဘေးဒုက္ခသည်များအား ၄င်းတို့၏နေရပ်ဖြစ်သော မော်လမြိုင် ကျွန်းမြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး ယခင်အိမ်နေရာများတွင် ယာယီမိုးကာတဲများ တည်ဆောက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည့်အားပေးကူညီစောင့်မှုများ ပြုလုပ်ပေးကာ ရိက္ခာများကို ဆက်လက် ထောင့်ပံ့ပေးလျှက်ရှိသည်ဟုလည်း ၄င်းတွင်ဖော်ပြထားသည်။
ထို့အပြင် ဝါးခယ်မမြို့နယ်ကယ်ဆယ်ရေးစခန်းမှ လေဘေးဒုက္ခသည်များအား ၄င်းတို့၏နေရပ်ဖြစ်သော မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး ယခင်အိမ်နေရာများတွင် ယာယီမိုးကာတဲများ တည်ဆောက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည့် အားပေးကူညီစောင့်မှုများ ပြုလုပ်ပေးကာ ရိက္ခာများကို ဆက်လက်ထောင့်ပံ့ပေးလျှက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
လေဘေးဒုက္ခသည်အများစုသည် ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီး ကလေးငယ်များမှာ လူကြီးများထက် ရောဂါဒဏ် ကို ဆိုးရွားစွာ ခံစားနေကြရသည်ဟု ကနစိုးကုန်းကျေးရွာသို့ အလှူသွားရောက် ပေးခဲ့သော ရန်ကုန်မြို့မှ ဒေါက်တာတစ်ဦးက ပြောသည်။
World version ဝေါဝါးရှင်းမှ အသက် (၅၀) ဝန်းကျင်ခန့်ရှိ ဒေါက်တာတစ်ဦးကို ယင်းကျေးရွာရှိ ဒုက္ခသည်များအား စောင့်ရှောက်ရန် ထားရှိသော်လည်း ၄င်းရွာလေးအတွက် ရောဂါစောင့်ရှောက်မှုအင်အား အားနည်းနေသေးသည်ဟု ယင်းကထပ်ပြောသည်။
အခြားဒေသမှ လာရောက်လှူဒါန်းသော ပုဂ္ဂလိကအလှူရှင်များသာ ကိုယ်တိုင်ကိုယ်ကျ လှူခွင့်ရှိပြီး တစ်ခြားအုပ်စု၊ အဖွဲ့အစည်းများကိုမူ ဒေသခံအကြီးအကဲများမှတစ်ဆင့် ပေးလှူကြရမည်ဖြစ်၍ မလှူဘဲပြန်သွားသော အလှူခံအများအ ပြားရှိသည်ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိကအလှူရှင်တစ်ဦးက ပြောသည်။
ကျေးရွာဘုန်းကြီးကျောင်းမှ ဒုက္ခသည် (၂၀၀၀) ခန့်ကို (၁) ရက်လျှင် ဆန် (၁၅) တင်းခန့် ဒိုင်ခံချက်ပြုတ် ကျွေးနေခဲ့သော်လည်း ပြောင်းရွှေ့ခံရပြီးနောက် လေဘေးဒုက္ခသည်များမှာ ထမင်းနပ်မှန်လိမ့်မည်မဟုတ်ဟု အင်းစိန်မြို့ခံ အလှူရှင်တစ်ဦးက ပြောသည်။
ဝါးခယ်မမြို့နယ်ရှိ ဘုန်းတော်ကြီးတစ်ပါးကလည်း ကျေးလက်မှာရှိသောဒုက္ခသည် ရွာသူရွာသားများအတွက် စိတ်ပူသော်လည်း သက်ဆိုင်ရာ အကြီးအကဲများ၏ အတင်းအဓမ္မပြောင်းရွှေ့စေမှုကို မည်သူမှ မလွန်ဆန်နိုင်ပါ။ ထို့ကြောင့် ''ကလေးတွေအတွက်ကတော့ တကယ့်ကိုရင်လေးစရာပဲ''ဟု ပြောသည်။
ဝါးခယ်မမြို့သို့ မေ လ ၅ ရက်နေ့မှ ၂၀ ရက်အထိ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်နှင့် ဆောက်လုပ် ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၄ ဒသမ ၅ တန် ပေးပို့ထားသည်။ မေလ ၂၁ ရက်နေ့တွင် မအူပင်၊ မြောင်းမြ၊ ဝါးခယ်မ၊ ဖျာပုံ၊ ဒေးဒရဲ၊ ငပုတောနှင့် ဟိုင်းကြီးကျွန်းမြို့များသို့ သွပ်၊ ရေသန့်ဘူး၊ စောင်၊ အဝတ်အစား၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းတန်ချိန် ၂၇ တန်ကို မော်တော်ယာဉ်များဖြင့် ရန်ကုန်မှ ထွက်ခွာခဲ့သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြသည်။
