You are here သတင်း မွန်အေဂျင်စီ ပထမအကြိမ် မွန်သဒ္ဒါကျမ်းဆိုင်ရာတင်ပြခြင်းနှင့် မွန်မှုသုတေသနစာတမ်းဖတ်ခြင်းကို မော်လမြိုင်မြို့တွင် ကျင်းပ

ပထမအကြိမ် မွန်သဒ္ဒါကျမ်းဆိုင်ရာတင်ပြခြင်းနှင့် မွန်မှုသုတေသနစာတမ်းဖတ်ခြင်းကို မော်လမြိုင်မြို့တွင် ကျင်းပ

User Rating: / 0
PoorBest 

မွန်သဒ္ဒါကျမ်းဆိုင်ရာတင်ပြခြင်းနှင့် မွန်မှုသုတေသနစာတမ်းဖတ်ခြင်းအခမ်းအနားကို ပထမ အကြိမ်အဖြစ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည်။

အဆိုပါမွန်သဒ္ဒါကျမ်းကို အငြိမ်းစားပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြုစုထားပြီး ယခုစာတမ်းဖတ်ပွဲတွင် စိတ်ဝင်စားစရာမွန်ကျောက်စာတချပ်၊ မွန်စာပေ ဂီတသမိုင်း၊ ဟင်္သာ၊ မွန်သဒ္ဒါကျမ်းဆိုင်ရာတင်ပြခြင်း နှင့်မွန်မှုသုတေသနစသည့် အကြောင်းအရာများ ပါဝင်သည်။

''ဒီစာတမ်းဖတ်ရတာက မွန်လူမျိုးတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဒီလိုစာတမ်းဖတ် တာမရှိခဲ့ဘူး၊ အခုမှ ပထမအကြိမ်အနေနဲ့ဖတ်တာဖြစ်တယ်။ အခုဒီပွဲက အကျိုးအကြောင်း အဆိုးအကောင်းတွေကို သေချာစမ်းစစ်ဝေဖန်ပြီး ပထမအကြိမ်မှတ်တမ်းပြုစု ခြင်းဖြစ်တယ်'' ဟု စာတမ်း ဖတ်ပွဲသို့တက်ရောက်ခဲ့သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

စိတ်ဝင်စားစရာ မွန်ကျောက်စာတချပ်ကို မော်လမြိုင်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက မိဇြဟာန် (မိဇဲ့ဟန်) မှ မွန်ကျောက်စာရဲ့သမိုင်းနှင့်အဆင့်အတန်းမြင့်မားပုံကို တင်ပြပြီး မင်းနိုင်မွန် (ကမာဝက်) မှ မွန်လူမျိုးရဲ့စာပေ နှင့် ဂီတသမိုင်းများ သူတပါးလက်ထဲသို့ ရောက်ရှိပြီးနောက် မည်ရွေ့မည်မျတိမ်မြုပ်သွားခဲ့တာကို တင်ပြသွားသည်။ ဟင်္သာစာတမ်း ဖတ်ရာတွင်မူ မွန်လူမျိုးတို့သည် (၁) ရာစုကတည်းကပင် ဟင်္သာကိုအမြတ်တနိုးထားခဲ့သည့်အကြောင်း မိတင်မြ (နိုင်ခင်မောင်လေး ၏ဇနီး) မှတင်ပြပြီး မင်းစိန်တီ (မန္တလေးသူနာပြုတက္ကသိုလ်မှ ကထိက/ဌာနမှုး) က သုတေသနပြုထုံးကိုတင်ပြပြီး၊ မင်းနွယ်စိုးက မွန်သဒ္ဒါကျမ်းနှင့်မွန်စာပေသမိုင်းကို အကျယ်တဝင့် တင်ပြသွားခဲ့ကြပါသည်ဟု ၄င်းမော်လမြိုင်မြို့ခံက ဆက်ပြောသည်။

ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ဘီးလူးကျွန်း၊ ကျိုက်မရော၊ ကော့ကရိတ်မြို့နယ်မှ ရဟန်းသံဃာတော်များ၊ တက္ကသိုလ်ကျောင်းသား၊ မွန်လူငယ်တို့မှ စုစုပေါင်း ၁၆၀ ဦးခန့်ပါဝင် တက်ရောက်ခဲ့ကြပါသည်။

ယခုစာတမ်းဖတ်ပွဲကို မွန်စာပေနှင့်ယဉ်ကျေးမှု အသီးသီးမှ ဦးဆောင်ကျင်းပပြီး၊ မော်လမြိုင် မွန်တက္ကသိုလ်ကျောင်းသားများအဖွဲ့က အကူအညီပေးခဲ့ကြပါသည်။ ၄င်းကို မော်လမြိုင်မြို့ရှိ ငွေမိုးဟို တယ်တွင် မနေ့က မွန်းလွဲ ၁၂း၀၀ ကျော်ကျော်တွင် ကျင်းပပြီး ညနေ ၅း၀၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်ဟု အဆိုပါမြို့ခံက ဆိုသည်။

လွန်ခဲ့သော နှစ်လခန့်တွင် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် မွန်သဒ္ဒါကျမ်းနှင့်ပတ် သက်သည့်ကျမ်းကို မိတ္တူကူးပြီး ရဟန်းပညာရှိနှင့် လူပညာရှိများတို့ ဝေဖန်သုံးသပ်ခဲ့ကြသည်။ မွန်သဒ္ဒါကိုနှိင်းယှဉ်ရာတွင် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းပေမူ (မွန်ဘာသာ) နှင့် သာဓကပြ သုံးသပ်ထားပါသည်ဟု ဤစာတမ်းပြုစုစဉ် တက်ရောက်ဖတ်ခဲ့ဖူးသူတစ်ဦးက လွတ်လပ်သောမွန် သတင်းဌာနသို့ ပြောသည်။

Myanmar Newsမြန်မာ့သတင်း