You are here သတင်း မွန်အေဂျင်စီ စစ်အာဏာပိုင်များနှင့် မွန်ခွဲထွက်ရေးအဖွဲ့အကြား တနင်္သာရီဒေသခံများ အနှိပ်စက်ခံနေရ

စစ်အာဏာပိုင်များနှင့် မွန်ခွဲထွက်ရေးအဖွဲ့အကြား တနင်္သာရီဒေသခံများ အနှိပ်စက်ခံနေရ

User Rating: / 0
PoorBest 
မွန်ပြည်ပြန်လည်ထူထောင်ရေးအဖွဲ့သည် ရွာသားများဆီမှ တောင်းဆိုထားသော ငွေပမာဏကို ရရှိပြီးနောက်ပိုင်းတွင် ဖမ်းဆီးထားသော ရေဖြူမြို့နယ်ရှိ ချပုံရွာသား (၁၂) ဦးကို ဖမ်းဆီး ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။

နိုင်ဗင်ဦးဆောင်သော မွန်ပြည်ပြန်လည်ထူထောင်ရေးအဖွဲ့သည် ထိုရွာသားများကို ရက်သတ္တ ပတ်ကျော် ဖမ်းဆီးထားရာမှ မိမိတို့တောင်းဆိုထားသော ငွေပမာဏကို ရရှိပြီးနောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

"အခုဆိုရင် ပြန်လွတ်လာတဲ့ရွာသားတွေက ရေတပ်ကအရာရှိတွေရဲ့ စစ်ဆေးတာတွေကို ခံနေရတယ်၊ နိုင်ဗင်တို့အဖွဲ့တောင်းတာထက် ပိုတောင်းမှာကိုတောင် ကြောက်နေရတယ်" ဟု ရွာခံတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းရွာသားသည် မိမိတို့နိုင်ဗင်အဖွဲ့သို့ပေးခဲ့သော ငွေပမာဏကိုမူ မပြောပြခဲ့ပေ၊ "ကျွန်တော် တို့ကနိုင်ဗင်တို့အဖွဲ့ကတောင်းတဲ့ငွေပမာဏကို မပေးချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဖွဲ့ကိုပေးရင် စစ်တပ်က သူတို့ထက်နှစ်ဆထပ်တောင်းမှာ ဆိုတော့ ကျွန်တော်တို့မတတ် နိုင်ဘူးလေ"ဟု ၎င်းရွာသားက ဆက်ပြောသည်။

မွန်ပြည်ပြန်လည်ထူထောင်ရေးအဖွဲ့သည် နှစ်စဉ်ရွာသားများမှ ငွေကြေးများတောင်းခံလျက်ရှိ သည်။ ကျေးရွာတစ်ရွာကို တစ်နှစ်လျင် သိန်း (၁၀၀) မှ သိန်း (၃၀၀) အထိ တောင်းခံ နေသည်ဟု ဒေသခံများက ပြောသည်။

"ကျောင်းဆရာ (၄) ယောက်ကို ဖမ်းသွားတုန်းကဆိုရင် ကျွန်တော်တို့ရွာက သူတို့တွေကို ပြန် ရွေးဖို့အတွက် ငွေသိန်း (၃၀၀) တောင်ပေးလိုက်ရတာ" ဟု ကျွဲသုံးညီမ ရွာသားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီမြောက်ပိုင်းမှ ဒေသခံများသည် စစ်တပ်နှင့် မွန်ပြည် ပြန်လည် ထူထောင်ရေးအဖွဲ့တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေကြရသည်။

ကျွဲသုံးညီမ ရွာသားတစ်ဦး၏ ပြောပြချက်အရ အကယ်၍ မွန်စစ်သားများ ရွာမှာလာပြီး ခြိမ်းခြောက်နေလျင် စစ်တပ်သည် ထိုမွန်စစ်သားများထက် ပို၍ခြိမ်းခြောက် မည် ဖြစ်သည်။ နိုင်ဗင်တို့အဖွဲ့မှ ကျင်လည်ကျက်စားနေကြသောကြောင့် ရွာသားများမှာ ရွာအပြင်ထွက် အလုပ်လုပ်ခွင့်များကိုလည်း ပိတ်ပင်ခြင်းခံနေကြရသည်။

ရွာသားများသည် မိမိတို့ရွာမှ တခြားတစ်နေရာသို့ သွားရောက်လိုပါက စစ်တပ်၏ထောက်ခံ ချက်ကို ရယူပြီးမှသာ သွားလာကြရသည်။
Myanmar Newsမြန်မာ့သတင်း