You are here သတင်း မွန်အေဂျင်စီ ၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲအတွက် ကျေးရွာဥက္ကဌ ပိုက်ဆံကောက်

၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲအတွက် ကျေးရွာဥက္ကဌ ပိုက်ဆံကောက်

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌများသည် ၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲ ရန်ပုံငွေအတွက် ရွာသားများထံတွင် ပိုက်ဆံလိုက်လံကောက် ခံနေသည်။ မုဒုံမြို့နယ် နှီးပဒေါရွာသားတစ်ဦး၏အဆိုအရ ၎င်းတို့ရွာတွင် ...

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌများသည် ၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲ ရန်ပုံငွေအတွက် ရွာသားများထံတွင် ပိုက်ဆံလိုက်လံကောက် ခံနေသည်။

မုဒုံမြို့နယ် နှီးပဒေါရွာသားတစ်ဦး၏အဆိုအရ ၎င်းတို့ရွာတွင် ထိုဘောလုံးပြိုင်ပွဲအတွက် တစ်အိမ်လျှင် ရယကဥက္ကဌသို့ တစ်ထောင်ကျပ် ပေးဆောင်ရသည်။

အလားတူ ထို ၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အသက် ၁၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကြေးအတွက် "မုဒုံမြို့နယ်မှာရှိတဲ့ ရွာတော်တော်များများက တစ်အိမ်ကို ၅၀၀ ကျပ် ဒီ ဘောလုံးကြေးပေးရတယ်" ဟု ကမာဝက်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ပြိုင်ပွဲအတွက် မော်လမြိုင်၊ ဘားအံ၊ သထုံနှင့် မုဒုံမြို့ရှိ အားကစားကွင်းများတွင် စက် တင်ဘာ ၁၄ ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် အရှေ့တောင်တိုင်း စစ်ဌာ နချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်မှူးချုပ် သူရ အေးမြင့်တို့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် အခမ်းအနားစတင် ဖွင့်လှစ်ပေးခဲ့သည်ဟု မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အားကစားဝန်ကြီးမှ ငွေကျပ် ၁၄ သိန်းခန့် တန်ဖိုးရှိသော အားကစားပစ္စည်းများနှင့် ငွေကျပ် ၁၆ သိန်း တန်ဖိုးရှိ အားကစားပစ္စည်းများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ လူငယ်ဘော လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးလှူသည်ဟု ၎င်းသတင်းစာက ဆိုသည်။

ယခု ၁၃ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲကို တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်ရှိ ဘောလုံးအသင်း ၁၆ သင်းမှ ပါဝင်ယှဉ်ပြိုင်ကြပြီး တစ်သင်းလျှင် တိုင်းမှူးနှင့် ကရင်ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းမှ တစ်သိန်းကျပ်နှင့် ဟုမ်းတောက်ဆောက်လုပ်ရေးမှ နှစ်သောင်းကျပ် ထောက်ပံ့သည်။

သံဖြူဇရပ်မြို့နယ် ကရုပ္ပိရွာသားတစ်ဦးက လွန်ခဲ့သည့်လ မြို့နယ်ဘောလုံးဒိုင်အတွက် အားကစားဝတ်စုံတစ်စုံလျှင် နှစ်သောင်းကျပ်ခန့် ကုန်ကျခဲ့သည်။ အရှေ့တောင်တိုင်း တိုင်းမှူးမှလည်း ထိုမြို့နယ်ဘောလုံးဒိုင်ကို မည်သည့်ပစ္စည်းမှ ထောက်ပံ့ခြင်းမရှိဘဲ ဘောလုံးပြိုင်ပွဲ ကျင်းပရန် အမိန့်ပေးခဲ့သည်။

ကျေးရွာဘောလုံးအသင်းများသည် အားကစားဝတ်စုံမှအစ သွားရေးလာရေးများတွင်လည်း မိမိတို့စရိတ်နှင့် မိမိတို့ ပါဝင်ယှဉ်ပြိုင်ရသောကြောင့် မြို့နယ်ဘောလုံးဒိုင် ပြိုင်ပွဲသို့ ဝင်ရောက်မယှဉ်ပြိုင်လိုပေ။ ပြိုင်ပွဲသို့ ဝင်ရောက်မယှဉ်ပြိုင်ပါက ဒဏ်ငွေဆောင်ရမည်ဟု မယကဥက္ကဌက အမိန့်ထုတ်သည်။
Myanmar Newsမြန်မာ့သတင်း