ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်အောက်ခံ နော်ယာဖါရာ ဒုက္ခ သည်စခန်းမှ ဒုက္ခသည်တဦး၊ စခန်းအပြင်သို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် အပြင်သို့သွားသည့် အတွက် စခန်းလုံခြုံရေး၏ ဖမ်းဆီးခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ခံရကြောင်း ဒုက္ခသည်ကာလာမျာ ၏ ပြောပြချက်အရ သိရသည်။
လိုင်းတန်း ဂ နေ့ အသက်၃၂ နှစ်ရှိ ကော်ဘိရ်အာမတ်သည် စခန်းလုံခြုံရေးကို အသိမပေးဘဲ၊ တဲခ်နာဖ်မြို့သို့ ဈေးဝယ်သွားပြီး အပြန် စခန်းအနီးရှိ အုတ်လုပ်ငန်းကွင်းတွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကပင် ပြောပြသည်။
ကော်ဘိရ်အာမတ်မှာ စခန်းအတွင်းတွင် ကုန်စုံဆိုင်တဆိုင်ဖွင့်ထားသည်။ ၎င်းဆိုင်ကို စခန်းလုံခြုံရေးနှင့် နားလည်မှုယူထားပြီးမှသာ ဖွင့်ထားခဲ့ကြောင်းဖြစ်သည်၊ သို့သော် ကော်ဘိရ်အာမတ်နှင့် အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတ်တမ်းတင် (အစားအစာမပါ) အန်တီကြီး တဦးလည်း ၎င်းနေရာတွင် အဖမ်းခံရကြောင်း၊ ၎င်းအန်တီကြီးမှာလည်း တဲခ်နာဖ်မြို့မှသို့သွားပြီး၊ ပြန်လာသော အချိန် တွင်ဖြစ်ကြောင်းပြောပြသည်။
ကော်ဘိရ်အာမတ် နှင့် အန်တီကြီးတို့ကို စခန်းလုံခြုံရေးစခန်းသို့ စစ်ဆေးရန် ခေါ်သွားပြီး၊၎င်းနေရာတွင် စခန်းတာဝန်ခံနှင့် စခန်းလုံခြုံရေး တာဝန်ခံများက ခွင့်ပြုချက်မယူဘဲ စခန်းအပြင်သို့သွားသည့်အတွက် အမှုဖွင့်ပြီး၊ တဲခ်နာဖ်ရဲစခန်းသို့ ဆက်လက်အရေးယူနိုင်ရန် လွှဲပြောင်းခဲ့ကြောင်း၊ ရဲစခန်းတွင် ကော်ဘိရ် အာမတ် နှင့် အန်တီကြီးတို့ကို ၎င်းမှ တဆင့် ကောစ်ဘဇားရှိ အကျဉ်းထောင်သို့ ယနေ့ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ကော်ဘိရ်အမတ်၏မိသားစုများက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အရာရှိများကို တိုင်းကြားခဲ့သော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အရာရှိများက တာဝန်ခံအရာရှိများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကော်ဘိရ်အာမတ်၏ မိသားစုများ၏ပြောပြချက်အရ သိရသည်။
“ဘင်္ဂါလာဒေးရှ်နိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်အောက်တွင် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခြင်းခံရသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လုံခြုံရေးအာမခံချက်မပေးနိုင်သည့်အတွက် သားသမီးများကို မည်ကဲ့သို့ ကာကွယ်နိုင်မည့်ဟု” ကော်ဘိရ်အာမတ်၏ မိသားစုဝင်များက ပြောပြသည်။
“ကျနော်တို့ ဘင်္ဂါလာဒေးရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့သော်လည်း ဤနေရာတွင် လွတ်လပ်စွာ သွားလာခြင်းနှင့် တခြားသော လူ့အခွင့်အရေး လုံဝ မရှိကြောင်း” ပြောပြသည်။
နော်ယာဖါရာ ဒုက္ခသည်စခန်းသို့ လုံခြုံရေးအရာရှိ နူရ်ရုလ်အီစ္စလာမ် နှင့် စခန်းတာဝန်ခံ ဆိုက်ဖုလ်အီစ္စလာမ် မဇုလ်ဒါရ်တို့ရောက်ရှိသည့်နောက်ပိုင်းတွင် ဒုက္ခသည်များ လုံခြုံရေးစခန်းရှေ့မှအပြင်သို့ လုံးဝ ထွက်ဝင်ခွင့် ပိတ်ပင် ထားကြောင်း အမည်မဖေါ်လိုသူ ဒုက္ခသည်တဦး၏ပြောပြချက်အရ သိရသည်။
