BNI Online

Wednesday, Jun 19th

Last update10:26:38 PM GMT

ENGLISH VERSION
You are here သတင်း ခိုနူမ်းထုန် အာဏာပိုင်တွေက ခရစ်ယာန် ပညာရေးကျောင်း တခု ဖျက်ဆီး

အာဏာပိုင်တွေက ခရစ်ယာန် ပညာရေးကျောင်း တခု ဖျက်ဆီး

စစ်ကိုင်းတိုင်း ပုလဲ မြို့နယ်အတွင်း ပုံတောင် ရေနံတွင်းရွာရှိ ခရစ်ယာန်ဘာသာဝင်များ ဆောက်လုပ်နေသော မူလတန်း ဆင့် ပညာရေးကျောင်းကို သက်ဆိုင်ရာမှ မေလ ၂၆ ရက်နေ့က ဖျက်ဆီးပစ်လိုက်သည်ဟု သိရသည်။

Evan. Ral Kham က “ ဒါက ဒီမိုကရေစီဆိုပြီး ဘာသာရေး၊ လူမျိုးရေး ချိုးနှိမ်မှုပါ၊ အစိုးရက ဆက်လက်အရေး ယူသင့်တယ်” ဟု ဒေသထုတ်သတင်း စာတွင် ဖော်ပြထားသည်။

30′x 15′  အဆိုပါကျောင်းကို ခရစ်ယာန်တရားဟောဆရ Evan. Ral Lian Kam တို့က Mission တခုအနေနဲ့ ဆင်းရဲသား ကလေးငယ်များအတွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ဆောက် လုပ်ခြင်းဖြစ်ပြီး အမိုးမိုးနေတဲ့ အချိန်တွင် ဓနအောင် ရေနံကုပဏီ ဒါရိုက်တာ၊ ကုပဏီလုံခြုံရေး တာဝန်ခံ နှင့် လုပ်သား ၅ ဦးက ယခုလို ဖျက် ဆီးခံရခြင်းဖြစ်သည်။

“ ကျတော်တို့ စဆောက်တုန်းက နယ်မြေခံရဲစခန်းမှူးက ဘုရားကျောင်းမဆောက်ဘို့ပြောတော့ ကျတော်ကနေ စေတနာ မူလတန်း ကျောင်းဖြစ် တယ်လို့ ပြောလိုက်တယ် ” ဟု Evan. Ral Lian Kam က ပြောသည်။

ကျောင်းဖျက်ဆီးသည့် အချိန်တွင် ကျောင်းဆရာ ဖြစ်သူ ဆရာ Phun Uk က မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ သော်လည်း ကင်မရာလုယူသည့် အပြင် ကြိမ်းမောင်းကြကြောင်း ဆက်ဆိုသည်။

ယခုကျောင်းကို Bethlehem Mission အဖွဲ့က ဘာသာရေးခွဲခြားမှုမရှိပဲ ဆင်းရဲသား ကလေးငယ် များအတွက် ဖွင့်လှစ် ပေးခြင်းဖြစ်သည်။

လက်ရှိတွင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းသားငယ် ၃၅ ဦးသည် လူနေအိမ်တွင် ကျောင်း တက်နေကြပြီး ကျောင်းဆရာ ဆရာမ ၄ ဦးက သင်ပြပေးနေကြောင်း သိရသည်။

Myanmar Newsမြန်မာ့သတင်း