BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here သတင်း ကေအိုင်စီ လှိုင်သာယာမြို့နယ်၊ အလယ်ရွာတွင် အိမ်ခြေ ၇၀ကျော် မီးလောင်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ အလယ်ရွာတွင် အိမ်ခြေ ၇၀ကျော် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာတွင် ယနေ့ နေ့လည် ၁၂နာရီခွဲက မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူနေအိမ် ၇၆အိမ် မီးလောင်ကျွမ်းသွားသည်ဟု လှိုင်သာယာမြို့ခံများက ပြောသည်။

လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “အလှူအိမ်တစ်အိမ်ကနေ မီးစလောင်တယ်။ အိမ်ခြေ ၇၆လုံး ပါသွားတယ်။”ဟု ကရင်သတင်းဌာနသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ မနီးမဝေးရှိ ငွေပင်လယ်စက်မှုဇုံမှ ၀န်ထမ်းတစ်ဦးကလည်း “ခုန အနောက်ကရွာ မီးလောင်တာ မွေး ကင်းစ ကလေးတစ်ယောက် ပါသွားတယ်။ မီးက ၁၂နာရီခွဲကနေ လောင်ကျွမ်းပြီး ၂နာရီခွဲမှာ မီးငြိမ်းသွားတယ်။ အခု မီးသတ် ကားအသံ ကြားနေရတယ်။”ဟု ပြောသည်။

ထို့အပြင် ငွေပင်လယ်စက်မှုဇုံမှ ၀န်ထမ်းများ၏ နေအိမ်များလည်း မီးလောင်ကျွမ်းမှုတွင် ပါသွားခဲ့ရာ မီးဘေးသင့် ပြည်သူများ ကို ငွေပင်လယ်စက်မှုဇုံမှ စက်ရုံများက ဆန် ၁၀အိတ်နှင့် ဆီ ၁၀ပုံး သွားရောက် လှူဒါန်းရန် စီစဉ်နေသည်ဟု အဆိုပါ ၀န်ထမ်း က ဆက်ပြောသည်။

၎င်း မီးလောင်ကျွမ်းမှုမှာ ပင်လုံဈေးအနားတွင်ဖြစ်ပြီး ဖြစ်ပွားမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန်အတွက် ကရင်သတင်း ဌာနမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Myanmar Newsမြန်မာ့သတင်း