BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here သတင်း ကေအဲန်ဂျီ ၀ိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး

ဝိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး

ကချင်ပြည်နယ် ၀ိုင်းမော် မြို့ပြင်တွင်မြန်မာအစိုးရ တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား သုံး ရက်မြောက် စစ်ဖြစ်နေစဉ် ၀ိုင်းမော်ကျမ်းစာ ကျောင်းမှ ဆရာနှင့် ကျောင်းသားများ လုံခြုံရာသို့ ထွက်ပြေးနေကြောင်း သိရသည်။

waimaw-chyum-jawng-dazik
နိုဝင်ဘာ ၈ ရက်၊ ယနေ့နံနက်ပိုင်းမှစတင်ကာ မုတ်ကြိတ်ကျေးရွာ၊ ရပ်ကွက် ၁ ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာကျောင်းမှ ကျောင်းသူ/သားများနှင့် ဆရာ/မများ ၀ိုင်းမော်မြို့ပေါ်ရှိ ၀ိုင်းမော်ဇုံနယ်ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရုံးသို့ ထွက်ပြေးလာကြသည်ဟု မျက်မြင်များပြောသည်။

ကျမ်းစာကျောင်းတွင် ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၃၈) ဦးနှင့် ဆရာ/မ စုစုပေါင်း (၁၉) ဦးရှိသည်ဟု ဓမ္မကျောင်းတာဝန်ရှိသူများမှ သိရသည်။

ထို့အပြင် စစ်ဖြစ်နေသည့် ကျမ်းစာကျောင်းအနီးမှ ပြည်သူများလည်း ၀ိုင်းမော်မြို့ထဲသို့ ထွက်ပြေးနေကြ ကြောင်း သိရသည်။

“မနေ့ညက နန့်ယင်း (N’Myen Hka)ချောင်းဘက် သွားပုန်း အိပ်ကြတယ်။ မနက်က ဆက်တိုက်နေကြတယ်။ သေနတ်သံတိတ်သွားတော့မှ ရွာထဲပြန်လာပြီး ထမင်းချက်စားတယ်။ ခုတော့ ၀ိုင်းမော်မြို့ထဲရောက်နေပြီ။ ရွာမှာမနေရဲတော့ဘူး။” ဟု ၀ိုင်းမော်မြို့ထဲ တိမ်းရှောင်နေသူ တဦး ကချင်သတင်းဌာနသို့ ပြောသည်။
nov8-waimaw-cjmyen
မုတ်ကြိတ်ကျေးရွာ ရပ်ကွက် (၁)သည် ၀ိုင်းမော်မြို့အရှေ့ဘက် ၆ မိုင် အကွာ၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်း တွင် တည်ရှိပြီး ၎င်းသို့ နိုဝင်ဘာလ (၆) ရက် နံနက်ပိုင်းက အစိုးရစစ်ကြောင်းများ ရောက်လာခြင်းကြောင့် KIA နှင့် စစ်ဖြစ်လာသည်။

Myanmar Newsမြန်မာ့သတင်း