BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here သတင်း ကေအဲန်ဂျီ မြန်မာအစိုးရစစ်ကား ၂ စီးအား လော့ဒန်ကုန်းတွင် KIA မိုင်းခွဲ တိုက်ခိုက်

မြန်မာအစိုးရစစ်ကား ၂ စီးအား လော့ဒန်ကုန်းတွင် KIA မိုင်းခွဲ တိုက်ခိုက်

ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် လော့ဒန်ကုန်း (Lawdan Kadawng)တွင် စစ်ကား နှစ်စီးဖြင့် ချီတက်လာသော မြန်မာအစိုးရစစ် သားများကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁ မှ နိုဝင်လာ ၇ ရက်၊ ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

dawnghkrawn

ခြောက်ဘီးတပ် တရုတ် တုန်ဖုန်းကား ရှေ့တစ်စီးမှာ လုံးဝပျက်ဆီးသွား၍ ကျန်တစ်စီးမှာအနည်းငယ် ထိမှန်ကာ နောက်ပြန်လှည့် မောင်းပြေးသွားသည်ဟု မျက်မြင်များဆိုသည်။

သေကြေဒဏ်ရာရမှုကို မသိရသော်လည်း ကားတစ်စီးတွင် စစ်သားဦးရေ ၂၀ မှ ၃၀ ကြား တင်ဆောင် ထား သည်ဟု ဆိုသည်။

ထိုမြန်မာအစိုးရတပ်သည် မည်သည့်တပ်ရင်းက ဖြစ်သည်ကိုလည်း မသိရပါ။

ယခုချိန် KIO အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်နှင့် ၁၀ မိုင်အကွာထိ အစိုးရစစ်သားများ ရောက်ရှိ လာခြင်းကြောင့် နှစ်ဖက်ကြား နေ့စဉ် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါသည်။

Myanmar Newsမြန်မာ့သတင်း