You are here သတင်း နိရဉ္စရာ မောင်တောအခြေအနေ အာဏာပိုင်များက မထိန်းနိုင်ဖြစ်နေ

မောင်တောအခြေအနေ အာဏာပိုင်များက မထိန်းနိုင်ဖြစ်နေ

မောင်တောမြို့တွင် ဖြစ်ပျက်နေသော အခြေအနေကို အာဏာပိုင်များက သေနတ်များ အဆက်မပြတ် ပစ်ပြီး လူစုခွဲသော်လည်း မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေကြောင်း  သိရသည်။

Clock-Tower-in-Maungdow

ရွှေသဇင် တည်းခိုခန်း အပါအ၀င် ရခိုင်အိမ် အမျာအပြား မီးရှို့ခံနေရပြီး အခြေအနေမှာ အထူး ဆိုးရွားနေကြောင်း သိရသည်။

ယခုအခါ လုံထိန်းနှင့် ရဲများက ဆူပူလိုသူများကို ချိန်ရွယ်ပြီး တိုက်ရိုက် ပစ်ခတ်နေပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးမူများလည်း စတင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အိမ်အများအပြား မီးလောင်နေတုန်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လောလောဆယ် အခြေအနေ ရှုတ်ထွေးနေသဖြင့် သတင်းများကို နောက်မှ ပေးပို့မည်ဟု ဒေသခံ တစ်ဦးက ဖုံးထဲက တဆင့် ပြောသည်။

Myanmar Newsမြန်မာ့သတင်း