BNI Online

Monday, May 21st

Last update10:28:20 PM GMT

ENGLISH VERSION
You are here သတင်း နိရဉ္စရာ ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ် လွှတ်တော်အမတ် ပြည်သူ့ အရေး တင်ပြတောင်းဆိုမည်

ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ် လွှတ်တော်အမတ် ပြည်သူ့ အရေး တင်ပြတောင်းဆိုမည်

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြေ ကဏ္ဍတွင် ပြည်သူများ အပေါ် မတရား ပြုကျင့်ခံနေရမူများ တင်ပြသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောသည်။

ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်း
" ကျွန်တော်က မေးခွန်းမေးတဲ့ ကဏ္ဍမှာ တင်ပြမှာက အချက် (၃) ချက် ဖြစ်ပါတယ်။ ဒါကို လွှတ်တော်မှာ မေးဖို့ တင်ပြ ထားပါတယ်။ ကျောက်ဖြူမှာ မီးလင်းရေးကော်မီတီက အစိုးရက သတ်မှတ်ထားတာက မီတာခ တယူနစ် ၃၅ ကျပ်၊ မီးလင်းရေးကော်မီတီက ကျောက်ဖြူမှာ ကောက်နေတာက ၄၀၀၊ ၅၀၀ ဆိုသလို ကောက်တယ်။ ဒါတွေကို တင်ပြပါမယ်။"

ဒုတိယ ဆွေးနွေးရန် တင်ပြထားသော အကြောင်းအရာကိုလည်း သူက ယခုလို ပြောသည်။

" နောက်တင်ပြတာက ဂုံးချိန် ကျေးရွာမှာ ၁၉၉၃ ခုနှစ်က တပ်ရင်း ၅၄၂နဲ့ ၅၄၃ တို့က လယ်တွေကို တပ်ရင်းချမယ်ဆိုပြီး သိမ်းထားပါတယ်။ အဲဒီလယ်တွေထဲက တချို့ကို စစ်တပ်က လယ်သမားတွေကို သီးစားချထားပါတယ်။ တစ်ချို့ကိုလည်း သူတို့ ကိုယ်တိုင် လုပ်ပါတယ်။ ကျန်တဲ့ လယ်မြေတွေကို ဘာတစ်ခုမှ မလုပ်ဘဲ ပလပ်ထားပါတယ်။ ဒီလယ်မြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့ ကျနော်တင်ပြပါမယ်။ လူပေါင်း ၃၀ ခန့်ဟာ လယ်မြေတွေ အသိမ်းခံထားရတဲ့ အတွက် အထူး ဒုက္ခ ရောက်နေကြပါတယ်။ သူတို့ကို လယ်မြေတွေ ပြန်ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။"

တတိယ တင်ပြမည့် အကြောင်းအရာကိုလည်း သူက ယခုလို ဆက်ပြောသည်။

" အခု ကျွန်တော်တို့ ကျောက်ဖြူမှာ လေယာဉ်ကွင်း တိုးချဲ့မယ်ဆိုပြီး အိမ် (၈) လုံးကို သက်ဆိုင်ရာက ဖြိုဖျက်လိုက်ပါတယ်။ အဲဒီနေရာမှာ နောက်ထပ် အိမ်အသစ် (၁၂) လုံးဆောက်ပြီး တခြားလူတွေကို ငွေနဲ့ ရောင်းစားနေပါတယ်။ ဒါတွေကို အရေးယူနိုင်အောင် လွှတ်တော်မှာ ကျွန်တော် ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဖေက ပြောသည်။

သို့သော် ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေမှာ သူတင်ပြမည့် မေးခွန်းများကို ပြည်နယ် လွှတ်တော် အဖွဲ့သို့ တင်ပြပြီး ရခိုင်ပြည်နယ် လွှတ်တော် ပထမနေ့ကို တက်ရောက်နစဉ် သူ၏သား ကိုနေလင်း ရုတ်တရက် သေဆုံးသွားသဖြင့် ပြည်နယ်လွှတ်တော် ပထမပိုင်းကိုသာ တက်ရောက်နိုင်ခဲ့ပြီး လွှတ်တော်ထဲမှ ကျောက်ဖြူမြို့သို့ ပြန်သွားခဲ့ရသည်ဟု သိရသည်။

Myanmar Newsမြန်မာ့သတင်း