BNI Online

Monday, May 21st

Last update10:28:20 PM GMT

ENGLISH VERSION
You are here သတင်း ရွှေဟင်္သာ ဗုံးထိမှန် နအဖတပ်သား ထိုင်းဆေးရုံ၌ ခြေဖြတ်ခံလိုက်ရပြီ

ဗုံးထိမှန် နအဖတပ်သား ထိုင်းဆေးရုံ၌ ခြေဖြတ်ခံလိုက်ရပြီ

ဗုံးဒဏ်ရာ ခံစားနေရသူ ခလရ (၃၂) မှ တပ်သားစိုးဝင်း ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် ဆေးရုံ၌ ဘယ်ဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ....

ဗုံးဒဏ်ရာ ခံစားနေရသူ ခလရ (၃၂) မှ တပ်သားစိုးဝင်း ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် ဆေးရုံ၌ ဘယ်ဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ထိုင်းအာဏာပိုင်တို့ထံမှ သိရှိရသည်။

သြဂုတ်လ (၂၅) ရက်နေ့ ညနေပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်၌ ပိုင်ရှင်မဲ့ ဗုံးတစ်လုံး မြန်မာစစ်တပ်မှ ရှာဖွေ သိမ်းဆည်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ နအဖအရာရှိ နှစ်ဦး အပါအဝင် ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
bomb_attack
ခလရ (၃၂) တပ်ရင်းမှူးသည် ဘယ်ဖက်လက်မောင်း တွင်၎င်း၊ တပ်ရင်းထောက်လှန်းရေး ဗိုလ်ကြီးသည် မျက်နှာ (ပါး)တွင်၎င်း၊ တပ်သားစိုးဝင်းသည် ခြေထောက်တွင်၎င်း၊ ထို့အပြင် ဒီကေဘီအေမှ စောဒါးနို့ ဆိုသူလည်း ဒဏ်ရာ အသီးသီး ရရှိခဲ့ ကြသည်။

ဒဏ်ရာရရှိသူများအနက် တပ်ရင်းထောက်လှန်းရေး ဗိုလ်ကြီး နိုင်လင်းဦးနှင့် တပ်သား စိုးဝင်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံ စံခလပူရီ ဆေးရုံတွင် ဆေးဝါး ခေတ္တ ကုသခံခဲ့ကြသည်ဟု သိရသည်။

ထို့နောက် ဒဏ်ရာပြင်းထန်သော တပ်သား စိုးဝင်းအား ကန်ချနပူရီခရိုင် ဆေးရုံသို့ ပြောင်းရွေ့လိုက်ရသည်။
ဘုရားသုံးဆူမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးဝါး မလုံလောက်မှုနှင့် ခွဲစိတ်ကိရိယာများ မရှိသောကြောင့် အဆိုပါ လူနာများအား ထိုင်းဆေးရုံသို့ ပြောင်းရွေ့ကုသခံရသည်ဟု ဆရာဝန်တစ်ဦး ပြောပြချက်အရ သိရသည်။

သို့ရာတွင် ထိုင်းနိုင်ငံအတွင်း ယခုကဲ့သို့ ဆေးဝါးကုသမှု ကုန်ကျစရိတ်များကို မည်သူက ပေးဆောင်ခဲ့သည်ကို အမည်ဖေါ်ပြောဆိုခြင်း မပြုသော်လည်း ဘုရားသုံးဆူမြို့၊ မြန်မာကုန်သည် အသိုင်းအဝိုင်းများထံမှ ပေးဆောင် ကြရသည်ဟု ကြားသိရသည်။

ယခု သြဂုတ်လအတွင်း ဘုရားသုံးဆူမြို့တွင် ဗုံးတွေ့ရှိမှု ခြောက်ကြိမ် ရှိသည့်အနက် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။

ပထမအကြိမ် ဘုရားသုံးဆူမြို့ အထွက်တွင် ယခုလ (၁၄) ရက်နေ့တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ရာ တစ်ဦး တစ်ယောက်မှ ထိခိုက်မှု မရှိဟု သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

ယခု အကြိမ်သည် သိမ်းဆည်းမိသော ဗုံးတစ်လုံးအား မှတ်တမ်းဓါတ်ပုံ ရိုက်အပြီး ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။


 

 

 

 

 

Myanmar Newsမြန်မာ့သတင်း