လွှတ်တော်အမတ်တချို့မှ အစိုးရထံတိုင်ကြားမှုကြောင့် သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ပေါ်၌ ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို ယခုလ ၂၂ ရက်နေ့မှ စ၍ ပြည်နယ်ရဲမှူးကြီး အစီအစဉ် ဖြင့် ဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုအတွင်း လားရှိုးမြို့ပေါ်ရှိ TV ဂိမ်းနှင့် ဘော်လုံးလောင်းကစားရုံများ ပိတ်ပင်ခံထားရပြီး ပိုင်ရှင်တချို့လည်း အရေးယူခံထားရကြောင်း လားရှိုးမြို့ခံ ၀န်ထမ်းအသိုင်းအဝိုင်းက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“လွှတ်တော်အမတ်တချို့က တိုင်စာပို့တော့ သျှမ်းပြည်နယ်ရဲမှူးကြီး ၀င်းနိုင်ရဲ့ အစီအစဉ်နဲ့ လောင်း ကစား ဝိုင်းဖမ်းဆီးမှု တွေလုပ်နေတယ်။ လောလောဆယ်ဆိုင်တွေ ပိတ်ထားလိုက်ရတာပေါ့။ ပိုင်ရှင် တချို့လည်း ဖမ်းဆီးခံထားရတယ် ” ဟု မြို့ခံ ၀န်ထမ်းတစ်ဦးက ဆိုသည် ။
လားရှိုးမြို့ နေရာအနှံ့တွင် အဆိုပါ လောင်းကစားရုံများရှိနေပြီး ရပ်ကွက် ၅ နှင့် ၇ တို့တွင် အများဆုံး ဖြစ်ကြောင်း လောင်းကစားကြောင့် သာမန်လက်လုပ်လက်စားများ အပေါ် ထိခိုက်မှုရှိကြောင်း နောက် ထပ်မြို့ခံတစ်ဦးက ဆိုသည် ။
“အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ဆိုင်တွေက ကြိုတင်သတင်းရတော့ ပိတ်ထားလိုက်တယ်။ သတင်းမရ တဲ့ဆိုင်တွေတော့ ၀င်ရှာ တာ ပစ္စည်းသိမ်းတာခံရတယ်။ လိုင်းကြေးရတဲ့ ၀န်ထမ်းနဲ့ဆိုင်ပိုင်ရှင်တွေက တော့ အဆင်ပြေတယ် သာမန်လက် လုပ် လက်စားတွေက လောင်းကစားကြောင့် ထိခိုက်တာပေါ့ ” ဟု ဆိုသည် ။
အလားတူ မူစယ်မြို့၌လည်း TV ဂိမ်းလောင်းကစားရုံများ ဖွင့်လှစ်ထားရှိပြီး လူကြီးခရီးစဉ်များအတွက် အစိုးရဘတ်ဂျက် မလုံလောက်မှုကြောင့် လောင်းကစားရုံ လိုင်းကြေးမှ ရရှိသည့် ၀င်ငွေဖြင့် သက်ဆိုင် ရာ ဋ္ဌာနဆိုင်ရာများအလိုက် ဖြေရှင်းနေရကြောင်း မူစယ်ဝန်ထမ်းအသိုင်းအဝိုင်းက ဆိုသည်။
ဤသတင်းနှင့်စပ်လျဉ်း၍ လားရှိုးမြို့စားတဦးကမူ လောင်းကစားဝိုင်းပိတ်ပင်မှု သတင်းများ မှန်ကန် ကြောင်း ၊ ယခင်နှစ်ကုန်ကတည်းက စ တင်ခဲ့ကြောင်း၊ သို့သော် နယ်စပ်ဝန်ထမ်းများ လစာ မလောက် ငှမှုကြောင့် ယခုအခါတွင် TV ဂိမ်းနှင့် ဘော်လုံးဝိုင်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း၊ ဖဲ ဖိုင့်ကျူး (ကက်ဖဲ) နှင့် မာကျိုင်တို့ဆက်လက်ပါဝင်ဆဲဖြစ်ကြောင်း အတည်ပြုပြောဆိုပါသည်။
