ကရင်နီဘာသာ အစီအစဉ် (မတ်လ ၃၀၊ ၂၀၁၇)

တောင်သူတွေထံ ပေးအပ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ-၇)ဟာ မြေပြင်နဲ့ကိုက်ညီမှု မရှိမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကယားပြည်နယ်ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ ဖားစည်ကို သွန်းလုပ်ခဲ့တဲ့နေရာနဲ့ ကျန်ရှိနေတဲ့ အပိုင်းအစ လက်ရာလေးတွေကို ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူတွေဟာ သန်စွမ်းသူတွေလို တန်းတူအခွင့်အရေးရရှိဖို့ မျှော်လင့်နေကြပါတယ်။

  • ခုနှစ်

ကရင်ဘာသာ အစီအစဉ် (မတ်လ ၂၉၊ ၂၀၁၇)

ကလေးတွေ မိုင်းအန္တရာယ်ကနေ ကင်းဝေးစေနိုင်ဖို့ မြို့နယ် ၇ မြို့ နယ်က ကျောင်းဆရာ/ဆရာမ ၁၄ ယောက်ကို မိုင်းအန္တရာယ်အသိပညာပေး ဆရာဖြစ်သင်တန်းတစ်ခုပို့ချပေးခဲ့ပါတယ်။

ဖားအံမြို့က နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှာ နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေ တိုးလာ ပါတယ်။

ကေအဲန်ယူရဲ့ကွန်ဂရက် ဒုတိယ အပတ်မှာတော့ အဓိကထားဆွေးနွေးခဲ့ကြတဲ့ အကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

  • ခုနှစ်

ရှမ်းဘာသာ အစီအစဉ် (မတ်လ ၂၈၊ ၂၀၁၇)

ခွပ်ဒေါင်းပါတီ NLD က မိုင်းရှူးမြို့နယ်ထဲက ကျေးရွာအုပ်စု ၃ ခုဟာ တရားမျှတမှုမရှိနိုင်ဘူးလို့ဆိုပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစန်းစန်းအေး က စည်ပင်ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အဆိုတင်သွင်း ခဲ့ပါတယ်။

“ကွမ်းသီးလှလှ လင်းခေးမြို့က”ဆိုတဲ့ ရုပ်သံဆောင်းပါးကိုလည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

  • ခုနှစ်

မွန်ဘာသာ အစီအစဉ် (မတ်လ ၂၇၊ ၂၀၁၇)

တစ်နှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံး မီးလင်းရမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကတိပေးလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်း စည်းကမ်းနဲ့အညီ လုပ်ဆောင်နေတဲ့ ကျောက်မိုင်းကုမ္ပဏီ တစ်ခုမှမရှိဘူးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိနေတဲ့အပေါ် မွန်ပြည်သစ်ပါတီက မွန်ပြည်သူရဲ့ သဘောထားတွေ ရယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံက ပြောပါတယ်။

  • ခုနှစ်

မြန်မာဘာသာ အစီအစဉ် (မတ်လ ၂၆၊ ၂၀၁၇)

ကရင်ပြည်နယ်က ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့မှုတွေ ရပ်တန့်တော့မှာဖြစ်တဲ့အတွက် ဆက်လက်ရပ်တည်ဖို့ ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ်က ဟားခါးမြို့ ရပ်ကွက်သစ်မှာ သောက်သုံးရေအဆင်မပြေ ဖြစ်နေတာတွေကို ဌာနဆိုင်ရာကို တင်ပြထားပေမယ့် ယနေ့အချိန်ထိ ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦးမြို့မှာ ရထားလမ်းဖောက်လုပ်မှုကြောင့် ဆုံးရှုံးနစ် နာသွားတဲ့ လယ်ယာမြေတွေကို ပြန်လွဲမပေးရင် သက်ဆိုင်တဲ့ဌာနကို တရားစွဲ ဆိုသွားမယ်လို့ နစ်နာသူတွေက ပြောပါတယ်။

  • ခုနှစ်

ရခိုင်ဘာသာ အစီအစဉ် (မတ်လ ၂၆၊ ၂၀၁၇)

ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့အင်အားဟာ ၂,ဝဝဝ ကျော်သာရှိတဲ့အတွက် မှုခင်းတားဆီးရေးဆောင်ရွက်ရာမှာ လုံလောက်မှုမရှိဘူးလို့ ပြည်နယ်ရဲမှူးကြီးက ပြောလိုက်ပါတယ်။

ကျောက်တော်မြို့အဝင် စက်သုံးဆီအရောင်းဆိုင်တန်း မီးလောင်လို့ ကျပ်သိန်း ၅ ထောင်ဖိုးပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။

အဟောင်းထည်တွေကို အဓိကရောင်းချနေတဲ့ စစ်တွေမြို့က မေယုဈေးကို ၃ ထပ် အဆောက်အဦးအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေပါပြီ။

  • ခုနှစ်
Subscribe to this RSS feed