မြန်မာဘာသာ အစီအစဉ် (စက်တာဘာလ ၁၀၊ ၂၀၁၇)

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်ရှမ်းဒုက္ခသည်တွေကို နိုင်ငံတကာ အလှူရှင်တွေကနေပြီး ဆက်လက်ကူညီထောက်ပံ့ပေးသွားဖို့ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာတော့ ၁၀ ရက်ကြာ နမ္မတီးမှာ စစ်ဘေးရှောင်အဖြစ်ကနေ နေရပ်ပြန်လာကြတဲ့ ကဆုန့်ကျေးရွာသားတွေ ဆုံးရှုံးပျက်စီးမှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် လူနာ (၁)ဦး သေဆုံးမှုဖြစ်ခဲ့တဲ့ အတည်ပြုမှုကြောင့် ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့ စခန်းထဲဝင်ရောက်သွားလာခွင့် ခေတ္တ ဖြတ်တောက်ထားပါတယ်။

Media