BNI Online

Friday, Mar 06th

Last update01:22:12 PM GMT

ENGLISH VERSION | Myanmar Peace Monitor
You are here သတင်း

သတင်း

မျက်နှာဖုံးစွပ်လူသတ်မှုတွင် သေဒဏ်ချခံရသူများ၏ မိသားစုဝင်နှင့် အပေါင်းအသင်းများက သတင်းယူသည့် မီဒီယာကို ခြိမ်းခြောက်

 မြောက်ဥက္ကလာပမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ်လူသတ်မှုအတွက် တရားခံ ၁၅ဦးကို မတ် ၅ရက် ညနေ ၅နာရီကျော်က မြောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂) သေဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်သည်။

အပြည့်အစုံသို့ ...

ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းရန် စေခိုင်းသူများအား စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စိစစ်ရန် မင်းကိုနိုင်နှင့် ကိုကိုကြီးပြော

ဆန္ဒပြသည့် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းရန် စေခိုင်းသူကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ဖော်ထုတ်ရန် အစိုးရနှင့် လွှတ်တော်များကို တိုက်တွန်းသွားမည်ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ က ပြောကြားလိုက်သည်။

အပြည့်အစုံသို့ ...

လစာတိုးရေးဆန္ဒပြသည့် အလုပ်သမား ၁၄ဦးအမှုဖွင့်ခံထားရ၊ အီလန်စက်ရုံအလုပ်သမားအချို့ ပြေလည်မှုရဟုဆို

 ရွှေပြည်သာ စက်ရုံသုံးခုမှ လုပ်ခလစာတိုးမြှင့်ရေးဆန္ဒပြအလုပ်သမား ၁၄ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ နဲ့ အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှူးကြီး မြင့်ထွေးက မတ်လ ၅ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အပြည့်အစုံသို့ ...

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ကျောင်းသားနှင့် ၈၈ ငြိမ်း/ပွင့် ရှစ်ဦး အကြမ်းဖက် ဖမ်းဆီးခြင်းခံရ

မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ရက် ညနေ ၄နာရီက လက်ပံတန်းကျောင်းသားထိုင်သပိတ်ကို အကြမ်းမဖက်ရန် ဆန္ဒပြနေသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကျောင်းသားများထဲမှ ၈ဦးကို ရဲတပ်ဖွဲ့နှင့် လက်မောင်းတွင် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ရိုက်နှိုက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

Last Updated on သောကြာနေ့၊ မတ်လ 06 ရက် 2015 ခုနှစ် အပြည့်အစုံသို့ ...

သပိတ်မှောက် ကျောင်းသားများကို တားဆီးပိတ်ပင်ခြင်း မရှိတော့မှသာ လွှတ်တော်ကြားနာပွဲသို့ NNER တက်ရောက်မည်ဟုဆို

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားနေသည့် သပိတ်မှောက်ကျောင်းသားများကို အစိုးရက တားဆီးပိတ်ပင်ခြင်း မရှိတော့မှသာ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးကြားနာမည့် အစီအစဉ်ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က တက်ရောက်မည် ဖြစ်သည်ဟု NNER အဖွဲ့ဝင်များက မဇ္ဈိမကို ပြောကြားသည်။

Last Updated on သောကြာနေ့၊ မတ်လ 06 ရက် 2015 ခုနှစ် အပြည့်အစုံသို့ ...

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ချက် ကြားနာပွဲသို့ ဗကသကိုယ်စားလှယ် ၈ ဦး တက်မည်မဟုတ်

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မတ်လ ၅ရက်တွင် ကြားနာမည့် အစီအစဉ်သို့ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက ကျောင်းသား ကိုယ်စားလှယ် ခြောက်ဦး၊ ပြန်ကြားရေး ကော်မတီမှ နှစ်ဦး စုစုပေါင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (ဗကသ)မှ ကိုယ်စားလှယ် ၈ဦး တက်ရောက်တော့မည် မဟုတ်ဟု ဗကသမှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မတ်လ ၄ရက် ည ၁၁က မဇ္ဈိမကို ပြောသည်။

အပြည့်အစုံသို့ ...

လောက်ကိုင်ဒေသတွင် စစ်ဘေးသင့် ဒုက္ခသည် ၅၀ ခန့် ပိတ်မိနေသေးဟု ဆို

တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်ဒေသတွင် စစ်ဘေးသင့်ပြည်သူ အယောက် ၅၀ ခန့်ပိတ်မိနေသည်ဟု ကွမ်လုံမြို့နယ် ကြက်ခြေနီအမှုဆောင် ဦးစောသန်းလွင်က မတ် ၅ရက်က မဇ္ဈိမသို့ ပြောသည်။

အပြည့်အစုံသို့ ...

လွှတ်တော်ကို NNER (Challenge)လုပ် (စိန်ခေါ်)ဟု သမ္မတရုံး ညွှန်ကြားရေးမှူးဆို

အမျိုးသား ပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးကြားနာမည့် အစီအစဉ်ကို မတ် ၇ရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တက်ရောက်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားထားမှုကို NNER က ရွှေ့ဆိုင်းလိုက်မှုသည် အကျိုးမဖြစ်သည့် လမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပြီး လွှတ်တော်ကို စိန်ခေါ်သည့်သဘော သက်ရောက်နေသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် မတ်လ ၅ရက် နံနက်ပိုင်းတွင် ရေးသားတုန့်ပြန်လိုက်သည်။

အပြည့်အစုံသို့ ...

မြန်မာနိုင်ငံတွင် အဓမ္မလုပ်အား စေခိုင်းခံရမှုများနက် ကလေး စစ်သားအမှုမှာ အများဆုံးဖြစ်

 မြန်မာနိုင်ငံတွင် အဓမ္မလုပ်အား စေခိုင်းခံရသူများအနက် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေမှု (ကလေး စစ်သား) အမှုများမှာ အများဆုံးဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံး (မြန်မာနိုင်ငံ) ( ILO ) ဒုတိယ ဆက်ဆံရေးအရာရှိ Ms.Piyamal Pichaiwongse  က ပြောသည်။

အပြည့်အစုံသို့ ...

နိုင်ငံပိုင် မီဒီယာများ ရိုးသားမှုမရှိ၊ နိုင့်ထက်စီးနင်း အထက်စီးမှ သတင်းထုတ်ပြန်ဟု 7Day ကြေညာ

လစာတိုးပေးရန် ဆန္ဒပြသည့် ရွှေပြည်သာအလုပ်သမား ၁၀၀ကျော်ခန့်ကို ရဲတပ်ဖွဲ့ဝင်တို့က မတ်လ ၄ရက် ညနေပိုင်းက အင်အားသုံး ဖြိုးခွင်းမှုတွင် 7 Day သတင်းထောက်နှင့် DVB သတင်းထောက်တို့ ခေတ္တထိန်းသိမ်းခံရမှုကို 7 Day ကန့်ကွက် လိုက်ပြီး အဆိုပါ အဖြစ်အပျက်ကို နိုင်ငံပိုင် သတင်းဌာနများတွင် ဖေါ်ပြမှုများသည်လည်း ရိုးသားမှုမရှိ၊ နိုင့်ထက်စီးနင်း အထက် စီးမှ ထုတ်ပြန်မှုဟု မတ်လ ၅ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

အပြည့်အစုံသို့ ...

ရွှေပြည်သာ အလုပ်သမားသပိတ် အလုပ်သမား ၅၀ကျော် ထိန်းသိမ်းခံထားရ၊ သတင်းသမားနှစ်ဦး ပြန်လွတ်လာ

လုပ်ခ လစာတိုးမြှင့်ရေးအတွက် မတ်လ ၄ရက်က ရွှေပြည်သာမြို့နယ်မှ မြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြသည့် အလုပ်သမားများကို လုံခြုံရေးရဲတပ်ဖွဲ့များက နေရာသုံးခုတွင် ပိတ်ပင်ပြီးနောက် ထိုနေရာ၌ပင် သပိတ်စခန်း ဖွင့်လှစ်ရာ ညနေ ၅နာရီခန့်တွင် အလုပ်သမား ၅၀ကျော်၊ အလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးနှင့် သတင်းသမား နှစ်ဦးကို  ဖမ်းဆီးခဲ့သည်။

အပြည့်အစုံသို့ ...

Page 1 of 1650

Myanmar Newsမြန်မာ့သတင်း