အဖတ်များဆုံး
- အလုပ်လက်မဲ့ ဖြစ်နေသော မိန်းကလေးများ ကိုယ့်ဘဝကို ပြန်ရောင်းစားနေရ
- စခန်းတွင်း နေထိုင်သူများက အမျိုးသားတဦး သေဆုံးရမှုအပေါ် မေးခွန်း ထုတ်နေကြ
- နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်း ချဉ်းကပ်
- ကချင် စစ်ပြေးဒုက္ခသည်များအတွက် အခြေချနေရာ တရုတ် ကြိုတင်စီစဉ်နေ
- ကျောက်စိမ်း အတုကြောင့် ပွဲစားများ စိုးရိမ်မှု တိုးပွား
- ရန်ကုန် မြို့နယ်အချို့ ညပိုင်းတွင် လျှပ်စစ်မီး ပိုရလာ
- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ
နောက်ဆုံးသတင်း
- သင်ထောက်ကူ ပစ္စည်းနှင့် ဆရာ၊ မ များ အရေးပေါ် လိုအပ်နေ
- ဗုဒ္ဓဘာသာဝင်တို့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်း
- နှလုံးသားက ငိုကြွေးသံကို နားထောင်ပါ
- စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် နေရင်းဒေသသို့ ထပ်မံပြန်သွား
- ကျောက်စိမ်း အတုကြောင့် ပွဲစားများ စိုးရိမ်မှု တိုးပွား
- စခန်းတွင်း နေထိုင်သူများက အမျိုးသားတဦး သေဆုံးရမှုအပေါ် မေးခွန်း ထုတ်နေကြ
- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ
ListServ Subscription
| (IOM) အဖွဲ့မှ အကူညီပေးနေသော (HIV&AIDS) ဝေဒနာသည်များ သေဆုံးမှုနှုန်းများလာ |
| သတင်း - IMNA |
| ရေးသားသူ - ရိုင်မရော့ |
| ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 01 ရက် 2009 ခုနှစ် |
|
နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားအဖွဲ့ (IOM) မှ မွန်ပြည်နယ် ၆ မြို့နယ်အတွင်း အကူညီပေးနေသော (HIV&AIDS) ရောဂါဝေဒနာခံစားရသူများအနက်မှ ဇွန်လအတွင်း လူနာသေဆုံးမှုနှုန်းမှာ အမြင့်ဆုံဖြစ်သည်ဟု (IOM) အဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။ “ယခုလိုမျိုးသေဆုံးသူများလာရတာဟာ (ART) ဆေးဝါးလိုအပ်ချက်ကြောင့်ပဲ တချို့လူနာတွေက အားအင်ကုန်ခန်းခါနီးမှ (ART) ဆေးဝါးကို သုံးစွဲရသူရှိသလို၊ တချို့လူနာတွေက ဆေးကို အချိန်မှန်မသုံးတာလည်းဖြစ်တယ်” ဟု (IOM) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘီလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့မှ (HIV&AIDS) ရောဂါခံစားနေရသူများကို (IOM) အဖွဲ့မှ ဆေးဝါးအပါအဝင် အာဟာရဖြစ်စေသည့် အစားစာများကိုလည်း ကူညီပေးနေသည်။ “မွန်ပြည်နယ် ၆ မြို့နယ် အတွင်းမှာ ကျမတို့ (IOM) အဖွဲ့ကနေ (HIV&AIDS) ရောဂါသည်တွေကို အကူညီပေးနေတာ၊ ဒီဇွန်လအတွင်း (၆) မြို့နယ်စလုံးကို လူနာစာရင်းချုပ်တော့ လူနာ (၁၁) အသက်ဆုံးရှုံးသွားရတယ်၊ ဒီလောက်များတဲ့လူနာ သေဆုံးတာ တစ်ခါမှ မဖြစ်ဖူးဘူး” ဟု မုဒုံမြို့နယ်အတွင်း အကူညီပေးနေသော (IOM) အဖွဲ့သားတစ်ဦးက ပြောသည်။ (IOM) အဖွဲ့မှ အကူညီပေးနေသည့်ကာလတစ်လျောက်၌ တချို့လများတွင် လူနာ တစ်ယောက်၊ နှစ်ယောက် အများဆုံး ငါးယောက်ထိပင် သေဆုံးမှုရှိပြီး တချို့လများတွင် သေဆုံးမှုမရှိ သလောက်ပင်ဖြစ်သည်။ ၄င်းတို့၏ အကူညီသက်တမ်းတစ်လျောက် ဇွန်လသည် လူနာသေဆုံးမှုအများဆုံးဖြစ်ကြောင်း ၄င်းအဖွဲ့သားက ပြောသည်။ (IOM) အဖွဲ့ မူလအကူအညီပေးနေသည့် (ART) (Anti-retroviral Therapy) ဆေးဝါး ရရှိသူ စုစုပေါင်းဦးရေ (၁၀၀) ရှိရာမှ လွန်ခဲ့သည့် ဧပြီလမှစတင်၍ လူနာ (၁၀၀) ဦးကို ထပ်မံ အကူအညီပေးခဲ့သည်။ (IOM) အဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစပြီး မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါဝေဒနာခံစားနေရသူ (၅) ရာကျော်ကို ဆေးဝါးနှင့်အစားများ ကူညီပေးနေပြီး၊ ၂၀၀၈ ခုနှစ်ရောက်မှသာလျင် (ART) ဆေးဝါးများကို ကူညီပေးနိုင်ခဲ့သည်။ နယ်စည်းမခြားဆရာဝန်အဖွဲ့တို့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် (AIDS) ရောဂါဖြင့် သေဆုံးသူမှာ ၂၀၀၇ ခုနှစ်အတွင်း ၂၅၀၀၀ ရှိသည်။ မြန်မာနိုင်ငံတွင် (ART) ဆေးလိုအပ်နေသည့်အခြေအနေ ဝေဒနာရှင် ၇၅၀၀၀ ခန့်ရှိကြောင်းနှင့် ယင်းအနက် ၁၄၀၀၀ ဦးခန့်သာလျင် (ART) ဆေးရရှိပြီး ဆေးလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းအောက်သာရှိသည်။ နှစ်စဉ် သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်းနှင့် (HIV) ကူးစက်ခံရသူနှင့် (AIDS) ဝေဒနာရှင် ၂၄၀၀၀၀ ဦးခန့် ရှိသည်ဟု Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
