BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မွန်အေဂျင်စီ ရွှေတိဂုံဘုရားပေါ်တွင် လုံခြုံရေး ယခင်ကထက် တင်းကြပ်ထား

ရွှေတိဂုံဘုရားပေါ်တွင် လုံခြုံရေး ယခင်ကထက် တင်းကြပ်ထား

တပေါင်းလပြည့်နေ့ (ဖေဖော်ဝါရီလ ၂၇) မှာ နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ရွှေတိဂုံဘုရားပွဲတော်မှာ သက်ဆိုင်ရာအာဏာမှ လုံခြုံရေးတင်းကြပ်ထားသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း သိရသည်။ “ဘုရားပွဲတုန်းကဆို ရဲတွေ စစ်သားတွေလည်းပါတယ်၊ ...
တပေါင်းလပြည့်နေ့ (ဖေဖော်ဝါရီလ ၂၇) မှာ နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ရွှေတိဂုံဘုရားပွဲတော်မှာ သက်ဆိုင်ရာအာဏာမှ လုံခြုံရေးတင်းကြပ်ထားသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း သိရသည်။

“ဘုရားပွဲတုန်းကဆို ရဲတွေ စစ်သားတွေလည်းပါတယ်၊ လုံခြုံရေးချထားတာ ဘုရားပေါ်မှာ အဲဒီကနေစပြီးတော့ အခုချိန်ထိရှိနေတုန်းပဲ သူတို့ယူနီဖေါင်းတွေနဲ့ သေနတ်တွေ သူတို့ပစ္စည်းတွေလည်းပါတယ်” ဟု ရွှေတိဂုံဘုရားအနီးရှိ ဗဟန်းမှာ နေထိုင်သူတစ်ဦးက ပြောသည်။

“သံဃာတော်တွေစုမိမှာ ဒကာတွေနဲ့ပေါင်းပြီး အစိုးရတွေကျင်းပမယ့် ၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင်မှာဆိုးလို့ အခုလို လုံခြုံရေးတွေတင်းကြပ်ထားတာ ဘာဖြစ်လို့လဲဆိုတော့ ဘုရားပွဲမှာ လူတွေရော သံဃာတော်တွေရောအများကြီးပဲ” ဟု ၄င်းက ဆက်ပြောသည်။

ဘုရားပေါ်သို့တက်ရောက်လာသူများကို လုံခြုံရေးယူထားသည့်အာဏာပိုင်တွေ တနေ့ထက်တနေ့ စစ်ဆေးမှုများတိုးလာနေကြောင်း ဘုရားဖူးတို့ကပြောသည်။

“ဘုရားပေါ်မှာ စစ်ဆေးမှုခဏခဏလုပ်တယ် ဒါပေမယ့် သူတို့မသကာင်္တဲ့လူတွေဆို ခေါ်စစ်တယ်၊ အိပ်ပါရင် အိပ်ကို စစ်တယ်၊ ဘုရားပေါ်ရောက်တဲ့လူတွေက အများအားဖြင့်တော့ နယ်ကလူတွေများတယ်၊ အိပ်တွေနဲ့ပေါ့၊ တချို့ဆိုအိပ်အကြီးကြီးပဲပါတယ်” ဟု လက်ရှိရန်ကုန်မှာ နေထိုင်နေသည့် မွန်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

မြန်မာစစ်အစိုးရတို့ကျင်းပမည့် ၂၀၁၀ ရွေကောက်ပွဲမပြီးမချင်း ယခုလိုလုံခြုံရေးတင်းကြပ်မှုတွေ ထပ်ရှိလာမှာပဲ၊ အခြေအနေအပေါ်မူတည်ပြီး လူစုရာနေရာတွေမှာ လုံခြုံရေးချထားလာမှာပဲဟု လာမည့် ၂၀၁၀ ရွေကောက်ပွဲကို လေ့လာသုံးသပ်နေသူတစ်ဦးက ပြောသည်။

၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ သံဃာတော်အင်အားများနေခြင်းကြောင့် အာဏာပိုင်များ နောက်ထပ်လှုပ်ရှားမှုဖြစ်မည်ကို စိုးရိမ်နေကြသည်။ သံဃာတော်များအပါအဝင် ပြည်သူအများစုက ၂၀၀၈ အခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေကောက်ပွဲအပေါ် မည်သူမျှ မထောက်ခံခြင်းအပေါ် အာဏာပိုင်တွေက စိုးရိမ်ပြီး လုံခြုံရေးထပ်တိုးလာနိုင်တယ်၊ ဘုရားပေါ်မှာမဟုတ်ဘူး တခြားလူစုတက်တဲ့နေရာတွေမှာလည်း ထပ်တိုးနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။
Myanmar Newsမြန်မာ့သတင်း