BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ကုလားတန် မြို ခေါ် ခမီး အမျိုးသား ညီညွှတ်ရေးအဖွဲ က တိုင်းရင်းသား ကျေးရွာများတွင် မဲစာရင်း ကောက်ယူနေ

မြို ခေါ် ခမီး အမျိုးသား ညီညွှတ်ရေးအဖွဲ က တိုင်းရင်းသား ကျေးရွာများတွင် မဲစာရင်း ကောက်ယူနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် တောင်ပေါ် တိုင်ရင်းသား လူမျိုးစုအား ကိုယ်စား ပြုထားသည့် မြို ခေါ် ခမီး အမျိုးသား ညီညွှတ်ရေး အဖွဲ့က  ကျောက်တော်၊ မြောက်ဦး ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရှိသော၊ခမီး၊ မြို့၊ဒိုင်းနား ၊ချင်း တိုင်းရင်းသား လူမျိုးစု ကျေးရွာ များတွင် မဲစာရင်း ကောက်ယူ နေသည်ဟုသိရ...

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် တောင်ပေါ် တိုင်ရင်းသား လူမျိုးစုအား ကိုယ်စား ပြုထားသည့် မြို ခေါ် ခမီး အမျိုးသား ညီညွှတ်ရေး အဖွဲ့က  ကျောက်တော်၊ မြောက်ဦး ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရှိသော၊ခမီး၊ မြို့၊ဒိုင်းနား ၊ချင်း တိုင်းရင်းသား လူမျိုးစု ကျေးရွာ များတွင် မဲစာရင်း ကောက်ယူ နေသည်ဟုသိရသည်။

“ကျွန်တော်တို့ လူမျိုးစုတွေက အများအားဖြင့် တောင်ပေါ်ကို အမှီပြုပြီး လုပ်ကိုင် စားသောက် အသက်မွှေးဝမ်းကျောင်း ပြုနေကြတယ်ဆိုတော့ မြို့နဲ့ တော်တော့ ဝေးတဲ့ ဒေသမှာရှိသော တိုင်းရင်းသား ကျေးရွာတွေမှာ ယခုလို အချိန်ယူသွားပြီး ဥပဒေ နဲ့ အညီ  မဲပေးနိုင်တဲ့ လူစာရင်းကို ကောက်ယူ နေတာဖြစ်တယ်၊  ဘာမှလည်း ထူးထူး ထွေးထွေး မဲဆွယ်ဟောပြောတာတွေမလုပ်ပါဘူး။  ဒီလို လူစာရင်း ကောက်ယူနေတာ ကလည်း သက်ဆိုင်ရာ အာဏာပိုင်တို့ကို တိုင်းကြားပြီးမှလုပ်တာဖြစ်ကြောင်း” အဖွဲ့ဝင် ကျောင်းဆရာ အငြိမ်းစားတဦးမှပြောပြသည်။

အဖွဲဝင်နောက်တဦးကလည်း “ကျန်တော် တို့ကို ဧပြီလ ၂၈ ရက်နေ့က ၂၂ / ၂၀၁၀ ထုတ်ပြန်ချက်ဖြင့် ပါတီထူထောင်ခွင့်ပေးထားတယ်အတွက် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ အသင့်စောင့်နေတာပါ၊  ရခိုင်ပြည်နယ်မှာရှိသော တိုင်းရင်းသားလူမျိုစုတွေက များသောအားဖြင့် တောတောင်ကို အမှီပြုလုပ်ကိုင် စားသောက်နေကြတာများတယ်၊ ပညာတက်နည်းပါးပြီး၊ ဗဟုသုတအမြင်မရှိဘူး၊ တချို့ကျရင် ရွေးကောက်ပွဲ ဆိုတာဘာလဲ မဲဘယ်လိုထည့်ရမှန်း မသိရှာကြဘူး၊ ကျွန်တော်တို့က ရွေးကောက်ပွဲ ဥပဒေ များကို ရှင်းလင်း ပြောပြပေးရမယ်၊ မဲထည့်ဖို့ သင်ပေး ရမယ် အလုပ်တွေရှိသေးတယ်၊ ဒါတွေကို ကျွန်တော်တို့ဆက်လုပ်သွားမှာပါ” ဟုပြောပြခဲ့သည်။

ရခိုင်ပြည်နယ်ကို ကိုယ်စားပြုထားသော ပါတီတွေက ရွေးကောက်ပွဲနှင့်ပါတ်သက်၍ ဘာမှ လှုပ်ရှားမှု မရှိသေးသော်လည်း ကြံ့ဖွံ့ ပါတီကတော့ ရခိုင်ပြည်နယ်အနှံ့အပြားတွင် ငွေ ကြေး အမြောက်အများသုံးစွဲပြီး မဲဆွယ်ဟောပြောနေကြောင်း သိရှိရသည်။
Myanmar Newsမြန်မာ့သတင်း