အဖတ်များဆုံး
- ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ
- မလေးရှားနိုင်ငံတွင် ယူအမ် မှတ်ပုံတင်သွင်းခွင့် ထပ်ပေးသွားမည်ဟု သတင်းရရှိ
- မဲဆောက်ဒေသအတွင်း မြန်မာတောင်းစားသူ (၁၀၀)ကျော် ဖမ်းဆီးပြန်ပို့
- ရန်ကုန် မြို့နယ်အချို့ ညပိုင်းတွင် လျှပ်စစ်မီး ပိုရလာ
- ကချင် စစ်ပြေးဒုက္ခသည်များအတွက် အခြေချနေရာ တရုတ် ကြိုတင်စီစဉ်နေ
- မဲခေါင်မြစ် ရေခန်းခြောက်မှုကြောင့် မိုင်းလားမြို့ တကျော့ပြန် စည်ကား
- ၂ဝ၁ဝ နှစ်ဆန်းအတွင်း စစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှု ပိုမို လုပ်ဆောင်ခဲ့
နောက်ဆုံးသတင်း
- အန်အယ်ဒီရုံးများ ပြန်ဖွင့်ခွင့်ရ
- စာသင်ကျောင်းသစ်ဆောင်ရန် ရွာသားများ အကုန်အကျခံရ
- ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အမည်စာရင်း စစ်အစိုးရ ထုတ်ပြန်ကြေညာ
- ဒေါ်စု လွှတ်တော် ကိုယ်စားလှယ်လည်း မဖြစ်နိုင်
- အလုပ်လက်မဲ့ ဖြစ်နေသော မိန်းကလေးများ ကိုယ့်ဘဝကို ပြန်ရောင်းစားနေရ
- ရွေးကောက်ပွဲ ဥပဒေသည် ရှက်ဖွယ်ဟု ဒေါ်စု ပြောကြား
- ကချင် စစ်ပြေးဒုက္ခသည်များအတွက် အခြေချနေရာ တရုတ် ကြိုတင်စီစဉ်နေ
ListServ Subscription
| အရာရှိများ လောင်းကစားသည့်နောက် ပြည်သူများ တရိပ်ရိပ် လိုက်နေ |
| သတင်း - ကန္တာရ၀တီတိုင်း(မ်) |
| ရေးသားသူ - မော်တခဲ |
| ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 01 ရက် 2009 ခုနှစ် |
|
ကရင်နီပြည်နယ်၊ လျွှိုင်ကော်မြို့တွင်အပစ်ရပ်အဖွဲ့များမှ ဖွင့်လှစ်ထားသော လေးကောင်ဂျင်ဝိုင်းများ ၊ ဂုံးဂင်းဝိုင်းများနှင့် လောင်းကစားဝိုင်းများ၌ အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များသည် ငွေကြေးအဆမတန် လောင်းကြေးထပ်ကာ အချိန်ကုန်ခံပြီး ကစားနေကြသကဲ့သို့ ဒေသခံပြည်သူများလည်း လိုက်ပြီးကစားနေကြသည်ဟု ကစားဝိုင်းတွင် တွေ့မြင်ခဲ့သူတဦးကပြောသည်။ ၎င်းက“လေးကောင်ဂျင်ထိုးတဲ့ခါ တစ်ခါထိုးရင် ၁၀သိန်း၊ သိန်း၂၀ ၊ ပေတံနဲ့တိုင်းပြီးကစားကြတယ်” ဟုပြောသည်။ အပစ်ရပ်အဖွဲ့အစည်းများသည် ငွေကြေးအကုန်ကျခံပြီးကစား နိုင်သော်လည်း ဒေသခံပြည်သူများသည် ထိုလောင်းကစားဝိုင်းများဖွင့်လစ်သည့်နေ့များရှိသ၍ အချိန်ကုန်ခံပြီးလောင်းကြေးထပ်ကစားကြရာ မိမိလက်ထဲတွင် ငွေရှိရန်အမျိုးမျိုး ကြံဆရှာဖွေနေသောကြောင့် အိုးအိမ်များ၊ ခြံများ၊ လယ်ယာမြေများ၊ ဆိုင်ကယ်များ၊ စပါးများ အစရှိသည်များကို ပေါင်နှံရောင်းချမှုများ ပြုလုပ်နေကြ၍ မိသားစုစားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေကြရသည်ဟုဆိုသည်။ လွိုင်ကော်မြို့ရှိလောင်းကစားအခြေအနေများ သိကြွမ်းထားသူတဦးက “ ထီးစဲကလိုး ဥက္ကဌဆိုရင် စပါးပြန်ရောင်းလိုက်၊ ပြန်သွားဆော့လိုက်နဲ့ပဲ ၊ တော်တော်ကုန်နေပြီ” ဟု ပြောသည်။ ပြည်သူ/သားများသည် အလုပ်မလုပ်ခြင်တော့ပဲ အချောင်ရအချောင်စား ရသောနည်းများကိုပဲ ရှာဖွေနေကြခြင်းကြောင့် သူခိုးသူဝှက်များ ပေါများးလာကြရကြောင်း ဒီမောဆိုမြို့နယ်မှ ဆိုင်ကယ်အလုခံရသူ၏ သူငယ်ချင်းဖြစ်သူကပြောသည်။ ၎င်းက “ ဆိုင်ကယ်ကို ရပ်ပြီး ကွမ်းယာဆင်းဝယ်နေတုန်းမှာပဲ ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်” ဟုပြောသည်။ လေးကောင်ဂျင်ဝိုင်းများကို လွိုင်ကော်၊ ဒီမောဆိုနှင့် ဖရူဆိုဈေးနေ့တိုင်းဖွင့်လစ် ပေးထားကြောင်းသိရသည်။ |
