BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ခိုနူမ်းထုန် အစိုးရ အဆောက်အဦး သုံးပြီး ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေးလုပ်

အစိုးရ အဆောက်အဦး သုံးပြီး ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေးလုပ်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့ မယက ဥက္ကဌ ဦး ဂိုရှန်းထန် ဦးဆောင်မှုဖြင့်  အမှတ် (၂) မဲရုံနယ် မြေရှိ အစိုးရ မူလတန်းကျောင်း ဆောင်တွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ကြံ့ဖွံ့ (ယူအက်စ်ဒီပီ)  ပါတီ မဲပေးရေးအတွက် လူထုစည်းရုံးရေး ပြုလုပ်....

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့ မယက ဥက္ကဌ ဦး ဂိုရှန်းထန် ဦးဆောင်မှုဖြင့်  အမှတ် (၂) မဲရုံနယ် မြေရှိ အစိုးရ မူလတန်းကျောင်း ဆောင်တွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ကြံ့ဖွံ့ (ယူအက်စ်ဒီပီ)  ပါတီ မဲပေးရေးအတွက် လူထုစည်းရုံးရေး ပြုလုပ်သွားသည်ဟု သိရသည်။

“စည်းဝေးပွဲကို တနင်္လာနေ့ မနက် ၁၀ နာရီကနေ ညနေ ၂ နာရီထိ ပြုလုပ်တယ်။ မူလတန်းကျောင်းကိုတော့ ပိတ်လိုက်တာပေါ့။ လူထု ၇၀၀ ခန့် တက်ရောက်တယ်။ အဓိကတော့ ကြံ့ဖွံ့ပါတီကို မဲပေးထောက်ခံကြဖို့နှင့် ကြံ့ဖွံ့ပါတီမှာ ၀င်ရောက်ကြဖို့ ဟောပြောတာပါ”  ဟု အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။

အစည်းအဝေး တက်ရောက်သူ အားလုံးကို လက်မှတ်ရေးထိုးခိုင်းကြောင်း၊ အစည်းအဝေး လုံခြုံရေးအတွက် စစ်တပ်၊ ပြည်သူ့ရဲ၊ အရံမီးသတ်တွေကတာ ၀န်ယူထားကြောင်း ဆိုသည်။

အလားတူ သြဂုတ်လ တရက်နေ့ကလည်း ရိဒ်ခေါ်ဒါရ် အမှတ် (၁) မဲရုံဒေသတွင်လည်း အဆိုပါ ဥက္ကဌက စည်းရုံးရေး လုပ်သွားသေးသည်ဟု ထပ်မံ သိရသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး အဆိုပါ ဒေသရှိ တစည ပါတီဝင် တဦးက “အစိုးရ အဆောက်အဦးတွေ၊ ဘော်လုံးကွင်းတွေ အသုံးမပြုရဘူး ဆိုပြီး သူတို့က ဥပဒေ ထုတ်ထားတယ်။ သူတို့က ပြန်ဖောက်တယ်။ ဘာပဲဖြစ်ဖြစ် ယူအက်စ်ဒီအေက သူတို့ လုပ်တာပဲ”  ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွန်ကြားချက် အမှတ် ၂∕၂၀၁၀ ရှိ အပိုဒ်၉ (ဃ) (၁) တွင် အစိုးရရုံးများ၊ အဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံနှင့် အလုပ်ဌာနများ၊ ဈေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့် ဆိုင်သည့် နေရာများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ဆေးရုံများ စသည့် လူစုလူဝေး ရှိသည့် နေရာများကို အနှောက် အယှက် မဖြစ်စေရန်ဟု ပြဌာန်းထားသည်။

၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ဦးနေ၀င်း ဦးဆောင်သည့် မဆလ စစ်အစိုးရက တိုင်းရင်းသား စည်းလုံး ညီညွတ်ပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း  လွတ်တော်ကိုယ်စားလှယ် တဦးသာ ရရှိခဲ့သည်။ ယခုအခါ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရက ကြံ့ဖွံ့ပါတီကို တည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း