BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ကေအဲန်ဂျီ ကချင် စစ်ပြေးဒုက္ခသည်များအတွက် အခြေချနေရာ တရုတ် ကြိုတင်စီစဉ်နေ

ကချင် စစ်ပြေးဒုက္ခသည်များအတွက် အခြေချနေရာ တရုတ် ကြိုတင်စီစဉ်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့စစ်အစိုးရကြား နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းဆွေးနွေးလို့ အဖြေ မရခင်မှာ  နှစ်ဖက်ကြား ပြည်တွင်း စစ်ပြန်ဖြစ်လာရင်  ထွက်ပေါ်လာမည့် ကချင်စစ်ပြေးများ ...

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့စစ်အစိုးရကြား နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းဆွေးနွေးလို့ အဖြေ မရခင်မှာ  နှစ်ဖက်ကြား ပြည်တွင်း စစ်ပြန်ဖြစ်လာရင်  ထွက်ပေါ်လာမည့် ကချင်စစ်ပြေးများအတွက် ဒုက္ခသည် စခန်းများကို တရုတ်အစိုးရ ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တရုတ် အစိုးရ စီစဉ်နေတဲ့ ကချင်ဒုက္ခသည်များ အခြေချရန် နေရာဖေဖ၀ါရီလကုန်ပိုင်းကနေစပြီး ဒုက္ခသည်စခန်းများကို ကချင်ပြည်နယ်နဲ့ထိစပ်တဲ့ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ Long Chuan ချောင်းတလျှောက် လွင်ပြင်တွေမှာ စီစဉ် ပြုလုပ်ရန်ပြင်ဆင်နေကြောင်း တရုတ်နယ်စပ်ဒေသခံ တွေက ပြောပါတယ်။

နယ်စပ်တရုတ်အာဏာပိုင်များအဆိုရ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းသို့ ရောက်လာသူများကို အစိုးရမှ ဆန်ထုတ်ပေးတဲ့ပြင် ဒုက္ခသည်တဦးကို တနေ့ ယွန်ငွေ ၈ ယွန် ထုတ်ပေးရန် စီစဉ်နေတယ်လို့ သိရပါတယ်။


Myanmar Newsမြန်မာ့သတင်း