BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း နိရဉ္စရာ မြန်မာသို့ ဓါတ်မြေသြဇာ မှောင်ခိုတင်ပို့သူ ဘင်္ဂလီ ၁၆ ဦးကို ထောင် ၇ နှစ်စီ ချမှတ်

မြန်မာသို့ ဓါတ်မြေသြဇာ မှောင်ခိုတင်ပို့သူ ဘင်္ဂလီ ၁၆ ဦးကို ထောင် ၇ နှစ်စီ ချမှတ်

ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ထုတ်လုပ်သော ဓါတ်မြေသြဇာများကို မြန်မာနိုင်ငံသို့ မှောင်ခို တင်ပို့မူကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၆ ဦးကို ကော့ဘဇား ခရိုင် တရားရုံးက ထောင် ၇ နှစ်စီ ချမျတ် ...

(နိရဉ္စရာ) ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ထုတ်လုပ်သော ဓါတ်မြေသြဇာများကို မြန်မာနိုင်ငံသို့ မှောင်ခို တင်ပို့မူကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၆ ဦးကို ကော့ဘဇား ခရိုင် တရားရုံးက ထောင် ၇ နှစ်စီ ချမျတ်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ စီရင်ချက်ကို လွန်ခဲ့သော ကြာသပတေးနေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

သူတို့ ၁၆ ဦးအား ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဓါတ်မြေသြဇာ တန်ချိန် ၁၆၀ နှင့် အတူ မြန်မာဘက်သို့ တင်ပို့စဉ် တက်ကနက် မြို့နယ်အတွင်း ၂၀၀၃ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီး ၇ နှစ်အကြာတွင် သူတို့အား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဓါတ်မြေသြဇာ ရှားပါးပြီး ဈေးကောင်းကောင်း ရသဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ထုတ်လုပ်သော ဓါတ်မြေသြဇာများကို စီးပွားရေး သမားများမှ ရေလမ်းကြောင်းမှ တဆင့် မြန်မာနိုင်ငံသို့ မှောင်ခို တင်ပို့ကြသည်။

ထိုသို့ မှောင်ခိုတင်ပို့ ကြသဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် တောင်သူလယ်သမားများ လိုအပ်သော ဓါတ်မြေသြဇာများ ရှားပါးပြီး ဈေးနုန်းများ မြင့်တက်လာခဲ့သဖြင့် မြန်မာသို့ မှောင်ခို ဓါတ်မြေသြဇာ တင်ပို့သူများကို အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ဘင်္ဂလီ တောင်သူလယ်သမားများ ဖေါဖေါသီသီ အသုံးပြုနိုင်ရန် အတွက် ပြည်တွင်း၌ ဓါတ်မြေသြဇာများကိုသာ ထုတ်လုပ်သည်သာမက နိုင်ငံခြားမှလည်း မှာယူတင်သွင်းပြီး လျော့ဈေးဖြင့် အရှုံးခံကာ ရောင်းချပေးသည်။

ထိုကဲ့သို့ ရောင်းချပေးသည်အပေါ် စီးပွားရေး သမားများက အခွင့်ကောင်းယူပြီး အဆိုပါ ဓါတ်မြေသြဇာများကို မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့ ကြသည်။

လက်ရှိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အကောင်းဆုံး ယူရီး ဓါတ်မြေသြဇာ တအိတ်မှာ တာကာ ၇၅၀ ( ကျပ် ၁၁၂၅၀ ခန့်) ရှိပြီး မြန်မာနိုင်ငံတွင် ကျပ် ၃၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

Myanmar Newsမြန်မာ့သတင်း